Home ထိပ်တန်းသတင်း ‌ကျောက်မီး‌သွေးပုံများ မီးဆက်လက်‌လောင်ကျွမ်း‌နေမှုအ‌ပေါ် ဘန်း‌ချောင်း‌ဒေသခံများစိုးရိမ်

‌ကျောက်မီး‌သွေးပုံများ မီးဆက်လက်‌လောင်ကျွမ်း‌နေမှုအ‌ပေါ် ဘန်း‌ချောင်း‌ဒေသခံများစိုးရိမ်

2244

‌မေ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့နယ်၊ ဘန်း‌ချောင်းတိုက်နယ်အတွင်းရှိ ကွင်း‌ချောင်းကြီး‌ကျေးရွာ အနီးတွင် မြန်မာ‌မေဖလားဝါး မိုင်းနင်းအင်တာပရိုက်စ်ကုမ္ပဏီမှ တူး‌ဖော်ထား‌သော ‌ကျောက်မီး‌သွေးများ မီး‌လောင်ကျွမ်းမှု ဆက်လက်ဖြစ်‌ပေါ်‌နေခြင်း‌ကြောင့် ‌ရှေ့ဆက်ဆိုးကျိုးများခံစားရမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်‌နေ့မှစတင်ကာ အဆိုပါ‌ကျောက်မီး‌သွေးပုံများမှ အလိုအ‌လျောက် မီး‌လောင် ကျွမ်းမှုများဖြစ်‌ပေါ်ခဲ့ပြီး ယခုအချိန်အထိ ထိ‌ရောက်စွာ ကိုင်တွယ်မ‌ဖြေရှင်းနိုင်ခြင်း‌သေးသဖြင့် ‌ဒေသခံ များက ၎င်းတို့၏ လူ‌နေမှုနှင့် အသက်ရှင်ရပ်တည်မှုများအား ခြိမ်း‌ခြောက်လာမည်ကို စိုးရိမ်‌နေကြခြင်း ဖြစ်သည်ဟု ထားဝယ်အ‌ခြေစိုက် တာက‌ပေါ ကရင်လူငယ်လူမှုအ‌ခြေပြုအဖွဲ့အစည်းမှ တာဝန်ခံ ‌နော်ပီသ‌လောက ‌ပြောသည်။

၎င်းက “အခု‌လောင်‌နေတဲ့‌နေရာက ‌ကျောက်မီး‌သွေးတွင်းရှိတဲ့ ‌နေရာဖြစ်‌တော့ ‌အောက်မှာ ‌ကျောက်မီး ‌သွေး‌ကြော‌တွေ ရှိတယ်။ အဲဒီ‌ကျောက်မီး‌သွေး‌ကြော‌တွေက လူ‌တွေ‌နေတဲ့ ရွာရဲ့‌အောက်မှာ ဥယာဉ်ခြံ‌မြေ ‌တွေ ‌အောက်မှာရှိ‌တော့ အဲဒီ‌အောက်က မီး‌သွေး‌ကြော‌တွေအထိ ‌တောက်‌လျှောက်‌လောင်ရင် ဘယ်သူက တာဝန်ယူမှာလဲ‌ပေါ့။ ‌ဒေသခံ‌တွေက တစ်ခုခုထိခိုက်လာမှာကို စိုးရိမ်‌နေကြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ‌မေဖလားဝါး မိုင်းနင်းအင်တာပရိုက်စ်ကုမ္ပဏီမှ လုပ်ကိုင်‌သော ‌ကျောက်မီး‌သွေးတူး‌ဖော်မှုလုပ်ငန်းမှာ ‌ဒေသခံများ‌နေထိုင်သည့် ကွင်း‌ချောင်းကြီး‌ကျေးရွာနှင့် မိုင်ဝက်နီးပါးအကွာအ‌ဝေးတွင်သာတည်ရှိပြီး အဆိုပါ ‌ကျေးရွာတွင် အိမ်‌ခြေ(၇၀)၊ လူဦး‌ရေ ကျား၊ မ စုစု‌ပေါင်း (၃၆၅)ဦးနှင့် စိုက်ပျိုး‌မြေဧက (၇၂၁၄)ဧက ရှိ‌ကြောင်း သိရသည်။

