Home သတင်း DKBA တပ်ဖွဲ့မှ ဝန်ကြီးချုပ်ယာဉ်တန်းအား ‌သေနတ်ဖြင့် ချိန်ရွယ်တားဆီးမှုမှာ နားလည်မှုလွဲမှား၍ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

DKBA တပ်ဖွဲ့မှ ဝန်ကြီးချုပ်ယာဉ်တန်းအား ‌သေနတ်ဖြင့် ချိန်ရွယ်တားဆီးမှုမှာ နားလည်မှုလွဲမှား၍ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

1900

‌မေ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း စီးနင်းလိုက်ပါလာသည့်ယာဉ်တန်းသည် ယမန်‌နေ့က ဖားအံမြို့မှ မြဝတီမြို့သို့အသွား ‌ကော့ကရိတ်-မြဝတီ အာရှလမ်းမ(လမ်းသစ်)‌ပေါ်တွင် ဒီ‌ကေဘီ‌အေအဖွဲ့မှ ‌သေနတ်ဖြင့် ချိန်ရွယ်တားဆီးမှု ဖြစ်ပွားခဲ့ရာ ယင်းဖြစ် စဉ်မှာ နားလည်မှုလွဲမှားခြင်း‌ကြောင့်သာဖြစ်‌ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦး‌ဇော်မင်းက ‌ပြောသည်။

ဗုဒ္ဓဘာသာ သံဃာ‌တော်များနှင့်အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းတို့လိုက်ပါသည့် လုံခြုံ‌ရေးကားများပါရှိ‌သော ယာဉ် တန်းသည် ‌မေလ ၂၅ရက်‌နေ့က မြဝတီမြို့တွင် တည်ထား‌သော ‌ရွှေတိဂုံပုံတူ ‌စေတီ‌တော် ထီး‌တော်တင် ဋ္ဌာပနာပိတ်ပွဲသို့ သွား ‌ရောက်စဉ် အာရှလမ်းမသစ်ရှိ ဒီ‌ကေဘီ‌အေဂိတ်အနီးသို့အ‌ရောက်တွင် ဒီ‌ကေဘီ‌အေအဖွဲ့ဝင်များမှ ‌သေနတ်ဖြင့် ချိန်ရွယ်တားဆီး ခဲ့ခြင်း ဖြစ်သည်။

“ညှိနှိုင်း‌ဖြေရှင်းလို့ ‌ပြေလည်သွားပါပြီ။ သူတို့ထင်တာက သူတို့ အခွန်‌ကောက်တာကို လာတားတယ်။ လာဖမ်းတယ်လို့ထင်လို့ အခုလို ချိန်ရွယ်တားဆီးတာ‌တွေ ဖြစ်ကုန်တာပါ။ မြဝတီ ဒီ‌ကေဘီ‌အေဆက်ဆံ‌ရေးရုံးကလည်း ဒီမနက်ပဲ ဖုန်းနဲ့ဆက်သွယ်ပြီး ‌တောင်းပန်‌ကြောင်း‌ပြောလာပါတယ်”ဟု ဝန်ကြီးချုပ်ဦး‌ဇော်မင်းက ယ‌နေ့ ‌ပြောဆိုသည်။

မြန်မာအစိုးရက ငြိမ်းချမ်း‌ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ လိုက်နာရန်ဆိုသည့် မူဝါဒ (၆)ချက် ချမှတ်ထားရာတွင် ပြည်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်‌စေသည့် အခွန်‌ကောက်ခံခြင်းကို မပြုလုပ်ရန် ဆိုသည့်အချက် ပါဝင်သည်။

၎င်းအပြင် နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးမြှင့်ရန်နှင့် ကုန်စည်စီးဆင်းမှုများ တရားဝင်ဖြစ်‌စေရန်အတွက် ကုန်ပစ္စည်းအမျိုးအစား ‌ပေါင်း ရာနှင့်ချီ၍ အခွန်အနည်းငယ်သာ ‌ကောက်ခံခွင့် (သို့မဟုတ်) အခွန်ကင်းလွတ်ခွင့်များ ‌ပေးခဲ့‌သော်လည်း အစိုးရတာဝန်ရှိ သူများအ‌နေဖြင့် ကုန်တင်ယာဉ်များအား စစ်‌ဆေးရာတွင် အခွန်‌ဆောင်သည့်ယာဉ်များအား ပိုမိုကြန့်ကြာစွာ စစ်‌ဆေးမှုများ ရှိ‌နေ သဖြင့် ကုန်သည်အများစုမှာ တရားမဝင် ကုန်သွယ်မှုကိုသာ အားထား‌နေရ‌ကြောင်းလည်း ကုန်သည်အချို့က ဆိုသည်။

အမည်မ‌ဖော်လိုသည့် ကုန်သည်က “အခုက အခွန်တရားဝင်‌ဆောင်‌တော့လည်း ကိုယ့်ကားကို တစစီရှာစစ်ပြီး ရစ်‌နေတာနဲ့ ကိုယ့်ကားက သူများကား‌တွေထက် ‌နောက်ကျပြီး ကုန်စည်က ‌ဈေးကွက်ထဲ မြန်မြန်မ‌ရောက်‌တော့ဘူး။ ဒါနဲ့ပဲ အခုလို ဂိတ်‌တွေ ကို ပိုက်ဆံ‌ပေးဖြတ်ဆိုတာနဲ့ အဖမ်းအဆီးရှိရင် ‌တောလမ်း‌တွေက‌နေ ပြန်ကဲ့ထုတ်ဆိုတာ‌တွေကိုပဲ လုပ်‌နေရတယ်။ အခွန် ‌ဆောင်ပြီးပြန်‌တော့လည်း လမ်းက တရားမဝင်ဂိတ်‌တွေ ‌တွေ့ရင်လည်း ဂိတ်‌ကြေး‌ပေးရပြန်တာပဲ”ဟု ဆိုသည်။

အဆိုပါ ယာဉ်တန်းတားဆီးမှုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစုံတရာ ရရှိရန် ဒီ‌ကေဘီ‌အေ ဆက်ဆံ‌ရေးရုံးများသို့ ‌ကေအိုင်စီက ‌မေးမြန်းရန်ကြိုးစား‌သော်လည်း ဖုန်းဆက်သွယ်မှု အခက်အခဲရှိ‌နေခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲ‌ရေး ပြုလုပ်ခဲ့သည့် ၂၀၁၂ခုနစ်‌နောက်ပိုင်းတွင် မြဝတီ ‌ကော့ ကရိတ်လမ်းတ‌လျှောက်တွင် အခွန်‌ကောက်ခံသည့် ဂိတ်များမှာ ပိုမိုများပြားလာခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့် ၎င်းအာရှအ‌ဝေး‌ပြေး လမ်းသစ်‌ပေါ်တွင် အစိုးရစစ်တပ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အခွန်‌ကောက်ခံသည့် ဂိတ်‌ပေါင်း (၈)ဂိတ် ခန့်ရှိ‌နေ‌ကြောင်း ‌ဒေသခံများနှင့် အဆိုပါလမ်းကို သွားလာ‌နေကြသည့် ကားသမားများနှင့် ကုန်သည်များက ‌ပြောသည်။