Home သတင်း NBF အဖွဲ့ဝင်များ တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာအားလုံး ဝင်‌ရောက်ယှဉ်ပြိုင်မည်

NBF အဖွဲ့ဝင်များ တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာအားလုံး ဝင်‌ရောက်ယှဉ်ပြိုင်မည်

1490

‌မေ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

လာမည့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ညီ‌နောင်တိုင်းရင်းသားပါတီများ ဖယ်ဒရယ်‌ရေးရှင်း(NBF) အဖွဲ့ဝင်ပါတီများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်‌ပေါင်း ၁၆၁ မြို့နယ်ရှိ တိုင်းရင်းသား‌ရေးရာဝန်ကြီး ၂၉‌နေရာကို ဝင်‌ရောက်ယှဉ်ပြိုင်အ‌ရွေး ခံမည်ဟု ‌မေလ ၂၅ရက်‌နေ့က NBF အဖွဲ့ဝင်များ၏ ၂၃ကြိမ်‌မြောက် ပုံမှန်အစည်းအ‌ဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ တိုင်းရင်းသားပါတီ ၂ဝ ပါတီပါဝင်သည့် NBF သည် ၎င်းတို့၏ ပုံမှန်အစည်းအ‌ဝေးကို ‌မေ ၂၃ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင်တစ်ကြိမ်နှင့် ‌မေ ၂၅ရက်‌နေ့က မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင်တစ်ကြိမ် စုစု‌ပေါင်း အစည်းအ‌ဝေးနှစ်‌နေရာ ပြုလုပ် ကျင်းပပြီး‌နောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းကိစ္စအ‌ပေါ် NBF အဖွဲ့ဝင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက “တစ်နိုင်ငံလုံး တိုင်းရင်း သား‌ရေးရာဝန်ကြီး‌နေရာ ၂၉‌နေရာပဲ ရှိပါတယ်။ ကျ‌နော်တို့ NBF က တိုင်းရင်းသားပါတီ‌တွေဖြစ်တဲ့အတွက် တိုင်းရင်းသား ဝန်ကြီး‌နေရာကို အကုန်လုံး ဝင်ပြိုင်မယ်။ ကျ‌နော်တို့ NBF အ‌နေနဲ့က တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာကို တစ်ပြည်လုံး အတိုင်းအတာနဲ့ ၇၅ရာခိုင်နှုန်းရမယ်လို့‌တော့ ‌မျှော်လင့်ထားတယ်”ဟု ‌ပြောသည်။

ယင်းထုတ်ပြန်ချက်တွင် တိုင်းရင်းသားလူမျိုးစုများအား ကိုယ်စားမပြုသည့်အပြင် တိုင်းရင်းသားများအ‌ရေး စိတ်ပါဝင်စားမှုနှင့် ‌ဆောင်ရွက်‌ပေးမှု မရှိ‌သောပါတီများက ပြည်‌ထောင်စုကို ကိုယ်စားပြုသည်ဟု ‌ပြောဆိုစည်းရုံးမှုအ‌ပေါ် ရှုတ်ချ‌ကြောင်း၊ ပြည် ‌ထောင်စုအစိုးရအဖွဲ့နှင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်တို့က ‌ပေးထားသည့် ကတိကဝတ်အတိုင်း ‌ရွေး‌ကောက်ပွဲကို သတ်မှတ်ထား သည့်ကာလအတွင်း လွတ်လပ်ပြီး တရားမျှတ ပွင့်လင်းမြင်သာစွာဖြင့် နိုင်ငံတဝန်းလုံး ကျင်းပ‌ပေး‌စေလို‌ကြောင်း တိုက်တွန်း ‌တောင်းဆိုထားသည်။

၎င်းအပြင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်‌တော်မှ ‌ရွေး‌ကောက်တင်‌မြှောက်နိုင်ရန် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပုဒ်မ (၂၆၁)အား ‌ရွေး‌ကောက်ပွဲမတိုင်မီ အမြန်ဆုံး ပြင်ဆင်‌ပေးရန်နှင့် ‌ရွေး‌ကောက်ပွဲမတိုင်မီ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး ‌နွေးပွဲကျင်းပရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထား‌ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

NBF ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်တွင်းအ‌ခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်အမျိုးသမီးတိုး တက်‌ရေးအဖွဲ့(KWEG) ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးက “တိုင်းရင်းသား‌ရေးရာဝန်ကြီး ဝင်ပြိုင်မှာက ကျမထင်တယ်။ လွတ် လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ပြည်သူလူထုက‌တော့ သူတို့ကို အားကိုးတဲ့ ယုံကြည်တဲ့ပါတီကိုပဲ ထည့်မှာပဲ‌လေ။ ကျမသိသ ‌လောက်‌တော့ NLD လည်း ပြိုင်မှာပဲ။ ဒီတိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာ‌တွေ သိပ်ပြဿနာမဟုတ်ပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

NBF အဖွဲ့ကို ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး တိုင်းရင်းသားပါတီ ၁၁ပါတီဖြင့် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ အဖွဲ့ဝင်ပါတီ ၂ဝရှိပြီး အဖွဲ့ဝင်များ၏ ပုံမှန်အစည်းအ‌ဝေးကို တစ်လတစ်ကြိမ် ပြုလုပ်‌လေ့ရှိကာ လာမည့် ၂၄ကြိမ်‌မြောက် အစည်းအ‌ဝေးကို ကယား (ကရင်နီ)ပြည်နယ် လွိုင်‌ကော်မြို့၌ ဇွန်လအတွင်း ပြုလုပ်သွားရန်ရှိ‌ကြောင်း အဖွဲ့ဝင်ပါတီများထံမှ သိရသည်။