Home သတင်း ဒုတိယအဆင့် တိုင်းရင်းသားကျန်းမာ‌ရေးလုပ်သား မြှင့်တင်‌ရေးသင်တန်းဆင်းပြီး

ဒုတိယအဆင့် တိုင်းရင်းသားကျန်းမာ‌ရေးလုပ်သား မြှင့်တင်‌ရေးသင်တန်းဆင်းပြီး

1596

ဇွန် ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း(Burma Medical Association-BMA)ဦးစီး၍ အစိုးရ၏ လက်လှမ်းမမှီ‌သော တိုင်းရင်း သား‌ဒေသများအတွင်း ကျန်းမာ‌ရေးဆိုင်ရာ ဝန်‌ဆောင်မှုများ‌ပေးနိုင်ရန် ရည်ရွယ်ပို့ချ‌ပေးသည့် ဒုတိယအဆင့် ကျန်းမာ‌ရေး လုပ်သား မြှင့်တင်‌ရေးသင်တန်းဆင်းပွဲကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသရှိ BMA သင်တန်းပို့ချ‌ရေး ဗဟိုဌာနတွင် ယ‌နေ့ ကျင်းပခဲ့သည်။

တိုင်းရင်းသား‌ဒေသများအတွင်း ကျန်းမာ‌ရေးဆိုင်ရာ ဝန်‌ဆောင်မှုများနှင့် ကျန်းမာ‌ရေးစနစ်များ ပိုမိုဖွံ့ဖြိုး တိုးတက်‌စေရန်၊ ပိုမို‌ကောင်းမွန်‌စေရန်အတွက် လိုအပ်သည့် ကျန်းမာ‌ရေးဆိုင်ရာ လူသားအရင်းအမြစ်များကို ‌မွေးထုတ်‌ပေးနိုင်ရန် ယခင်နှစ် စက်တင်ဘာလမှ ယခုနှစ် ဇွန်လအထိ ဆယ်လကြာ သင်တန်းပို့ချပြီး‌နောက် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု BMA ညွန်ကြား‌ရေးမှူး ‌စော‌နေထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ တိုင်းရင်းသား‌တွေ ‌မျှော်လင့်‌နေတဲ့၊ ကြိုးပမ်း‌နေတဲ့ ကျန်းမာ‌ရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု‌လျှော့ချတဲ့ ကျန်းမာ‌ရေး စနစ်ကို သွားနိုင်ဖု့ိ ဒီလိုသင်တန်းမျိုး‌တွေများများလုပ်ဖို့ လိုအပ်တယ်။ လုပ်ဖို့လည်း ရှိပါတယ်။ ‌နောက်ပြီး ကျ‌နော်တို့ သင် ယူ‌မွေးထုတ်‌ပေးလိုက်တဲ့ ကျန်းမာ‌ရေးလုပ်သား‌တွေက တိုင်းရင်းသား‌ဒေသ‌တွေကပဲ ဆို‌တော့ သူတို့‌ဒေသ‌တွေအတွက် ကျန်းမာ‌ရေးဝန်‌ဆောင်မှုကို များစွာအ‌ထောက်အကူပြုပါတယ်”ဟု ‌စော‌နေထူးက ‌ပြောသည်။

ယင်းသင်တန်းသို့ ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြစ်သည့် မယ်‌တော်‌ဆေးခန်း(MTC)၊ နယ် လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPWHT)၊ BMA တို့မှ ကရင်၊ ကရင်နီ(ကယား)၊ ကချင်၊ ပအိုဝ်း၊ ရှမ်း(သျှမ်း)၊ ပ‌လောင် အပါအဝင် ကျန်းမာ‌ရေးလုပ်သား စုစု‌ပေါင်း ၄၃ဦး တက်‌ရောက်ခဲ့ကြပြီး သင်တန်းဆရာ ၁ဝဦးဖြင့် သင်ကြားပို့ချခဲ့ ခြင်း ဖြစ်သည်။
IMGP0626
သင်တန်းတွင် သင်တန်းသူ၊ သင်တန်းသားများကို ‌ရောဂါရှာ‌ဖွေခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ မိခင်နှင့် က‌လေး ကျန်းမာ‌ရေး ‌စောင့်‌ရှောက်ခြင်းများ၊ ‌ကျောင်းကျန်းမာ‌ရေးပညာ‌ပေး‌ရေးဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ကျန်းမာ‌ရေးဆိုင်ရာ အချက်အလက် များ စုစည်းမှုများ စသည်တို့ကို သင်ကြားပို့ချ‌ပေးခဲ့သည်ဟု သိရသည်။

BMA ကိုယ်စားပြုအဖြစ် သင်တန်းတက်‌ရောက်ခဲ့သူ ‌စော‌နေဇာလင်းက “ဒီသင်တန်းက‌နေ လူနာ‌တွေကို ကုသတဲ့‌နေရာမှာ လိုအပ်တဲ့အပိုင်း‌တွေကို ပိုပြီးနားလည်လာတယ်။ ‌နောက်ပြီး ကျ‌နော်တတ်ထားတဲ့ ‌ဆေးပညာရပ်နဲ့ ‌ဆေးကုသမှု လက်လှမ်း မမှီတဲ့ ပြည်သူ‌တွေကို လိုအပ်ရင် လိုအပ်သလို အ‌ကောင်းဆုံး အသုံးချလုပ်‌ဆောင်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း(BMA)က ဦးစီး၍ ဒုတိယအဆင့် ကျန်းမာ‌ရေးလုပ်သားမြှင့်တင်‌ရေးသင်တန်းကို ပြီးခဲ့ သည့် ၂၀၁၃ခုနှစ်က BMA သင်တန်းပို့ချ‌ရေး ဗဟိုဌာနတွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။