Home သတင်း တိုင်းရင်းသား‌ခေါင်း‌ဆောင်များ အဆင့်မြင့်ညှိနှိုင်း‌ရေးအဖွဲ့ အပစ်ရပ် ‌ရှေ့လုပ်ငန်းစဉ်အတွက် ပထမဆုံးအကြိမ်‌ဆွေး‌နွေး

တိုင်းရင်းသား‌ခေါင်း‌ဆောင်များ အဆင့်မြင့်ညှိနှိုင်း‌ရေးအဖွဲ့ အပစ်ရပ် ‌ရှေ့လုပ်ငန်းစဉ်အတွက် ပထမဆုံးအကြိမ်‌ဆွေး‌နွေး

1343

ဇွန် ၁၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များဖြင့် ဖွဲ့စည်းထား‌သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် ‌ရှေ့လုပ်ငန်းစဉ်အတွက် ယ‌နေ့ ဇွန်လ ၁၃ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ‌တွေ့ဆုံကာ ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ စာချုပ်ကို သ‌ဘောတူချုပ်ဆိုနိုင်‌ရေးအတွက် အစိုးရနှင့် ‌ဆွေး ‌နွေးပွဲပြန်စကာ မည်သို့ ဆက်လက် ‌ဆွေး‌နွေးမှု ပြုလုပ်သွားရမည်ကို ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်ဟု အဆင့်မြင့်ညှိနှိုင်း‌ရေး ကိုယ် စားလှယ်အဖွဲ့‌ခေါင်း‌ဆောင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌ဆွေး‌နွေးပွဲမှာ ‌ရှေ့လုပ်ငန်းစဉ်ကို ကျမတို့ အဓိက ‌ဆွေး‌နွေးတယ်။ ‌နောက်ပြီး ကျမတို့အဖွဲ့အ‌နေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဆက်လက်‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ တိုင်ပင်‌ဆွေး‌နွေးတယ်။ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ပြန်စနိုင်ဖို့လည်း မြန်မာအစိုးရကို မြန်သထက် မြန်နိုင်‌အောင် အသိ‌ပေးအ‌ကြောင်းကြားသွားမယ်”ဟု ပဒို‌နော်စီဖိုးရာစိန်က ‌ပြောသည်။

ယင်း‌တွေ့ဆုံပွဲသို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း‌ရေး ကိုယ်စားလှယ်အဖွဲ့ ‌ခေါင်း‌ဆောင်များ အပါ အဝင် သက်ဆိုင်ရာ အဖွဲ့ဝင် အဖွဲ့အစည်းများ၏ အကြံ‌ပေးပုဂ္ဂိုလ်များ စုစု‌ပေါင်း ၂ဝခန့် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။
11419746_1601843920072322_80310735_n
အဖွဲ့ဝင် (၁၅)ဦးပါဝင်‌သော ၎င်းအဆင့်မြင့်အဖွဲ့ကို ‌ကေအဲန်ယူ၊ ဖားအံခရိုင်နယ်‌မြေရှိ ‌လော်ဟီးလာ၌ ဇွန်လ ၂ရက်မှ ၉ရက်‌နေ့အ ထိ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များအစည်းအ‌ဝေးတွင် ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌နော်စီဖိုးရာစိန်၊ ဒုအဖွဲ့‌ခေါင်း‌ဆောင်များမှာ ‌ဒေါက်တာလဂျာနှင့် ပူးဇင်ကျုံးတို့ဖြစ်ကြ သည်။

အဆိုပါအဖွဲ့တွင် NCCT ကိုယ်စားပြု ၅ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ ထိပ်သီး‌ခေါင်း ‌ဆောင် ၁ဝဦး ပါဝင်ကြကာ အဖွဲ့‌ခေါင်း‌ဆောင်သုံးဦးအပြင် ကျန်အဖွဲ့ဝင်များမှာ ခွန်မြင့်ထွန်း၊ ခိုင်စိုးနိုင်‌အောင်၊ ဗိုလ်မှူးကြီးခွန် ဥက္ကာ၊ ‌ဒေါက်တာလျှံမှုန်းဆ‌ခေါင်၊ ပဒို‌စောကွယ်ထူးဝင်း၊ ‌စောမြရာဇာလင်း၊ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွန်‌မော်၊ ခူးဦးရယ်၊ စပ်ခွန်ဆိုင်း၊ ဦးမျိုးဝင်း၊ မိုင်အိုက်ပုန်းတို့ ပါဝင်သည်။

ဇွန်လ ၁၁ရက်‌နေ့ကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့ (NCCT)မှ ၎င်းတို့၏ ထိပ်သီး ‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးတွင် ပြင်ဆင်ဖြည့်စွက်ထားသည့် တစ်နိုင်ငံလုံး အပစ်ရပ် NCA မူကြမ်းပါ အချက်များကို မြန်မာ ငြိမ်းချမ်း‌ရေးစင်တာအဖွဲ့(MPC)နှင့် ချင်းမိုင်မြို့တွင် ‌တွေ့ဆုံကာ ‌ပေးအပ်ခဲ့ပြီးဖြစ်သည်။