Home သတင်း ‌ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ရက်ရှည် အ‌ခြေခံရဲသင်တန်းပို့ချ

‌ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ရက်ရှည် အ‌ခြေခံရဲသင်တန်းပို့ချ

1381

‌မေ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ တပ်မဟာ(၆) နယ်‌မြေတစ်‌နေရာ တွင် ‌ကေအဲန်ယူ လက်‌အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF က တစ်လခွဲကြာမြင့်သည့် အ‌ခြေခံရဲသင်တန်းတစ်ရပ်ကို ပြီးခဲ့ သည့် ဧပြီလ ၂၇ရက်‌နေ့မှစ၍ သင်ကြားပို့ချလျှက်ရှိသည်ဟု သိရသည်။

ဧပြီလ ၂၇ရက်မှ ဇွန်လ ၁၅ရက်‌နေ့မတိုင်မီအထိ ပို့ချသွားမည့် အဆိုပါသင်တန်းတွင် နယ်‌မြေခံ‌ကေအဲန်ယူက ၎င်းတို့၏ သက် ဆိုင်ရာနယ်‌မြေများ၌ တရားဥပ‌ဒေ စိုးမိုးမှုရှိ‌စေရန်နှင့် ရဲသားများအ‌နေဖြင့် တာဝန်ယူ ‌ဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့၏ လုပ်ငန်းတာ ဝန်များကို ပိုမိုနားလည်တတ်ကျွမ်း‌စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ခရိုင်ရဲ မင်းကြီး ‌စောတီတူးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ရဲ့ နယ်‌မြေအတွင်းမှာ တရားဥပ‌ဒေ စိုးမိုးမှုရှိဖို့ဆိုရင် တရားဥပ‌ဒေနားလည်ဖို့ လိုတယ်။ ဒါ‌ကြောင့် ကျ‌နော့် ‌ဒေသမှာ ပြစ်မှုတစ်ခုခုဖြစ်လာရင် ချမှတ်ထားတဲ့ တရားဥပ‌ဒေအတိုင်း စနစ်တကျ ကိုင်တွယ်‌ဆောင်ရွက်ဖို့ ဒီသင်တန်းက အများ ကြီး အ‌ထောက်အကူပြုမယ်လို့ ‌မျှော်လင့်တယ်။ ‌နောက်ပြီး ကျ‌နော်တို့အ‌နေနဲ့ ပြစ်မှုဆိုင်ရာလုပ်ငန်း‌တွေ၊ ဒုစရိုက်နှိမ်နင်း‌ရေးလုပ် ငန်း‌တွေကို အစီအစဉ်တကျလုပ်‌ဆောင်နိုင်မှ ကိုယ့်ပြည်သူ‌တွေအကြားမှာ လက်တွဲလုပ်‌ဆောင်နိုင်မှာ ဖြစ်တယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ယခုပြုလုပ်သည့် အ‌ခြေခံရဲသင်တန်းကို ကရင်ပြည်နယ် နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်က စစ်သင် တန်းပြုလုပ်သည်ဟု ထင်မှတ်၍ မပြုလုပ်ရန် အ‌စောပိုင်း၌ ‌ကြေးနန်းဖြင့် အ‌ကြောင်းကြားခြင်းများရှိ‌သော်လည်း ရဲသင်တန်းသာ ဖြစ်‌ကြောင်း ပြန်လည်ရှင်းပြပြီး‌နောက် သင်တန်းမှာ အခက်အခဲမရှိ‌တော့‌ကြောင်း ‌စောတီတူးက ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား စုစု‌ပေါင်း ၁၀၆ဦး တက်‌ရောက်ခဲ့ပြီး ရုံးလုပ်ငန်း၊ တရားဥပ‌ဒေဆိုင်ရာလုပ်ငန်း များ၊ အမှုလိုက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရဲဥပ‌ဒေနှင့်ပတ်သက်သည့် လုပ်ငန်းများအပြင် ရဲသားများ‌စောင့်ထိန်းရမည့် ကျင့်ဝတ် များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းဆရာများက ပို့ချ‌ပေး‌နေခြင်းဖြစ်သည်။

‌ကော့ကရိတ်မြို့နယ်မှ KNPF ရဲ‌မေ သင်တန်းသူ ‌နော်ထီးခု‌ဖောက “ကျမ အခုလိုသင်တန်း လာတက်‌ရောက်တာက ကိုယ့်ပြည် သူ‌တွေအကြား မှန်ကန်တဲ့ တရားဥပ‌ဒေ စိုးမိုးမှု ရှိ‌စေဖို့အတွက် ရည်ရွယ်ပါတယ်။ သင်ယူရရှိတဲ့ ရုံးလုပ်ငန်း၊ တရားဥပ‌ဒေလုပ် ငန်း၊ ရဲလုပ်ငန်းနဲ့ အမှုလိုက်ခြင်းဆိုင်ရာလုပ်ငန်း‌တွေကို မှန်မှန်ကန်ကန် လုပ်‌ဆောင်သွားဖို့ ကြိုးပမ်းသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေ၌ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ အပစ်အခတ်ရပ်စဲကာလ‌နောက်ပိုင်း ‌ကော့ကရိတ်မြို့နယ်တွင် ယခု ကဲ့သို့ မြို့နယ်အ‌ခြေခံရဲသင်တန်းပို့ချသည်မှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့နယ် KNPF တာဝန်ရှိသူများက ‌ပြော သည်။