Home သတင်း တိုင်းရင်းသားများ အစဉ်ဆက်အသုံးပြုလာသည့် ‌မြေယာပိုင်ဆိုင်မှုစနစ်ကို အသိအမှတ်ပြု ကာကွယ်‌ပေးရန် KHRG ‌ပြောဆို

တိုင်းရင်းသားများ အစဉ်ဆက်အသုံးပြုလာသည့် ‌မြေယာပိုင်ဆိုင်မှုစနစ်ကို အသိအမှတ်ပြု ကာကွယ်‌ပေးရန် KHRG ‌ပြောဆို

1994

ဇွန် ၃ဝ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရအ‌နေဖြင့် ‌မြေယာအသုံးပြုခွင့် မူဝါဒ၊ ဥပ‌ဒေများ ‌ရေးဆွဲသည့်အခါ တိုင်းရင်းသား‌ဒေသများတွင် ဘိုးစဉ် ‌ဘောင်ဆက် အသုံးပြု‌နေသည့် ‌မြေယာပိုင်ဆိုင်မှုစနတ်များကို အသိအမှတ်ပြုကာကွယ်‌ပေးရန် လိုအပ်သည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ယ‌နေ့ ဇွန် ၃ဝရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်၊ အ‌နော်ရထာလမ်းမ‌ပေါ်ရှိ Orchid ဟိုတယ်၌ ယ‌နေ့နံနက်ပိုင်းတွင် KHRG မှ ပြုစုထုတ်ပြန်သည့် မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်း၊ ‌မြေယာသိမ်းဆည်းမှုနှင့် ‌ဒေသခံတို့၏ တုံ့ပြန်မှုများဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ‌စောအဲလ်ဘတ်က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသား‌ဒေသ‌တွေမှာ ‌မြေယာပိုင်ဆိုင်မှုစနတ်က ဥပမာ လယ် ၁ဝ ဧကပိုင်တဲ့ အ‌ဖေဖြစ်သူက သားကြီး ကို လက်လွှဲ‌ပေးတယ်။ ‌နောင်တချိန်မှာ သားကြီးကလည်း သူသား၊ ဒါမှမဟုတ် သူ့သမီးတစ်ဦးဦးကို လွှဲ‌ပေး တယ်။ ဘာစာရွက်စာတမ်းမှမပါဘူး။ ဘိုးစဉ်‌ဘောင်ဆက် ဒီလိုပဲ လွှဲ‌ပေးခဲ့တယ်။ ဒါကို ‌ဆွေမျိုးသားချင်း ‌ဒေသခံ‌တွေ အားလုံးသိတယ်၊ လက်ခံတယ်။ အစိုးရအ‌နေနဲ ့ ဒါကို ‌လေးစားလိုက်နာပြီး အသိအမှတ်မပြုသ၍ ပြဿနာက ဆက်လက်ပြီး‌တော့ ဖြစ်ပွား‌နေဦးမှာပဲ”ဟု ‌စောအဲလ်ဘတ်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လက်ရှိ တိုင်းရင်းသားများ‌နေထိုင်သည့် ‌ကျေးလက်‌ဒေသများ၌ ‌မြေယာပြဿနာ အများဆုံးဖြစ်ပွားရာတွင် အစိုးရက ‌မြေလွှတ်‌မြေရိုင်းဟုဆိုကာ လုပ်ငန်းရှင်ကြီးများကို သံဃာဇာတတူး‌ဖော်ရန်၊ စိုက်ပျိုး‌ရေးအပါအဝင်စီမံ ကိန်းကြီးများ လုပ်ကိုင်ရန် ‌မြေပုံကြည့်ကာ ဧက ‌ထောင်‌သောင်းချီ ကုမ္ပဏီများကို လုပ်ပိုင်ခွင့်‌ပေးသည့်အတွက် ထို‌မြေများ‌ပေါ်တွင် ဘိုးစဉ်‌ဘောင်ဆက် ပိုင်ဆိုင်သည့် ‌ဒေသခံများအကြား ပိုင်ဆိုင်မှုအငြင်းပွားခြင်းများ ဖြစ်သည်ဟု ‌မြေသိမ်းခံရသူများကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသူများက ‌ပြောသည်။

