Home ထိပ်တန်းသတင်း ဒုက္ခသည်များအား ‌နေရပ်ကို အတင်းပြန်ပို့မည်မဟုတ် ထိုင်းနိုင်ငံဆိုင်ရာ အ‌မေရိကန်သံအမတ်‌ပြော

ဒုက္ခသည်များအား ‌နေရပ်ကို အတင်းပြန်ပို့မည်မဟုတ် ထိုင်းနိုင်ငံဆိုင်ရာ အ‌မေရိကန်သံအမတ်‌ပြော

1583

ဇွန် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းနိုင်ငံဆိုင်ရာ အ‌မေရိကန်သံအမတ် Mr. Patrick Murphy က ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်အ‌ရေး ‌ဖြေရှင်းရာတွင် ‌နေရပ်ပြန်‌ရေးသည် အသင့်‌တော်ဆုံးဖြစ်‌သော်လည်း ၎င်းတို့ဆန္ဒမပါဘဲ အတင်းအကြပ် ပြန်ပို့မည်မဟုတ်‌ကြောင်း ယမန်‌နေ့က မယ်လဒုက္ခသည်စခန်းသို့ သွား‌ရောက်ခဲ့စဉ် ‌ပြောကြားခဲ့သည်ဟု စခန်းဥက္ကဋ္ဌ ‌စော‌အောနက်က ‌ပြောသည်။

“ဒုက္ခသည်ပြဿနာ‌ဖြေရှင်းရမှာ ကိုယ့်အိမ်ကိုယ်ပြန်တာက အ‌ကောင်းဆုံးနည်းလမ်းပါပဲ။ အကယ်၍ အမှန်တကယ် ငြိမ်းချမ်း ‌ရေးရှိပြီဆိုရင် တစ်ဦးတစ်‌ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အ‌ပေါ်မှာပဲ မူတည်ပါတယ်။ အတင်းအဓမ္မ ပြန်ပို့မှာ‌တော့ မဟုတ်ပါ ဘူးလို့ ‌ပြောတယ်။ အခု အ‌ခြေအ‌နေက ဒုက္ခသည်‌တွေကို ပြန်ပို့ဖို့ အချိန်မတန်‌သေးတဲ့အ‌ကြောင်း ကျ‌နော်တို့က ပြန်‌ပြောပါ တယ်״ဟု ‌စော‌အောနက်က ‌ကေအိုင်စီသို့ တဆင့် ပြန်လည်‌ပြောပြသည်။

ထို့အပြင် ဒုက္ခသည်များ၏ အ‌ခြေအ‌နေ၊ စားနပ်ရိက္ခာ လည်ပတ်မှုနှင့် ‌နေရာပြန်လည်ချထား‌ရေး အစီအစဉ်အ‌ပေါ် ဒုက္ခသည်များ ၏ စိုးရိမ်မှုများကို ‌ဆွေး‌နွေးခဲ့သလို စခန်းရှိ အ‌မေရိကန် အစိုးရက ‌ထောက်ပံ့‌ပေးထားသည့် AMI ‌ဆေးရုံကိုလည်း သံအမတ်က သွား‌ရောက်‌လေ့လာခဲ့သည်ဟု သူက ဆက်‌ပြောသည်။

သံအမတ် Mr. Patrick Murphyနှင့်အဖွဲ့သည် နယ်စပ်ရှိ မြန်မာ့အ‌ရေး‌ဆောင်ရွက်သူများနှင့် ‌တွေ့ဆုံရန် ယမန်‌နေ့မနက်က မဲ‌ဆောက်မြို့သို့ ‌ရောက်ရှိလာခဲ့ပြီး ‌နေ့လည်ပိုင်းတွင် မဲ‌ဆောက်မြို့‌မြောက်ဘက် ၆ဝကီလိုမီတာအကွာရှိ မြန်မာဒုက္ခသည် ၄‌သောင်း‌ကျော် ‌နေထိုင်‌သော မယ်လဒုက္ခသည်စခန်းကို သွား‌ရောက်‌လေ့လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းအ‌မေရိကန်သံအမတ်သည် ည‌နေပိုင်းတွင် မဲ‌ဆောက်မြို့ရှိ ‌ဒေါက်တာစင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်းနှင့် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (AAPP)ရုံးသို့လည်း သွား‌ရောက်‌လေ့လာခဲ့သည်။

AAPP အတွင်း‌ရေးမှူး ကိုတိတ်နိုင်က “အဓိကက‌တော့ နိုင်ငံ‌ရေးအကျဉ်းသားဆိုင်ရာကိစ္စ၊ လတ်တ‌လော AAPP တို့ လုပ်‌ဆောင် ချက်နဲ့ လာမယ့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ ပကတိ အ‌ခြေအ‌နေ‌တွေကို ‌ဆွေး‌နွေးဖြစ်ပါတယ်။ အခု ခရီးစဉ်က Camp (ဒုက္ခသည်စ ခန်း)ထဲကိုလာရင်း ဝင်လာတာပါ။ သူတို့နဲ့က ပုံမှန်ထိ‌တွေ့မှုက ရှိတာပါပဲ״ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ အပါအဝင် ဒုက္ခသည်စခန်း (၉)ခုတွင် လက်ရှိ ဒုက္ခသည် ၁၁၀,၀၀၀(၁သိန်း ၁‌သောင်း)‌ကျော် ခို လှုံလျှက်ရှိပြီး ထိုင်းနိုင်ငံဆိုင်ရာ အ‌မေရိကန်သံအမတ် Mr. Patrick Murphy သည် နယ်စပ်‌ဒေသရှိ ဒုက္ခသည်စခန်းတို့၏ အ‌ခြေ အ‌နေများကို ယခင်ကလည်း လာ‌ရောက်‌လေ့လာခဲ့ဖူးသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။