Home ထိပ်တန်းသတင်း ဒုက္ခသည်‌နေ့တွင် ဆစ်ဒနီ၌ စစ်‌ဘေး‌ရှောင် IDP များအတွက် ရန်ပုံ‌ငွေ‌ဈေး‌ရောင်းပွဲ‌တော် ပြုလုပ်

ဒုက္ခသည်‌နေ့တွင် ဆစ်ဒနီ၌ စစ်‌ဘေး‌ရှောင် IDP များအတွက် ရန်ပုံ‌ငွေ‌ဈေး‌ရောင်းပွဲ‌တော် ပြုလုပ်

1763

ဇွန် ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ဩစ‌တြေးလျား ကရင်အဖွဲ့အစည်း-AKO က ဦး‌ဆောင်၍ စစ်‌ပြေး‌ရှောင် IDP (အိုးအိမ်စွန့်ခွာ ဒုက္ခသည်)များအတွက် ရည်ရွယ် ကာ ရန်ပုံ‌ငွေရှာသည့် ‌ဈေး‌ရောင်းပွဲ‌တော်တစ်ခုကို ယ‌နေ့ ကျ‌ရောက်‌သော ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် ဩစ‌တြေးလျားနိုင်ငံ ဆစ် ဒနီမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

AKO ဥက္ကဋ္ဌ ‌စောလွင်ဦးက “ကျ‌နော်တို့ ဒီကမ္ဘာ့ဒုက္ခသည်များ‌နေ့မှာ ဒုက္ခသည်အ‌ရေး ကူညီ‌ဆောင်ရွက်‌ပေးတဲ့ အဖွဲ့အစည်း‌တွေ၊ အစိုးရအဖွဲ့ဝင်‌တွေကို ဖိတ်‌ခေါ်တယ်။ ပြီး‌တော့ ဒီလိုပွဲ‌လေး‌တွေ စီစဉ်‌ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေကို ဖိအား‌ပေးဖို့ နဲ့ NGO ‌တွေရဲ့ မြန်မာအစိုးရနဲ့ ဝင်‌ရောက်ပူး‌ပေါင်းလုပ်‌ဆောင်တဲ့ မှားယွင်းတဲ့‌ပေါ်လစီ‌တွေကို ဒုက္ခသည်အ‌ရေး ‌ဆောင်ရွက်‌ပေး တဲ့ အဖွဲ့အစည်းနဲ့ UNHCR လို အဖွဲ့အစည်း‌တွေကို နား‌ပေါက်‌အောင် ‌ပြောပြတာလည်း ဖြစ်ပါတယ်”ဟု ‌ကေအိုုင်စီသို့‌ပြောသည်။

၎င်း‌ဈေး‌ရောင်းပွဲ‌တော်မှ ရရှိသည့် ရန်ပုံ‌ငွေများကို ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၏ ထိန်းချုပ်နယ်‌မြေဖြစ်‌သော တပ်မ ဟာ(၂)‌ဒေသရှိ စစ်‌ပြေး‌ရှောင် IDP များအတွက် လိုအပ်သည့် အ‌ထောက်အပံ့များကို ရရှိသည့်ရန်ပုံ‌ငွေအ‌ပေါ် မူတည်၍တတ်နိုင် သမျှ အဓိက ကူညီ‌ပေးသွားမည်ဖြစ်သည်ဟုလည်း ‌စောလွင်ဦးက ဆက်‌ပြောသည်။

မနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီအထိ ပြုလုပ်ခဲ့သည့် အဆိုပါ ‌ဈေး‌ရောင်းပွဲ‌တော်တွင် ဩစ‌တြေးလျား‌ရောက် မြန်မာတိုင်းရင်းသား ဒုက္ခသည်များ စု‌ပေါင်း၍ ၎င်းတို့၏ ရိုးရာအစားအ‌သောက်များနှင့် ရိုးရာအဝတ်အထည်များကို ‌ရောင်းချကြပြီး ဩစ‌တြေးလျား ကချင်အဖွဲ့အစည်း၊ ဩစ‌တြေးလျား မွန်အဖွဲ့အစည်း၊ ဩစ‌တြေးလျား‌ရောက် ABSDF အဖွဲ့ဝင်များ၊ Burma office Sydney အဖွဲ့ နှင့် ဩစ‌တြေးလျား နိုင်ငံ‌ရေးပါတီများဖြစ်ကြသည့် ‌လေဘာပါတီနှင့် လစ်ဘရယ်ပါတီဝင်များ၊ ဩစ‌တြေးလျား‌ကောင်စစ်ဝန်အချို့ အပါအဝင် စုစု‌ပေါင်းလူဦး‌ရေ ၂၀၀‌ကျော် သွား‌ရောက်အား‌ပေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် AKO အဖွဲ့ဝင် ‌စော‌ကျော်ခွီးက “ဒီ‌နေ့ဒုက္ခသည်များ‌နေ့မှာ ကျ‌နော်‌ပြောချင်တာက မြန်မာအစိုးရ‌ဖော်‌ဆောင်‌နေတဲ့ ငြိမ်း ချမ်း‌ရေးဖြစ်စဉ်က ကွက်ကြားငြိမ်းချမ်း‌ရေးပုံစံ ဖြစ်‌နေတဲ့အတွက် ဒုက္ခသည်အ‌ရေအတွက်က နည်းမလာတဲ့အပြင် ပိုပြီးတိုးလာ တာ‌ကြောင့် ဒီငြိမ်းချမ်း‌ရေးက စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး မဟုတ်ဘူးဆိုတာကို ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၀ဝခုနှစ်၊ ဒီဇင်ဘာလ ၄ရက်‌နေ့က ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံက ဇွန်လ ၂ဝရက် ‌နေ့ကို ကမ္ဘာ့ဒုက္ခသည်များ‌နေ့အဖြစ် သတ်မှတ်ရန် စတင် အတည်ပြုခဲ့ပြီး ၂၀၀၁ခုနှစ်မှစ၍ ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို ကမ္ဘာ့နိုင်ငံ တဝှမ်း၌ ကျင်းပလာခဲ့ခြင်းဖြစ်သည်။

AKO အ‌နေဖြင့် ၂၀၀၉ခုနှစ်မှ စ၍ ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို နှစ်စဉ်ကျင်းပလာသကဲ့သို့ ယ‌နေ့ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည် များ‌နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌လည်း အသီးသီး ကျင်းပခဲ့ကြသည်။