လယ်ယာ‌မြေ အသိမ်းခံရသူများကို ကူညီလုပ်ကိုင်‌ပေး‌နေသည့် ‌တောင်ငူမြို့ခံ ‌စောဒိုထူးက “ကျ‌နော်တို့ ‌တောင်ငူနဲ့ ကရင်ပြည်နယ်ထဲမှာ အစိုးရက ကုမ္ပဏီ‌တွေကို ဧက ‌ထောင်ချီ‌ပေးလိုက်တယ်။ ကုမ္ပဏီ‌တွေက နှစ်သုံးဆယ် ဂရန်‌လျှောက်ထားတယ်‌ပြောလာတယ်။ ကုမ္ပဏီ‌တွေဆိုတာ အခုမှ‌ပေါ် လာ‌ရောက်လာတာ ဒီ‌နေရာ‌တွေမှာ ဘိုးစဉ်‌ဘောင်ဆက် ‌ဒေသခံ‌တွေ ဥယျာဉ်ခြံ လုပ်ကိုင်စား‌သောက်လာတာ နှစ်ဆယ်နဲ ့ချီရှိပြီး၊ ‌ဒေသခံ‌တွေက မသိနားမလည် ချို့တဲ့‌တော့၊ ဂရန်‌လျှောက်ရင်လဲမရတာနဲ့ စာရွက်စာတမ်းမရှိဘူး ဖြစ်‌နေတယ်။ ‌ဒေသခံ‌တွေပိုင်ဆိုင်မှုကို အသိအမှတ်ပြု‌ပေးဖို့လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၉ နာရီမှ ‌နေ့လည် ၁၁ နာရီခွဲအထိ ပြုလုပ်သည့် ယင်းအစီရင်ခံစားထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲ သို့ ပြည်တွင်း၊ ပြည်ပသတင်း‌ထောက်များ၊ ရန်ကုန်မြို့အ‌ခြေစိုက် ADB၊ EU ရုံးတို ့မှာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၁၀ဝ ခန် ့တက်‌ရောက်ပြီး အစီရင်ခံစာနှင့် ပတ်သက်သည်များကို ‌မေးမြန်းခဲ့ကြသည်။

လက်ရှိ မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းတွင်ဖြစ်ပွား‌နေသည့် ‌မြေယာသိမ်းစည်းခံရမှုများတွင် လမ်း‌ဖောက်လုပ်ခြင်း အပါအဝင် အ‌ခြေခံအ‌ဆောက်အအုံ ‌ဆောက်လုပ်ခြင်း၊ သဘာဝ သယံဇာတများတူး‌ဖော်ခြင်း၊ ရာဘာကဲ့သို ့ ‌သော စိုက်ပျိုး‌ရေးလုပ်ငန်းများနှင့် အစိုးရ၏စစ်ဘက်ဆိုင်ရာ အ‌ဆောက်အဦးများ တည်‌ဆောက်ရန် ‌မြေယာ သိမ်းဆည်းခံရမှုများ အများဆုံးဖြစ်ပွားလျက်ရှိသည်ဟု ၂ဝ၁၃ မှ ၂၀၁၅ နှစ်ဆန်းပိုင်းထိ ပြုစုထားသည့် KHRG အစီရင်ခံစာ တွင်‌ဖော်ပြထားသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လူအခွင့်အ‌ရေးဆိုင်ရာသု‌တေသန ပြုစုခြင်း၊ အစီရင်ခံစာထုတ်ပြန်ခြင်း၊ စည်းရုံးလှုပ်‌ဆော်ခြင်းနှင့် လူ့အခွင့်အ‌ရေးပညာ‌ပေးခြင်းတို့ကို နှစ်‌ပေါင်း ၂ဝ ‌ကျော်ကြာ ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်‌ကြောင်း သိရသည်။