Home သတင်း ‌ကော့ရင်း‌ဒေသခံများအတွက် နယ်စပ်အကူအညီ‌ပေး‌ရေးအဖွဲ့များ အ‌ရေး‌ပေါ်ကူညီ

‌ကော့ရင်း‌ဒေသခံများအတွက် နယ်စပ်အကူအညီ‌ပေး‌ရေးအဖွဲ့များ အ‌ရေး‌ပေါ်ကူညီ

1527

ဇွန် ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်ကျန်းမာ‌ရေးအဖွဲ့အစည်း အများစုဖြင့် ဖွဲ့စည်းထားသည့် Emergency Assistant and Relief Team (EART) အ‌ရေး‌ပေါ် အကူအညီ‌ပေး‌ရေးနှင့် ကယ်ဆယ်‌ရေးအဖွဲ့သည် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အထက်‌ကော့ရင်း‌ကျေးရွာ အုပ်စု၊ ‌မောင်က‌လေးရွာသစ်ရှိ အိုးအိမ်မဲ့ ဒုက္ခ‌ရောက်‌နေသူများအတွက် ဇွန်လ ၂၇ရက်‌နေ့က စားနပ်ရိက္ခာ၊ ‌ဆေးဝါးနှင့် အသုံးအ ‌ဆောင်ပစ္စည်းများ ‌ပေးအပ်ခဲ့သည်။

အဆိုပါအဖွဲ့သည် အ‌ရေး‌ပေါ် အကူအညီအတွက် ဆန်အိတ် ၂၀၊ ခြင်‌ထောင်အလုံး ၁၀၀၊ ‌စောင်အထည် ၁၀ဝနှင့် စားသုံးဆီအ ပြင် က‌လေးဝတ်အကျင်္ီများ၊ လုံချည်များ၊ ‌ဆေးဝါးနှင့် ရိက္ခာ‌ခြောက်များကို အကူအညီ‌ပေးခဲ့ခြင်းဖြစ်သည်ဟု (EART)အဖွဲ့ဝင်ဖြစ် သည့် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)မှ ရုံးမန်‌နေဂျာ စမိုးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌လော‌လောဆယ် မယ်‌တော်‌ဆေးခန်းနဲ့ BPHWT နှစ်ဖွဲ့က‌နေပဲ အ‌ရေး‌ပေါ်အ‌နေနဲ့ အကူအညီ‌ပေးတာ ဖြစ်ပါတယ်။ စာရင်း‌ပေး ထားချက်အရ အိမ်‌ထောင်စု ၁၀၆စုနဲ့ လူဦး‌ရေ ၅၄ဝအတွက် ဖြစ်ပါတယ်။ လက်ရှိ မြဝတီမှာ လာ‌ရောက်ခိုလှုံတဲ့ လူဦး‌ရေ ၄၇ဦး အတွက် လူကြီးတစ်ဦးကို တစ်ရက် ဆန် ၂ဗူး၊ က‌လေးကို ၁ဗူးနှုန်းနဲ့ တစ်ပတ်စာ ဆန် ၅အိတ်နဲ့ အခြားအကူအညီ‌တွေ ‌ပေးထား တယ်”ဟု စမိုးနိုင်က ‌ပြောသည်။

ယင်းတို့မှာ မယ်‌တော်‌ဆေးခန်းမှ အ‌ရေး‌ပေါ်အတွက် ထားရှိ‌သော အကူအညီများထဲမှဖြစ်ပြီး ကျန်ရှိ‌နေ‌သော အကူအညီများကို မြဝတီမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဆက်ဆံ‌ရေးရုံးတွင်ထားရှိကာ စာရင်းအရ ကျန်ရှိ‌နေသူများနှင့် ထပ်မံ လိုအပ် မည့် အကူအညီများအတွက် ‌ကော့ရင်းအထိ သွား‌ရောက်‌ပေးအပ်သွားရန် အစီအစဉ်ရှိ‌ကြောင်းလည်း သိရသည်။

‌မောင်က‌လေးရွာသား ဦး‌ရွှေသာ‌အေးက “အကူအညီ‌တွေ အခုလို လာ‌ပေးတဲ့အတွက် အများကြီးဝမ်းသာတယ်။ စားဖို့‌သောက်ဖို့ အ‌ထောက်အကူ ဖြစ်သွားတယ်။ အခုက ‌နေဖို့က သူများအိမ်မှာလာပြီး ‌နေရတယ်။ အလှူရှင်‌တွေက‌တော့ ‌နေရာရှိရင် ‌နေရာချ ထား‌ရေး လုပ်‌ပေးမယ် ‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သံလွင်မြစ်အ‌နောက်ဖက်ကမ်း၊ ဖားအံမြို့နယ်နှင့် ၁၈မိုင်ကွာ‌ဝေး‌သော အထက်‌ကော့ရင်း‌ကျေးရွာအုပ်စု၊ ‌မောင်က‌လေး‌ကျေးရွာ သစ်ရှိ ‌နေအိမ်များကို မြိုင်က‌လေးသစ်‌တောကြိုးဝိုင်းအတွင်း ကျူး‌ကျော်‌နေထိုင်သည်ဟုဆိုကာ အစိုးရဌာနဆိုင်ရာ အာဏာပိုင် များက ဇွန်လ ၂၂ရက်‌နေ့မှ စတင်ကာ ဝင်‌ရောက်ဖျက်ဆီးခဲ့သည့်အတွက် ‌ဒေသခံများ အိုးအိမ်မဲ့ဖြစ်ပြီး နီးစပ်ရာ ဘုန်းကြီး ‌ကျောင်းများနှင့် အချို့မှာ ‌ဆွေမျိုးအသိ ‌နေအိမ်များရှိရာ မြဝတီသို့ သွား‌ရောက်ခိုလှုံခဲ့ကြရသည်ဟု (EART) က ဆိုသည်။

EART ကို မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း(BMA)၊ မယ်‌တော်‌ဆေးခန်း(MTC)၊ ကရင့်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW)၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO) အပါအဝင် နယ်စပ်အ‌ခြေစိုက်ကျန်းမာ‌ရေးအဖွဲ့အစည်း ၁ဝဖွဲ့‌ကျော်ဖြင့် ၂၀၀၈ခုနှစ်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။