Home သတင်း ထိုင်းအစိုးရက ထီလက်မှတ်‌ဈေးတင်‌ရောင်းချခြင်းကို အ‌ရေးယူမှုစတင်

ထိုင်းအစိုးရက ထီလက်မှတ်‌ဈေးတင်‌ရောင်းချခြင်းကို အ‌ရေးယူမှုစတင်

2560

ဇွန် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းအစိုးရ ထီလက်မှတ်များကို သတ်မှတ်‌ဈေးထက် အဆမတန်‌ရောင်းချ‌နေသူများကို ထိုင်းအစိုးရက ယခုအပတ်မှ စတင်ကာ အ‌ရေးယူအပြစ်‌ပေးမှုများ စတင်လုပ်‌ဆောင်‌နေသည့်အတွက် ထိုင်းတစ်နိုင်ငံလုံး တွင် ထီလက်မှတ်များကို အဆမတန် ‌ရောင်းချ‌နေမှုများ ရပ်ဆိုင်းသွားပြီးဖြစ်သည်။

အစိုးရသတ်မှတ်‌ဈေးမှာ ထီလက်မှတ်တ‌စောင်လျှင် ထိုင်းဘတ်‌ငွေ ၈ဝ ဖြစ်‌သော်လည်း တဆင့်ပြန်လည် ‌ရောင်းချသူများက တ‌စောင်လျှင် ထိုင်းဘတ်‌ငွေ ၁၀ဝ မှ ၁၂ဝ ခန့် ပြန်လည်‌ရောင်းချ‌နေ‌သော‌ကြောင့် ထိုင်း အစိုးရက ပြည်သူများကို သတ်မှတ်‌ဈေးနှုန်းအတိုင်း ‌ရောင်းချရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ‌ဈေးတင် ‌ရောင်းချသူများကို အနည်းဆုံး ‌ထောင်ဒဏ် ၁လနှင့် ‌ငွေဒဏ်များ ချမှတ်လျှက်ရှိသည်။

ထိုင်းနိုင်ငံဘဏ္ဍာနှင့် အခွန်ဦးစီးဌာနမှ အရာရှိတဦးဖြစ်သူ နိုင်‌အေကချိုင်းက “ဒီအပတ်ထွက်မဲ့ ထီလက်မှတ်က‌နေစပြီး အစိုးရက သတ်မှတ်လိုက်တာဖြစ်တယ်။ အစိုးရသတ်မှတ်‌ဈေးအတိုင်း ‌ရောင်းတာ ‌တောင်မှ ‌ရောင်းချသူ‌တွေအ‌နေနဲ့ ထီတ‌စောင်ကို အမြတ်‌ငွေ ၈ဘတ်ရရှိမှာဖြစ်တဲ့အတွက် အဆမတန် ‌ဈေး တင်‌ရောင်းတာကို အစိုးရက ကန့်သတ်လိုက်တာဖြစ်တယ်”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံတွင် ထီလက်မှတ်များ ‌ဈေးတင်‌ရောင်းချသူများကို ယခုရက်ပိုင်းအတွင်း ထိုင်းအစိုးရက ဖမ်းဆီး အ‌ရေးယူမှုများရှိခဲ့သည်ကို သတင်းဌာနများက ထုတ်လွှင့်ပြသခဲ့ပြီး တနိုင်ငံလုံးရှိ ထီအ‌ရောင်း ‌ဈေးကွက်များတွင်လည်း သက်ဆိုင်ရာမှ ‌စောင့်ကြည့်‌ရေးအဖွဲ့များထားရှိကာ ‌ဈေးတင်‌ရောင်းချမှုများ ‌တွေ့ရှိ ပါက မည်သူမဆို ရဲစခန်းများသို့ အ‌ကြောင်းကြားနိုင်သည်ဟု ‌ကြေညာချက်ထုတ်ပြန်ထားသည်။
DSC08975
မြန်မာထီဝါသနာရှင်တဦးဖြစ်သည့် ကိုသိန်း‌ရွှေက “ကျ‌နော်က မြန်မာနဲ့ ထိုင်းထီကို အပတ်စဉ်ကံစမ်းပါ တယ်။ ထိုင်းနဲ့မြန်မာထီနှစ်မျိုးစလုံးကို အစိုးရက‌နေ တရားဝင်သတ်မှတ်ထားတဲ့ ‌ဈေးထက်ကို အဆမတန် ‌ဈေးနဲ့ကံစမ်း‌နေရတာ နှစ်‌ပေါင်းမနည်း‌တော့ဘူး။ ထိုင်းထီကို သူတို့အစိုးရက‌နေ ကန့်သတ်လိုက်သလို မြန်မာနိုင်ငံက ထီ‌ဈေးကိုလည်း အစိုးရက သတ်မှတ်‌ပေးနိုင်ရင်‌ကောင်းမယ်”ဟု သုံးသပ်‌ပြောဆိုသည်။

မြန်မာထီလက်မှတ်တ‌စောင်၏ အစိုးရသတ်မှတ်‌ဈေးမှာ ကျပ် ၂၀ဝ ဖြစ်‌သော်လည်း ပြင်ပတွင် မြန်မာထီ လုပ်ငန်းရှင်များ ပြန်လည်‌ရောင်းချ‌နေသည့်‌ဈေးမှာ သတ်မှတ်‌ဈေးနှုန်း၏ နှစ်ဆခန့်ဖြစ်သည်ဟု ထီဝါသနာ ရှင်များက ဆိုသည်။

ထိုင်းအစိုးရထီသည် တစ်လလျှင် နှစ်ကြိမ်ထွက်ရှိပြီး ပထမဆုကြီးမှာ ထိုင်းဘတ်‌ငွေ ၄သန်းဖြစ်ပြီး တစ်လ တစ်ကြိမ်ထွက်သည့် မြန်မာအစိုးရထီ၏ ပထမဆုမှာ ကျပ်သိန်း ၁၅၀ဝ ဖြစ်သည်။