Home သတင်း စစ်တပ်သီးစားချ ကိုယ်စားလှယ်များကို မူလပိုင်ရှင်လယ်သမားများ တရားစွဲမည်

စစ်တပ်သီးစားချ ကိုယ်စားလှယ်များကို မူလပိုင်ရှင်လယ်သမားများ တရားစွဲမည်

2715

ဇွန် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံ‌တေးမြို့နယ်၊ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ လယ်သမား ၁၇ဦးပိုင်၊ လယ်ဧက ၁၈ဝကို အစိုးရ က မူလပိုင်ရှင်လယ်သမားများထံ ပြန်‌ပေးထားခဲ့‌သော်လည်း အစိုးရတပ်ရင်း ၅ရင်းမှ သီးစားချ ကိုယ်စားလှယ်များက ပြန်မ အပ်ဘဲ လယ်အတွင်း ဝင်‌ရောက်ထွန်ယက်စိုက်ပျိုးခဲ့သလို သတ်မှတ်နစ်နာ‌ကြေးလည်း မ‌ပေးသည့်အတွက် တရားစွဲသွား မည်ဟု မူလပိုင်ရှင်လယ်သမားများက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

တွံ‌တေးမြို့နယ်၊ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စု၊ အ‌ဘေရွာ‌နေ မူလပိုင်လယ်သမားတစ်ဦးဖြစ်သူ ‌စောမြစိန်က “စစ်တပ်သိမ်း ထားတဲ့ အတီးလယ် ၁ဝဧကမှာ ၈ဧကပဲ ပြန်ရတယ်၊ ၂၀၁၄ နှစ်လယ်ပိုင်းက ပြန်ရတာပါ။ ဒါ‌ပေမဲ့ စစ်တပ်သီးစားချထားတဲ့ ကိုယ်စားလှယ်က ပြန်မ‌ပေးဘဲ အတင်းဝင်စိုက်တယ်။ ဒါကို ဌာနဆိုင်ရာ‌တွေနဲ့ ညှိနှိုင်း‌တော့ ဒီနှစ် လယ်လုပ်ခွင့်‌ပေးလိုက် ပါ။ အဲဒီအတွက် နစ်နာ‌ကြေးတစ်ဧကကို ၁၅တင်းနှုန်းနဲ့ သီးစားချ ကိုယ်စားလှယ်က ‌လျော်‌ကြေး‌ပေးရမယ်လို့ ‌ပြောတယ်။ အခု မရဘူး။ ဒါ‌ကြောင့်တရားစွဲမှာပါ”ဟု ‌ပြောသည်။

မူလပိုင်ရှင်လယ်သမား ၁၇ဦး ပြန်ရသည့်လယ် ၁၈ဝဧကကို အစိုးရတပ် ခမရ(၇၀၃)၊ ခလရ(၁၁၆)၊ (၄၃၆)၊ (၄၃၅)နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ သီးစားချ ကိုယ်စားလှယ်များက ပြန်မ‌ပေးဘဲ ဝင်‌ရောက်စိုက်ပျိုးခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ လွှတ်‌တော်ကိုယ်စားလှယ်များ၊ တွံ‌တေးမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မူလပိုင်ရှင်လယ်သမားများ၊ မြို့နယ်အတွင်းရှိ နိုင်ငံ‌ရေးပါတီ အချို့မှ ကိုယ်စားလှယ်များနှင့် သီးစားချ ကိုယ်စားလှယ်တို့ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၈ရက်‌နေ့တွင် ‌တွေ့ဆုံညှိ နှိုင်းခဲ့‌သေးသည်။

ထိုသို့ ညှိနှိုင်းရာတွင် စစ်တပ် သီးစားချ ကိုယ်စားလှယ်များက တစ်ရာသီ လယ်စိုက်ခွင့်ရရှိသွားပြီး မူလပိုင်ရှင်များကို နစ်နာ ‌ကြေး တစ်ဧကလျင် စပါး ၁၅တင်း‌ပေး‌ချေရန် ဆုံးဖြတ်‌ပေးခဲ့ပြီး ယင်းနစ်နာ‌ကြေး မရရှိသည့်အတွက် စစ်တပ်သီးစားချကိုယ် စားလှယ်များကို တရားစွဲရန် ၂၀၁၅ခုနှစ်၊ ဧပြီလတွင် မြို့နယ်လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်ဝင်းက ‌ပြောဆို ထားသည်ဟု မူလပိုင်ရှင်လယ်သမားများအတွက် ကူညီလုပ်ကိုင်‌ပေး‌နေသည့် တွံ‌တေးခရိုင်၊ ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ မန်း အုန်းမြင့်သိန်းက ‌ပြောသည်။

“တပ်ရင်း ၅ရင်းက သီးစားကိုယ်စားလှယ်‌တွေကို တစ်ရင်းကို လယ်သမားတစ်ဦးနှုန်းနဲ့ တာဝန်ခံပြီး‌တော့ လာမဲ့ ဇွန် ၃ဝ ရက်‌နေ့မှာ တရားသွားစွဲမယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်‌နေ့မှာလုပ်တဲ့ မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူး‌တွေ၊ လွှတ်‌တော်ကိုယ်စားလှယ် ‌တွေ၊ ပါတီ‌တွေပါတဲ့ အစည်းအ‌ဝေးမှာ တရားစွဲချင်စွဲလို့ ဆုံးဖြတ်ထားတယ်။ တရားစွဲဖို့ ‌နောက်ကျတာက‌တော့ မြို့နယ် လယ်စည်းရဲ့ ခွင့်ပြုချက်မူရင်းကို ‌တောင်းထားတာ ‌စောင့်‌နေရလို့ပါ။ ပြီးခဲ့တဲ့ အပတ်ကမှ မူရင်းရတယ်။ ဒါ‌ကြောင့် တရား စွဲတာ စလုပ်‌တော့မယ်”ဟု မန်းအုန်းမြင့်သိန်းက ‌ပြောသည်။

အဆိုပါ တွံ‌တေးမြို့နယ်၊ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ လယ်သမား ၅၅ဦးပိုင် လယ်‌မြေဧက ၆၀၀‌ကျော်ကို ၁၉၉၄ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်‌အောက်ခံ တပ်ရင်းများက သိမ်းယူခဲ့ပြီး လက်ရှိ လယ်‌မြေဧက ၃၉၀‌ကျော်သာ ပြန်ရရှိ‌သေး သလို စစ်တပ် သီးစားချကိုယ်စားလှယ်များလည်း လယ်‌မြေများ အပိုင်ရရှိသွားသူများရှိ‌နေသည်ဟု ခရိုင် ကရင်ပြည်သူ့ ပါတီက ပြုစုထား‌သော စာရင်းများအရ သိရသည်။