Home ထိပ်တန်းသတင်း KNU နယ်‌မြေအတွင်း က‌လေးသူငယ် ကာကွယ်‌ဆေးထိုး‌ပေးနိုင်မှု အလွန်အားနည်း‌နေ‌သေး

KNU နယ်‌မြေအတွင်း က‌လေးသူငယ် ကာကွယ်‌ဆေးထိုး‌ပေးနိုင်မှု အလွန်အားနည်း‌နေ‌သေး

1624

‌မေ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်‌မြေများဖြစ်သည့် ခရိုင် (၇)ခုအတွင်း က‌လေးသူငယ်များအတွက် ကာကွယ်‌ဆေး ထိုး ‌ပေးနိုင်မှုနှုန်းမှာ အလွန်အားနည်းလျှက်ရှိ‌နေပြီး ထိ‌ရောက်ကျယ်ပြန့်စွာ လုပ်‌ဆောင်နိုင်ခြင်း မရှိ‌သေး‌ကြောင်း ကရင်ကျန်းမာ‌ရေး နှင့် ကယ်ဆယ်‌ရေးဌာန(Karen Department of Health and Welfare – KDHW)က ‌ပြောသည်။

KDHW ဌာနမှူး ပဒို‌စောအဲ့ကလူ‌ရွှေဦးက “ကျ‌နော်တို့အခု ခရိုင် (၇)ခုထဲက က‌လေး၊ လူကြီး အပါအဝင် လူဦး‌ရေ (၄)သိန်းကို ကာကွယ်‌ဆေးထိုး‌ပေးဖို့ ပစ်မှတ်ထားတယ်။ လူတစ်သိန်းမှာ (၅)နှစ်‌အောက် က‌လေးဦး‌ရေ ပျမ်းမျှ (၂)‌သောင်းရှိတယ်။ အဲဒီ က‌လေး‌တွေအတွက် ကာကွယ်‌ဆေးထိုး‌ပေးနိုင်မှုနှုန်းက က‌နေ့အထိ ၇.၃ ရာခိုင်နှုန်းပဲရှိ‌သေးတဲ့အတွက် အရမ်းကို နည်း‌နေ‌သေး တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကာကွယ်‌ဆေးထိုး‌ပေးမှု ရာခိုင်နှုန်းပြည့်မှီမှု မရှိရခြင်းမှာ ‌ဆေးသို‌လှောင်ထိန်းသိမ်းမှု အခက်အခဲ၊ မိဘများ၏ အသိ ပညာ မကြွယ်ဝမှု၊ သတ်မှတ်ထားသည့် ကာကွယ်‌ဆေးများ ပြီး‌မြောက်‌အောင် မထိုးနိုင်မှုနှင့် နိုင်ငံတကာမှ ‌ထောက်ပံ့မှုအ‌နေ အထားများ ‌လျော့ကျလာမှု စသည့်အခက်အခဲများလည်း ‌တွေ့ကြုံ‌နေရ‌ကြောင်းလည်း ပဒို‌စောအဲ့ကလူ‌ရွှေဦးက ဆက်‌ပြော သည်။

KDHW သည် ‌ကေအဲန်ယူခရိုင် (၇)ခုအနက် ဖားအံခရိုင်၊ ‌ညောင်‌လေးပင်ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖာပွန်ခရိုင်အတွင်းရှိ မြို့ နယ် (၁၄)မြို့ နယ်အတွင်း၌သာ ကျန်းမာ‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်နိုင်‌သေးပြီး တီဘီ၊ ဝက်သက်၊ ပိုလီယို၊ ‌မေးခိုင်၊ အသဲ ‌ရောင်အသားဝါ စသည့် ကာကွယ်‌ဆေးထိုး‌ပေး‌ရေး အစီအစဉ် (၇)မျိုးကို လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။

ယင်းသို့ လုပ်‌ဆောင်ရာတွင် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)၊ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအ သင်း(BMA) စသည့်နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းတို့နှင့် တွဲဖက် လုပ်‌ဆောင်‌နေခြင်းဖြစ်ပြီး ၎င်းတို့‌ကောက်ယူရရှိ သည့် အချက်အလက်များအ‌ပေါ် အ‌ခြေခံကာ ယခုကဲ့သို့ ထုတ်‌ဖော်‌ပြောဆိုခြင်းဖြစ်သည်။

ထို့အပြင် အခြား‌သော တိုင်းရင်းသား‌ဒေသများ၌လည်း အလားတူ အခက်အခဲများကို ‌တွေ့ကြုံ‌နေရ‌ကြောင်း တိုင်းရင်းသားကျန်း မာ‌ရေးအဖွဲ့အစည်းများ(Ethnic Health Organization-EHO)နှင့် လူထုအ‌ခြေပြုကျန်းမာ‌ရေး အဖွဲ့အစည်းများ(CBHO) များ စု‌ပေါင်း၍ အဖွဲ့(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ကျန်းမာ‌ရေး‌ပေါင်းစည်းမှု အမာခံအင်အားစု(HCCG) အဖွဲ့ဝင် ကရင်နီနယ်လှည့် ကျန်းမာ‌ရေး‌ကော်မတီ(KnMHC) ညွန်ကြား‌ရေးမှူး ကိုဖီးလစ်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ကရင်နီဘက်မှာလည်း အတူတူပါပဲ။ ကျ‌နော်တို့ဘက်မှာ လမ်းပန်းဆက်သွယ်‌ရေးခက်ခဲမှုရယ်၊ မိဘ‌တွေကို အသိ ပညာ‌ပေးမှု လိုအပ်တာရယ် ဖြစ်ပါတယ်။ လက်လှမ်းမမှီတဲ့‌နေရာ‌တွေကျ‌တော့ တချို့‌နေရာ‌တွေဆို ကာကွယ်‌ဆေးလုံးဝ မထိုး‌ပေး နိုင်တဲ့‌နေရာ‌တွေ ရှိ‌နေ‌သေးတယ်။ အဲဒီလို‌နေရာ‌တွေမှာ အပြည့်အဝ အကူအညီ‌ပေးနိုင်ဖို့ အစိုးရအ‌နေနဲ့ကလည်း ကျ‌နော်တို့ ကျန်းမာ‌ရေးလုပ်သား‌တွေကို အသိအမှတ်ပြု‌ပေးဖို့ လိုပါတယ်”ဟု ‌ပြောသည်။

KDHW အပါအဝင် နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများသည် ၂၀၁၂ အပစ်ခတ်ရပ်စဲ‌ရေးပြီး‌နောက်ပိုင်းတွင် မြန်မာ အစိုးရကျန်းမာ‌ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ‌တွေ့ဆုံမှုများ ပြုလုပ်ခဲ့‌သော်လည်း နိုင်ငံတကာ၏ နယ်စပ်ဖြတ်‌ကျော် ‌ထောက်ပံ့မှု အစီအစဉ်တစ်ခုတည်းဖြင့်သာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများကို လုပ်‌ဆောင်‌နေရခြင်းဖြစ်သည်။

ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန(KDHW)သည် KNU လက်‌အောက်ခံဋ္ဌာနတစ်ခုဖြစ်ပြီး ၁၉၅၆ခုနှစ်တွင် စတင်ဖွဲ့စည်း ကာ အ‌ခြေခံကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများအပြင် ကျန်းမာ‌ရေးဆိုင်ရာ ပညာ‌ပေးခြင်းများကို ပြုလုပ်‌ပေး‌နေ‌သော အဖွဲ့တစ်ခု ဖြစ် သည်။