Home သတင်း ကရင်ပြည်နယ်တွင် ၂၀၁၄-၁၅ တက္ကသိုလ်ဝင်တန်း‌အောင်မြင်သူ သုံး‌ထောင်‌ကျော်သာရှိ

ကရင်ပြည်နယ်တွင် ၂၀၁၄-၁၅ တက္ကသိုလ်ဝင်တန်း‌အောင်မြင်သူ သုံး‌ထောင်‌ကျော်သာရှိ

1260
ဇွန် ၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် တစ်ပြည်နယ်လုံးအတွင်းရှိ ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ၁၂,၀၈၄ ဦး ဝင်‌ရောက်‌ဖြေဆိုရာ ၃,၅၇ဝ ဦးသာ ‌အောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၉ ဒဿမ ၅၄ ရာခိုင်နှုန်း(၂၉.၅၄%)သာရှိသည်ဟု ကရင်ပြည်နယ်ပညာ‌ရေးမှူးဖြစ်သူ ဦး‌အောင်‌မောင်းက ‌ပြောသည်။

“အခု ‌အောင်ချက်နည်းတာ ကျ‌နော်တို့မှာ အထက်တန်းပြ‌တွေ ‌တော်‌တော်အားနည်းတယ်။ ပြီးခဲ့တဲ့ နှစ်မှာဆို တချို့‌ကျောင်း‌တွေက ဆရာသုံး‌ယောက်‌လောက်ပဲ ရှိတယ်။ တချို့‌ကျောင်းက ဆရာ‌တွေ မရှိဘူး။ ဒီနှစ်အတွက်ဆို သက်ဆိုင်ရာပြည်နယ်တိုင်း‌တွေမှာ ချိတ်ဆက်ပြီး ရှာတယ်။ မရရင်‌တော့ ငှားရတာ‌ပေါ့။ လူငှားဖို့ ကျ‌နော်တို့ ပညာ‌ရေးဌာနက စာချုပ်နဲ့တစ်လကို ၁သိန်းခွဲ ဝန်းကျင်‌ပေါ့”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၌ ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲတွင် ‌အောင်ချက် ၃၃ ဒဿမ ဝ၁ ရာခိုင်နှုန်း(၃၃.၀၁)ရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ တက္ကသိုလ်ဝင်တန်း‌အောင်ချက်ထက် ‌လေးရာခိုင်နှုန်း ပိုမိုများပြား ‌နေခြင်းဖြစ်သည်။

ဖားအံမြို့တွင် ‌နေထိုင်သူ အငြိမ်းစား ‌ကျောင်းဆရာတစ်ဦးဖြစ်သူ မန်း‌ကျော်သိန်းက “‌ကျောင်းဆရာ/မ အားနည်းတာ‌တော့ အမှန်ပဲ။ အခုချိန်မှာ ‌ကျောင်းတိုင်းလိုလိုမှာ ‌ကျောင်းဆရာမ လုံ‌လောက်မှု‌တွေ ကြုံရတယ်။ အဲဒီ ပြဿနာကိုလည်း အစိုးရက ‌ဖြေရှင်း‌ပေးသင့်ပြီး မဟုတ်ရင် ‌ကျောင်းသား‌တွေဘက်ကလည်း နစ်နာတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် စာ‌ဖြေဌာန ၂၈ခုရှိပြီး ၂၀၁၄-၂၀၁၅ တက္ကသိုလ်ဝင်တန်းတွင် ဝင်‌ရောက်‌ဖြေဆို‌အောင်မြင်‌သော ‌ကျောင်းသားများအနက် ဘာသာစုံ ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် ၅ ဘာသာဂုဏ်ထူးရှင် ငါးဦးပါဝင်သည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဖာပွန်၊ မြဝတီ၊ ‌ကော့ကရိတ် စသည့် ခရိုင်တို့မှ ‌ကျောင်းသား ၄,၄၆၇ ဦးနှင့် ‌ကျောင်းသူ ၇,၆၁၇ ဦးတို့မှာ ၂၀၁၄-၂၀၁၅ တက္ကသိုလ် ဝင်တန်းစာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုခဲ့ခြင်းဖြစ်သည်။