Home သတင်း ၅ကြိမ်‌မြောက် ကရင်ဖတ်စာအလယ်တန်းအဆင့် မိတ်ဆက်သင်တန်း ကြာအင်းဆိပ်ကြီး၌ပြုလုပ်

၅ကြိမ်‌မြောက် ကရင်ဖတ်စာအလယ်တန်းအဆင့် မိတ်ဆက်သင်တန်း ကြာအင်းဆိပ်ကြီး၌ပြုလုပ်

2275

‌မေ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်စာတိုးတက်ပြန့်ပွား‌ရေးအတွက် ‌ဒေသခံကရင်သံဃာများနှင့် ‌ကျေးရွာလူထုများ ဦး‌ဆောင်ကာ (အ‌ရှေ့ပိုး) ကရင်အ‌ခြေခံ ပညာဖတ်စာ အလယ်တန်းအဆင့် မိတ်ဆက်ခြင်း ၅ကြိမ်‌မြောက်သင်တန်းကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြိီးမြို့နယ် ထွီး‌မော် ထို‌ကျေးရွာတွင် ‌မေလ ၄ရက်မှ ၁၇ရက်‌နေ့အထိ ပြုလုပ်ပြီးစီးခဲ့သည်။

၎င်းသင်တန်းသည် ယခင်နှစ်ထက်မတူဘဲ ကရင်စာ‌ပေသင်ကြားမှုအပြင် ကရင်ယဉ်‌ကျေးမှုများဖြစ်သည့် ရိုးရာအက၊ ကရင်တူရိ ယာ ‌စောင်း‌ကောက်တီးနည်း၊ ကရင်သီချင်း‌ရေးနည်း၊ ကဗျာစပ်နည်း စသည်တို့ကို ကရင်ယဉ်‌ကျေးမှုပညာရှင်အချို့က သင်‌ပေး ‌နေပြီးဖြစ်‌သော်လည်း မိတ်ဆက်‌ပေးသည့်အဆင့်သာဖြစ်သည်ဟု သင်တန်းမှူးတစ်ဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က ‌ကေအိုင် စီသို့ ‌ပြောသည်။

၎င်းက “ကရင်အချင်းချင်း စုပြီး‌တော့ ဖတ်စာပြုစုဖို့ စုထားတဲ့ ရန်ပုံ‌ငွေ‌တွေ မရှိဘူးဆိုရင် ကရင်အလယ်တန်းဖတ်စာ ‌ခေါင်း ‌ထောင်နိုင်ဖို့၊ ဖြစ်‌မြောက်ဖို့ကမလွယ်ဘူး။ ‌လော‌လောဆယ် အဲဒါ‌တွေမရှိတဲ့အခါမှာ တပိုင်တနိုင် နီးစပ်ရာ ပညာတတ်လူကြီး ‌တွေ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေ၊ ကရင်စာ‌ပေ ‌ဝေါဟာရ နှံ့စပ်တဲ့သူ‌တွေ‌ခေါ်ပြီး ညှိနှိုင်းဆုံးဖြတ်တဲ့‌တွေနဲ့ပြုစုပြီး ဒီအလယ် တန်းဖတ်စာ‌တွေကို သင်တန်းပြန်‌ပေးရတာ ဖြစ်တယ်”ဟု ‌ပြောသည်။

အလယ်တန်းအဆင့်ဖတ်စာတွင် ကရင်‌ဝေါဟာရ သဒါ္ဒ၊ ပထဝီ၊ သိပ္ပံ၊ ကမ္ဘာ့သမိုင်း၊ ကရင့်သမိုင်းများအပြင် ကရင်‌ခေါင်း‌ဆောင် များ၏ အတ္ထုပ္ပတိများ၊ ‌ကျော်ကြား‌သော ကရင်ပုဂိ္ဂုလ်များအ‌ကြောင်း စသည်တို့ကို ထည့်သွင်း‌ဖော်ပြထား‌ကြောင်း သိရသည်။

အလယ်တန်းအဆင့် ကရင်ဖတ်စာသင်တန်းတွင် ကရင်ပြည်နယ်ရှိ ဖားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်အပြင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မ‌ရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များရှိ ‌ကျေးရွာ‌ပေါင်း (၅၀)‌ကျော်မှ သင်တန်းသား၊ သင်တန်းသူ စုစု‌ပေါင်းဦး‌ရေ ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။
IMG_0011
သင်တန်းတက်‌ရောက်သည့် ဖားအံမြို့မှ ‌စောအိုင်ထုံဒူးက “ကျ‌နော်က ကရင်စာအလယ်တန်းအဆင့်ကို အရမ်းသင်ယူချင်လို့ ဒီသင်တန်းကို လာတက်တာပါ။ ကျ‌နော်တို့နယ်မှာ‌တော့ အလယ်တန်းအဆင့် သင်တာမရှိ‌သေးဘူး။ ဒီသင်တန်း တက်‌ရောက် ခြင်းအားဖြင့် ကျ‌နော်တို့နယ်နဲ့ ဒီဘက်ကနယ်နဲ့ ဘယ်လိုကွာခြားလဲ သိရတယ်။ ‌နောက်ပြီး ကရင်ရိုးရာယဉ်‌ကျေးမှုအပိုင်း‌တွေ လည်း ပိုသိလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ် ဝါရင့်ဒုံးဆရာ ‌စောသ‌မော့‌ဖောင်ဟိန်ကလည်း “အရင်က ကရင်စာ‌တွေက ၄တန်းအဆင့် ရှိတယ်။ အခု အလယ်တန်း အဆင့်က မိတ်ဆက်‌ပေးတဲ့ အ‌နေအထားပဲ ရှိ‌သေးတာဖြစ်‌ပေမယ့် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ‌တော့ ဒီအဆင့်ကို ‌တော်‌တော် များများသိ‌နေပြီး ဖားအံမြို့နယ်မှာ‌တော့ မသိ‌သေးဘူး။ ဒါက မူကြမ်းအဆင့်ပဲ ရှိ‌သေးတယ်ဆို‌ပေမယ့်လည်း ပြုစုတဲ့လူ‌တွေက ကျ‌နော်တို့ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှု ‌တော်‌တော်‌လေး နှံ့နှံ့စပ်စပ်နားလည်တဲ့ သံဃာ‌တော်‌တွေ ပညာရှင်‌တွေပါတယ်။ ဒါ‌ကြောင့် ဒီမူကြမ်းက ‌နောင်တချိန်မှာ အတည်ဖြစ်လာနိုင်တယ်”ဟု ‌ပြောသည်။

ကရင်စာ‌ပေအ‌ခြေခံပညာအလယ်တန်းအဆင့် မိတ်ဆက်ခြင်းသင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တစ်နှစ်လျှင်တစ်ကြိမ် ပြုလုပ်ကျင်းပကာ ယခုဆိုလျှင် ၅ကြိမ်‌မြောက်ရှိလာပြီး လာမည့်ဇွန်လတွင်လည်း ဖားအံမြို့၊ ဖလုံပရိယတ္တိစာသင်တိုက်တွင် အလားတူ သင်တန်းဖွင့်လှစ်ရန် ရှိသည်ဟု သိရသည်။