Home သတင်း ‌ကေအဲန်ယူ ဖားအံခရိုင်တွင် ပထမဦးဆုံး အထက်တန်း‌ကျောင်းဖွင့်လှစ်‌ပေးခဲ့

‌ကေအဲန်ယူ ဖားအံခရိုင်တွင် ပထမဦးဆုံး အထက်တန်း‌ကျောင်းဖွင့်လှစ်‌ပေးခဲ့

1222

ဇွန် ၃ဝ ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ ဖားအံခရိုင်အတွင်း ပြန့်ကျက်‌နေထိုင်ကြ‌သော ပညာဆက်လက်သင်ကြားရန် ခက်ခဲ‌နေသည့် ပြည်တွင်းစစ်‌ပြေး‌ရှောင် (IDP) က‌လေးငယ်များအတွက် ရည်ရွယ်၍ ပထမဦးဆုံး အထက်တန်း‌ကျောင်း‌ဆောင်တစ်ခုကို ဇွန် ၃ဝ ရက်‌နေ့တွင် ဖွင့်လှစ်‌ပေးလိုက်သည်။

ကရင်ပညာ‌ရေးဌာန-KED နှင့် ‌ကေအဲန်ယူ ဖားအံခရိုင်မှ တာဝန်ရှိသူ များပူး‌ပေါင်း၍ လှိုင်းဘွဲမြို့နယ်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေအတွင်း ခလန့်‌ဒေးကယ် ‌မော်‌ပေါခို့‌ဒေသ၌ အဆိုပါ အထက်တန်း‌ကျောင်း ‌ဆောင်ကို ဖွင့်လှစ်‌ပေးလိုက်ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ဖားအံခရိုင် အတွင်း‌ရေးမှူး ပဒို‌စော‌လေး‌တောက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခု ဖွင့်လှစ်လိုက်လို့ တက်‌ရောက်တဲ့ ‌ကျောင်းသား‌ကျောင်းသူအများစုဟာ တခြား‌နေရာ‌တွေမှာ အ‌ခြေခံမူလတန်း‌ကျောင်း‌တွေ ‌အောင်ပြီး‌တော့ ‌ကျောင်းဆက်မတက်နိုင်ကြတဲ့ ‌ကျောင်းသား‌တွေနဲ့ ဆက်ပြီးတက်စရာ ‌ကျောင်းမရှိ‌တော့တဲ့‌ဒေသက အရင်က စစ်‌ပြေး‌ရှောင် ‌ကျောင်သား‌တွေဖြစ်တယ်။ သူတို့အတွက် ရည်ရွယ်ဖွင့်လှစ်‌ပေးတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယခုဖွင့်လှစ်လိုက်သည့် ‌ကျောင်းတွင် လက်ရှိ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း ၂၂ဦး တက်‌ရောက်‌နေပြီး ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း ၅ဦးမှ ဦး‌ဆောင်ကာ ကရင်ပညာ‌ရေးဌာန၏ သင်ရိုးညွန်းတမ်းအတိုင်း သင်ကြား‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် အဆိုပါအထက်တန်း‌ကျောင်း‌ဆောင်၌ ယခုနှစ် စာသင်နှစ်အတွင်း ပဉ်စမတန်းမှ သတ္တမတန်း အထိသာရှိ‌သေးပြီး လာမည့်နှစ်တွင် နယ်‌မြေ‌ဒေသ‌အေးချမ်းမှုအ‌ပေါ် မူတည်၍ အထက်တန်း အတန်းဆုံးအထိ တိုးချဲ့သွားမည်ဖြစ်သည်ဟု ‌ကေအဲန်ယူ ဖားအံခရိုင်းက ဆိုသည်။

‌ကျောင်းတက်‌ရောက်‌နေသည့် သတ္တမတန်း‌ကျောင်းသားဖြစ်သူ ‌စောလှ‌ဌေးက “ကျ‌နော်တို့လူမျိုး‌တွေ ဖိနှိပ်မှု‌တွေ‌ကြောင့် ထွက်‌ပြေး‌နေကြရတယ်။ ဒီအ‌ပေါ်မှာကိုယ်က လူငယ်ဖြစ်တာ‌ကြောင့် ပညာကို တဆင့်ပြီးတဆင့် ရှာ‌ဖွေသင်ယူရမယ်။ ဒါမှ ကိုယ့်လူမျိုး‌တွေအ‌ပေါ်မှာ ပြန်အကျိုးပြုနိုင်မှာ‌လေး။ ‌ကျောင်းပြီးရင်‌တော့ အမျိုးသား‌ရေးအတွက် ပြန်ပြီး ကူညီသွားဖို့ ဆန္ဒရှိပါတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် အပစ်အခတ်ရပ်စဲကာလ‌နောက်ပိုင်း ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ ဖားအံခရိုင် အတွင်းတွင် ယခုလို အထက်တန်း‌ကျောင်း‌ဆောင် ဖွင့်လှစ်နိုင်သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။