Home သတင်း မြဝတီမြို့တွင် ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်း စတင်တည်‌ဆောက်

မြဝတီမြို့တွင် ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်း စတင်တည်‌ဆောက်

1712
‌မေ ၁၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

မြဝတီမြို့နယ်အတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် စု‌ပေါင်းကျင်းပနိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ် မြဝတီမြို့အဝင် အမှတ်(၅)ရပ်ကွက်တွင် ‌မြေဧက(၂၀) အကျယ်အဝန်းရှိ‌သော ကရင်အမျိုးသား ထာဝရ နှစ်သစ်ကူးကွင်းတစ်ခုကို ‌မေလ ၁၆ ရက်‌နေ့က စတင် တည်‌ဆောက်‌နေပြီး ဖြစ်သည်။

အဆိုပါကွင်း စတင် တည်‌ဆောက်‌ရေးခြင်းအ‌ပေါ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအ ရုံး(‌ကေအဲန်ယူ)၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ကရင်ပြည်နယ် နယ် ခြား‌စောင့်တပ်(ဘီဂျီအက်ဖ်)နှင့် သံဃာများ၊ မြို့ရပ်မိရပ်ဖများ၊ ‌ဒေသခံများ စုစု‌ပေါင်း ၁၀ဝခန့်က မြဝတီမြို့၊ ‌တောင်က‌လေး‌အေး ရိပ်သာဘုန်း‌တော်ကြီး‌ကျောင်းတွင် ‌မေလ ၁၆ရက်‌နေ့က ‌တွေ့ဆုံခဲ့ကြသည်။

ကွင်းတည်‌ဆောက်ခြင်းနှင့်ပတ်သက်၍ ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဋ္ဌာန တာဝန်ခံ ပဒို‌စောအားတိုးက “မြဝတီမြို့ မှာ ကရင်အမျိုးသား‌နေ့ထူး‌နေ့မြတ် ကျင်းပတဲ့အခါ အခက်အခဲမဖြစ်‌အောင်၊ အထူးသဖြင့် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပတဲ့အ ခါ ကွင်းကို တိတိကျကျ သတ်မှတ်နိုင်ဖို့ ဒီကွင်းကို ‌ဆောက်လုပ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကရင်နှစ်သစ်ကူးကွင်း ‌ဆောက်လုပ်ရာတွင် အစည်းအ‌ဝေးတက်‌ရောက်‌သော ကရင်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကရင်အမျိုးသားများက မတည်‌ငွေများ ထည့်ဝင်၍ လုပ်ငန်းအ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်‌ကြောင်း၊ လက်ရှိ ‌မြေထိုးစက် ကားကြီးများဖြင့် ကွင်းကို ‌မြေညှိ‌နေပြီဖြစ်‌ကြောင်း၊ ကွင်းနံ‌ဘေးတွင် အ‌ဆောက်အဦးအချို့လည်း တည်‌ဆောက်သွားမည်ဖြစ်၍ စုစု‌ပေါင်း ကုန်ကျ‌ငွေ မြန်မာကျပ်သိန်း ၃‌ထောင်နီးပါး ခန့်မှန်းထား‌ကြောင်း သိရသည်။

၎င်းအပြင် ထာဝရနှစ်သစ်ကူးကွင်းကို အမြန်ဆုံး ပြီးစီး‌အောင် အားလုံး အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်ပြီး လာမည့် ၂၀၁၆ခုနှစ် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်အမီ ကျင်းပနိုင်ရန် လျာထားသည်ဟု မြဝတီမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအသင်း ဥက္ကဋ္ဌ မန်း ကြည်ဝင်းကလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

“မြဝတီမှာ ကျ‌နော်တို့ ကရင်နှစ်သစ်ကူးလုပ်ရင် ‌နေရာသုံးခုခွဲပြီး လုပ်ခဲ့ကြရတယ်။ ကွင်းကို ပြီးစီး‌အောင်လုပ်ပြီး လာမယ့် ကရင် နှစ်သစ်ကူးပွဲ‌တော်ကို‌တော့ ဒီကွင်းထဲမှာ လုပ်မယ်။ ကွင်းပြီးသွားရင် ကရင်နှစ်သစ်ကူးအပြင် တခြားကရင်‌နေ့ထူး‌နေ့မြတ်‌တွေ ဖြစ်တဲ့ ကရင်လက်ချည်ပွဲဆိုရင်လည်း ဒီကွင်းမှာပဲ လုပ်မယ်။ ဒီကွင်းဟာ ကျ‌နော်တို့ကရင်လူမျိုးအတွက် အဖိုးတန်တဲ့ကွင်းပါပဲ။ ပြီး‌တော့ ဒီကွင်းဟာ မြဝတီမြို့မှာ ထာဝရ ကရင်နှစ်သစ်ကူးကွင်း ဖြစ်လာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယခင်နှစ်များ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပရန် ကွင်းအတည်တကျ သတ်မှတ်ခြင်း မရှိသည့်အတွက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ‌ဒေသခံ ကရင်အမျိုးသားစု‌ပေါင်း၍ ယခုလို ကရင်နှစ်သစ်ကူးကွင်းဖြစ် ‌မြောက်ရန် စု‌ပေါင်း တည်‌ဆောက်လာခြင်းဖြစ်သည်။