Home သတင်း မ‌လေး‌တောင်‌ပေါ်‌ဒေသရှိ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမား (၇၇)ဦး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုရရှိ

မ‌လေး‌တောင်‌ပေါ်‌ဒေသရှိ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမား (၇၇)ဦး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုရရှိ

1629

ဇွန် ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

မ‌လေးရှားနိုင်ငံရှိ သွားလာရခက်ခဲသည့် ‌တောင်‌ပေါ်‌ဒေသများတွင် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေ‌သော ကရင်‌ရွှေ့‌ပြောင်းအလုပ် သမား (၇၇)ဦးကို မ‌လေးရှားကရင်အဖွဲ့အစည်း-MKO နှင့် Malaysian Emergency Medical Association (MEMSA)အဖွဲ့တို့ ပူး ‌ပေါင်းကာ ဇွန်လ ၁၉ရက်နှင့် ၂ဝရက်‌နေ့က ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ ကူညီ‌ဆောင်ရွက်‌ပေးခဲ့သည်ဟု သိရသည်။

MEMSA မှ ဆရာဝန်(၃)ဦးနှင့် MKO အဖွဲ့ဝင် (၄)ဦး ပါဝင်သည့်အဖွဲ့သည် မ‌လေးရှားနိုင်ငံ၊ Pahang ပြည်နယ် Sugai Jalit ‌ဒေသ သို့ သွား‌ရောက်ကာ ထို‌ဒေသရှိ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများကို ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း MKO အတွင်း‌ရေးမှူး ‌စောထွန်းဝင်းက ယခုလို ‌ပြောသည်။

“အဓိက က‌တော့ အဲဒီ‌ဒေသမှာ သွားလာရအခက်အခဲရှိပြီး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အားနည်း‌နေတဲ့‌နေရာဖြစ်တယ်။ ကရင် လည်း အများစုရှိတဲ့အတွက်‌ကြောင့် ဖြစ်ပါတယ်။ ‌နောက်ပြီး ဒီဟာက ကျ‌နော်တို့ MKO ရဲ့ လုပ်ငန်းစဉ်တစ်ခုထဲမှာ ပါဝင်‌နေတာ ‌ကြောင့်ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများသည် ၎င်းမ‌လေး‌တောင်‌ပေါ်‌ဒေသတွင် ပြီးခဲ့သည့် ၁ဝနှစ်ဝန်းကျင်မှစ၍ ရာဘာ၊ ဒူး ရင်း၊ ငှက်‌ပျော၊ သံပုရာများ စိုက်ပျိုးသည့်ခြံများ၌ အလုပ်လုပ်ကိုင်‌နေကြသူများဖြစ်ကြပြီး ယခုလက်ရှိတွင် ကရင်‌ရွှေ့‌ပြောင်းအ လုပ်သမား ခန့်မှန်း‌ခြေ (၁၅၀)ခန့်ရှိသည်ဟု သိရသည်။

ထိုသို့သွား‌ရောက်ရာတွင် အဆိုပါ‌ဒေသရှိ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်‌နေသည့် စိုက်ပျိုး‌ရေးခြံ (၃)ခုတွင် ကျန်းမာ‌ရေး စစ်‌ဆေး‌ပေးမှုများနှင့်အတူ အဓိကအားဖြင့် သွားနှင့် ခံတွင်းဆိုင်ရာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများကို ပြုလုပ်‌ပေးခဲ့ ပြီး လိုအပ်သည့် ‌ဆေးဝါးများကိုလည်း ကူညီ‌ပေးခဲ့သည်။ ထို့အပြင် ၎င်း‌ဒေသ၌ ငှက်ဖျား‌ရောဂါ အဖြစ်များပြီး လမ်းပန်းဆက် သွယ်‌ရေးနှင့် ‌ငွေ‌ကြေးအခက်အခဲများ‌ကြောင့် ‌ရောဂါကုသမှုအတွက် ခက်ခဲမှု များစွာရှိ‌နေ‌သေး‌ကြောင်းလည်း ကရင်အလုပ်သ မားများက ‌ပြောသည်။

၎င်း‌ဒေသတွင် အလုပ်လုပ်‌နေသူ ‌စော‌မောင်စိုးက “ကျ‌နော်တို့ကို အခုလို လာကူညီ‌ပေးတာ ဘာမှမရှိတာထက်စာရင် အများကြီး သက်သာတာ‌ပေါ့။ သူတို့အ‌နေနဲ့လည်း တတ်နိုင်သ‌လောက် တနှစ်ကို အနည်းဆုံး တစ်ကြိမ်‌လောက် လာဖြစ်တယ်။ ဒီထက်မက ပိုလုပ်နိုင်ရင်‌ကောင်းတာ‌ပေါ့”ဟု ‌ပြောသည်။

မ‌လေးရှားကရင်အဖွဲ့အစည်း (Malaysia Karen Organization-MKO)ကို Malaysia Karen Youth Organization (MKYO)အ ဖွဲ့မှ ၂၀၀၅ခုနှစ်တွင် ပြန်လည် ‌ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ‌ဒေသမှ ‌ရွှေ့‌ပြောင်းကရင်အလုပ်သမားများကို ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများ (၅)ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။