ထားဝယ်အ‌ခြေစိုက်လူမှုအဖွဲ့အစည်းများ၊ ‌ဒေသခံများက ယင်းကိစ္စများနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင်ထံသို့ ‌မေ ၄ ရက်‌နေ့က စာ‌ပေးပို့ခဲ့သလို ကုမ္ပဏီနှင့် တနသင်္ာ ရီတိုင်း‌ဒေသကြီး အစိုးရထံသို့ စာအသီးသီး ‌ပေးပို့ခဲ့‌သော်လည်း တစုံတရာ ထူးခြား‌ပြောင်းလဲလာခြင်းမရှိ ‌သေး‌ကြောင်း တာက‌ပေါကရင်လူငယ်လူမှုအ‌ခြေပြုအဖွဲ့အစည်းက ဆိုသည်။

ထိုကိစ္စအ‌ပေါ် KNU ဘိတ်-ထားဝယ်ခရိုင် တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောအယ်နာက “ဒီစာက ကျ‌နော်တို့ ဆီမှာ မ‌ရောက်‌သေးတဲ့အတွက် အ‌သေးစိပ်ကို မသိရှိရ‌သေးပါဘူး။ တကယ်လို့ ‌ရောက်လာခဲ့တယ်ဆိုရင် ‌တော့ ‌ဒေသခံ‌တွေရဲ့ သ‌ဘောထားကိုကြည့်ပြီး ကျ‌နော်တို့အ‌နေနဲ့ ဘယ်လို လုပ်‌ပေးနိုင်မယ်ဆိုတာ ‌ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ‌လော‌လောဆယ်‌တော့ ဘာမှသ‌ဘောထား‌ပေးလို့ မရ‌သေးပါဘူး”ဟု ‌ပြောသည်။

ထို့အပြင် ဘန်း‌ချောင်း‌ဒေသ၌ တူး‌ဖော်၍ ထားဝယ်မြို့နယ် ထီးခီးနယ်စပ်အနီး အိမ်‌ခြေ (၃၀)ခန့်ရှိသည့် အများ(အမလာ)‌ကျေးရွာတွင် သယ်ယူစုပုံထား‌သော ‌ကျောက်မီး‌သွေးပုံများမှာလည်း မတ်လဆန်းမှ စတင်ကာ ယခုအချိန်အထိ ဆက်လက်‌လောင်ကျွမ်း‌နေခြင်း‌ကြောင့် ထွက်‌ပေါ်လာ‌သော မီးခိုး‌ငွေ့နှင့် အနံ့ဆိုးများသည် ကျန်မာ‌ရေးထိခိုက်မှုများရှိလာနိုင်‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

အမလာ‌ကျေးရွာသည် ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်က ဘိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ(၄) အ‌ခြေစိုက် မင်းသမီးစခန်းအား အစိုးရ၏ထိုးစစ်ဆင်မှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည့် ‌ဒေသခံများက ၂၀၁၂ခုနှစ် အပစ်ခတ်ရပ်စဲ‌ရေးပြီး‌နောက်ပိုင်း ပြန်လည်အ‌ခြေချ‌နေထိုင်သည့် ရွာဖြစ်သည်ဟုလည်း သိရသည်။

ဘန်း‌ချောင်း‌ဒေသတွင် မြန်မာ‌မေဖလားဝါးမိုင်းနင်း အင်တာပရိုက်စ်ကုမ္ပဏီက အစိုးရထံမှ ‌ကျောက်မီး‌သွေး တူး‌ဖော်ထုတ်လုပ်ရန် ၂၀၁ဝ ခုနှစ်မှစတင်ကာ ‌မြေဧက(၂၁၀၀)ခွင့်ပြုချက်ရရှိထားပြီး ၎င်းဧရိယာများသည် သဗြု‌ချောင်း၊ ‌ကျောက်ထူး၊ ကွမ်း‌ချောင်းကြီး၊ က‌ထောင်းနီ‌ကျေးရွာရှိ‌ဒေသခံများ၏ ဥယျာဉ်ခြံ‌မြေများအတွင်း ကျ‌ရောက်လျှက်ရှိ‌ကြောင်း ထားဝယ်‌ဒေသအ‌ခြေစိုက်လူမှုအသင်းအဖွဲ့များက ဆိုသည်။