Home သတင်း ‘၀’ နှင့် သျှမ်းအဖွဲ့ ‌လော်ခီးလာညီလာခံမတက်‌သော်လည်း အပစ်ရပ်မှုကို မထိခိုက်ဟု NCCT‌ပြောဆို

‘၀’ နှင့် သျှမ်းအဖွဲ့ ‌လော်ခီးလာညီလာခံမတက်‌သော်လည်း အပစ်ရပ်မှုကို မထိခိုက်ဟု NCCT‌ပြောဆို

1695

‌မေ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်‌မြေ ‌လော်ခီးလာ(‌လေးဝါး)စခန်း၌ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာ ခံကို ‘၀’ပြည်‌သွေးစည်းညီညွတ်‌ရေး တပ်မ‌တော်-UWSA နှင့် ရှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ ရှမ်းပြည်တပ်မ‌တော် (‌တောင်ပိုင်း) RCSS/SSAတို့ မတက်‌ရောက်‌သော်လည်း အပစ်ရပ်စာချုပ် လုပ်ငန်းစဉ်အ‌ပေါ် ထိခိုက်မှုမရှိ‌ကြောင်း အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NCCT) အဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

၎င်းက “ဒီအစည်းအ‌ဝေးက ကျ‌နော်တို့ NCCT အဖွဲ့ဝင်မှ ရယူထားတဲ့ NCA final draft (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်း)ကို ကျန်တဲ့အဖွဲ့ဝင်‌တွေကို ပြန်ပြီး တင်ပြတာဖြစ်ပါတယ်။ NCA အ‌ပေါ် လာပြီး အကြံဉာဏ်‌ပေးဖို့၊ သူတို့‌တွေ (UWSA, RCSS/SSA)ကို ဖိတ်ကြားတာပါ။ သူတို့အ‌နေနဲ့လည်း တိုက်ရိုက်မပတ်သက်ဘူးလို့ ရှုမြင်ပြီး‌တော့ မတက်တာဖြစ် တယ်။ ဒါ‌ကြောင့် NCA Process (ဖြစ်စဉ်)တစ်ခုလုံးကို လာပြီး ထိခိုက်မှာ မဟုတ်ပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

UWSA နှင့် RCSS/SSA တို့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖြင့် ဖွဲ့စည်းထား‌သော (NCCT)အဖွဲ့ဝင်များ မဟုတ်သဖြင့် တိုက်ရိုက်မပတ်သက်ဟုဆိုကာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် KNU နယ်‌မြေအတွင်း ပြုလုပ်သည့် ‌လော်ခီးလာ ညီလာခံသို့ တက်‌ရောက်မည့် ကိုယ်စားလှယ်များ ‌စေလွှတ်မည်မဟုတ်‌ကြောင်း ‌မေလ ၂၆ရက်‌နေ့က NCCT အဖွဲ့ထံသို့ အသိ ‌ပေး အ‌ကြောင်းပြန်စာ ‌ပေးပို့ထားပြီးဖြစ်သည်ဟု သိရသည်။
IMG_1866
ယခုကိစ္စအ‌ပေါ် RCSS/SSA ‌ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက “ကျ‌နော်တို့မတက်တဲ့အတွက် အများအမြင်မှာ‌တော့ တိုင်းရင်းသား အ‌ရေးမှာ မပူး‌ပေါင်း မ‌ဆောင်ရွက်တာလား ရှိမှာ‌ပေါ့‌နော်။ ပူး‌ပေါင်း‌ဆောင်ရွက်သွားမှာပါ။ အခုကိစ္စမှာကျ‌တော့ NCCT အတွင်း ‌ရေးကိစ္စ‌တွေ ဖြစ်တယ်။ NCCT ထိပ်သီး‌ခေါင်း‌ဆောင်‌တွေ ညှိလိုက်လို့ရတဲ့ရလဒ်ကို ‌စောင့်ကြည့်‌နေမှာဖြစ်သလို အဲဒီအ‌ပေါ် ကျ‌နော်တို့‌တွေ ပြန်ပြီး ‌ဆွေး‌နွေးသုံးသပ်မှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCCT နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ(UPWC)တို့ကြား ယခုနှစ် မတ်လက သ‌ဘောတူ လက်မှတ်‌ရေးထား‌သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်း(NCA Draft)ကို ‌ဆွေး‌နွေးရန် ‌မေလ ၂ရက်‌နေ့မှ ၆ရက်‌နေ့အထိ ကျင်းပမည့် ‌လော်ခီးလာညီလာခံကို NCCT အဖွဲ့ဝင်များအပြင် UWSA၊ RCSS/SSAနှင့် နာဂအဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ကို တက်‌ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၏ ညီလာခံကို ၂၀၁၃ ခုနှစ်၊ ‌အောက်တိုဘာလတွင် ကချင်လွတ်လပ်‌ရေးတပ် မ‌တော်(KIA)ဋ္ဌာနချုပ် လိုင်ဇာမြို့၌ ပထမအကြိမ်၊ ၂၀၁၄ ဇန်နဝါရီတွင် KNU နယ်‌မြေ၊ ‌လော်ခီးလာ၌ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၁၄ ဇူလိုင်လတွင် KIA ဋ္ဌာနချုပ် လိုင်ဇာ၌ ကျင်းပခဲ့ပြီး ဖြစ်သည်။