Home သတင်း ‌လော်ခီးလာအစည်းအ‌ဝေးမှ ပြင်ဆင်လိုက်‌သော အပစ်ရပ်စာချုပ်ပါ အချက်များကို MPC အား ‌ပေးအပ်

‌လော်ခီးလာအစည်းအ‌ဝေးမှ ပြင်ဆင်လိုက်‌သော အပစ်ရပ်စာချုပ်ပါ အချက်များကို MPC အား ‌ပေးအပ်

1398
ဓာတ်ပုံ-ညိုအုန်းမြင့် ‌ဖေ့စ်ဘွတ်

ဇွန် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာညှိနှိုင်း‌ရေးအဖွဲ့(NCCT)က ‌လော်ခီးလာအစည်းအ‌ဝေးမှ ပြင်ဆင် လိုက်‌သော အပစ်ရပ်စာချုပ်(မူကြမ်း)ပါ အချက်များကို မြန်မာငြိမ်းချမ်း‌ရေးစင်တာ(MPC)အား ယ‌နေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ‌တွေ့ဆုံပွဲတွင် ‌ပေးအပ်လိုက်သည်ဟု (NCCT)အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ရဲ့ ပြင်ဆင်ချက်‌တွေကို သူတို့ကို ‌ပေးလိုက်တယ်။ ပြီး‌တော့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့တယ်ဆိုတာကိုလည်း ‌ပြောလိုက်တယ်။ ‌လော်ခီးလာအစည်းအ‌ဝေးရဲ့ အ‌ခြေအ‌နေကို သူတို့ သိချင်တာပါ။ အဲဒီအချက်‌တွေကို ဦး‌အောင်မင်းတို့ကို တင်ပြမှာ‌ပေါ့ဗျာ။ ပြီး‌တော့မှ ‌နောက်ထပ် ‌တွေ့ဆုံနိုင်‌ရေး အစီအစဉ် လုပ်နိုင်‌အောင် ‌တွေ့ဆုံတဲ့သ‌ဘောပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်‌မြေ၌ ဇွန်လ ၂ရက်‌နေ့မှ ၉ရက်‌နေ့အထိ ကျင်းပ‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေး၌ ယခုနှစ် မတ်လက အစိုးရနှင့် တိုင်းရင်းသား အဖွဲ့တို့အကြား သ‌ဘောတူ လက်မှတ်‌ရေးထိုးထားသည့် အပစ်ရပ်စာချုပ်(မူကြမ်း)ပါ အချက် ၁၅ချက်ကို ပြင်ဆင်ဖြည့်စွက်လိုက်သည့်အ‌ပေါ် ယခုလို ‌တွေ့ဆုံခြင်းဖြစ်သည်။

MPC အဖွဲ့‌ခေါင်း‌ဆောင်ဖြစ်သူ ဦးလှ‌မောင်‌ရွှေက “ကျ‌နော်တို့က အလုပ်အဖွဲ့ဆို‌တော့။ ဒီက သူတို့ထပ်ပြီး ‌ဆွေး‌နွေးဖြစ်တဲ့ အချက်အလက်‌တွေကို လာယူပြီး‌တော့ ဝန်ကြီးဦး‌အောင်မင်းတို့ကို ပြန်ပြီးတင်ပြဖို့ပါပဲ။ ‌လော‌လောဆယ်‌တော့(ထပ်မံ‌တွေ့ဆုံနိုင်‌ရေး) ဝန်ကြီးဦး‌အောင်မင်းတို့ပဲ ဆုံးဖြတ်ပါလိမ့်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် MPC အ‌နေဖြင့် ‌လော်ခီးလာအစည်းအ‌ဝေး၌ ဖွဲ့စည်းလိုက်‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်း‌ရေး ကိုယ်စားလှယ်အဖွဲ့ (Senior Dlegation for Nationwide Ceasefire Negotiation (EAOs Senior Delegation)တို့နှင့် ‌တွေ့ဆုံနိုင်ရန် မလွယ်ကူ‌သေးသလို NCCT အဖွဲ့နှင့် ဆက်သွားနိုင်ရန်လည်း နည်းလမ်းရှာရမည့် အ‌ခြေအ‌နေ ရှိ‌ကြောင်း ဦးလှ‌မောင်‌ရွှေက ဆက်‌ပြောသည်။

ယ‌နေ့‌တွေ့ဆုံပွဲသို့ နိုင်ဟံသာ ဦး‌ဆောင်‌သော NCCT ကိုယ်စားလှယ် (၅)ဦးနှင့် ဦးလှ‌မောင်‌ရွှေ ပါဝင်သည့် MPC ကိုယ်စားလှယ် (၅)ဦးတို့က တက်‌ရောက်ခဲ့‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။