Home သတင်း အရပ်ဖက်ပါဝင်‌သော အပစ်ခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်မှုသင်တန်း KWEG ဒုတိယအကြိမ်ပြုလုပ်

အရပ်ဖက်ပါဝင်‌သော အပစ်ခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်မှုသင်တန်း KWEG ဒုတိယအကြိမ်ပြုလုပ်

1706

‌မေ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန် ရည်ရွယ်ချက်၍ အရပ်ဖက်ပါဝင်‌သော အပစ်ခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်မှုသင် တန်းကို ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ ဦး‌ဆောင်ပြီး ‌မေလ ၂၅ ရက်‌နေ့မှ ၃ဝရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ Royal Angel Hotel ၌ ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။

ယင်းသင်တန်းတွင် ပဋိပက္ခအ‌ကြောင်းအရာများ၊ ပဋိပက္ခမှတဆင့် ဆက်ပြီးဖြစ်‌ပေါ်လာသည့် အကြမ်းဖက်မှု အ‌ကြောင်းအရာ များ၊ ရပ်ရွာ၌ ကြုံ‌တွေ့‌နေရသည့် အခက်အခဲအမျိုးအစားများ ခွဲပြခြင်း၊ အစိုးရနဲ့ လက်နက်ကိုင်များ လက်မှတ်‌ရေးထိုးထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှု မူကြမ်းတွင် ပါရှိသည့် အရပ်သားကိုကာကွယ်ခြင်း ဆိုသည့်စာပိုဒ်ကိုလည်း ရှင်းပြ‌ပေးခဲ့သည် ဟု KWEG ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ကျမတို့ အ‌တွေ့အကြုံအရဆိုရင် မြန်မာပြည်သာမက တစ်ကမာ္ဘလုံးမှာ ပဋိပက္ခဖြစ်တဲ့‌နေရာ‌တွေကို ‌စေ့စပ်ညှိနှိုင်းကြ တယ်။ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးကြတယ်။ ကျမတို့နိုင်ငံက နှစ်‌ပေါင်း ၆၀‌ကျော်လည်း ပဋိပက္ခဒဏ်ကို ခံလာရပြီးဆို‌တော့ ငြိမ်းချမ်းမှု ကို အမှန်တကယ် ဖြစ်‌စေချင်တယ်။ အဲဒီ‌တော့ ပြည်သူလူထု ပါဝင်ဖို့အတွက် ပြည်သူလူထု‌တွေ ကိုယ်တိုင်ပါဝင်တဲ့ ‌စောင့်ကြည့် မှုအတွက် ကျမတို့က သင်တန်း‌ပေးရခြင်း ဖြစ်တယ်“ဟု ‌ပြောဆိုသည်။

အရပ်ဖက်ပါဝင်‌သော အပစ်ခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်မှုသင်တန်းကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ‌ကော့ကရိတ် မြို့နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း(CBO)များ၊ နယ်စပ်ရှိ ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်းများဖြစ်သည့် ကရင်လူ့အခွင့်အ‌ရေး အဖွဲ့(KHRG)၊ ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့(KSNG)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)တို့မှ ကိုယ်စားလှယ်များ စုစု ‌ပေါင်းလူဦး‌ရေ ၂၅ဦး တက်‌ရောက်ခဲ့ကြသည်။
11334362_1631684197076003_2092106656_n
သင်တန်းတက်‌ရောက်ခဲ့သူ ‌နော်အဲ့‌ဖောဝါးက “ဒီသင်တန်းက‌တော့ ကျမအ‌နေနဲ့ မြင်တာက ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုတယ်လို့ မြင်တယ်။ အမှန်‌တော့ ငြိမ်းချမ်း‌ရေး လက်မှတ်ထိုးပြီးသွားရင် လုပ်ရမယ့်အရာ‌တွေ‌ပေါ့‌နော်။ အဲဒီ အခါကျရင် ပြည်သူက ဘာမှမသိထားခဲ့ရင် ပိုပြီး‌တော့ ခံရမှာဖြစ်တယ်။ ဒီဟာကို သိထားခြင်းအားဖြင့် လက်မှတ်ထိုးပြီးသွားတဲ့ အခါ စလုပ်‌တော့မယ်ဆိုရင် ပြည်သူ‌တွေက အ‌ခြေခံ သိရှိထားပြီးသားဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌မေလ ၄ရက်မှ ၉ရက်‌နေ့အထိ အရပ်ဖက်များပါဝင်‌သော အပစ်ခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်မှုသင်တန်းကို ကရင်ပြည် နယ်၊ ဖားအံမြို့၊ အမှတ် ၉ရပ်ကွက်ရှိ၊ KWEG ရုံး၌ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

KWEG သည် မြန်မာနိုင်ငံရှိ လိုအပ်ချက်အများဆုံးရှိ‌သော ‌ဒေသတွင်း အမျိုးသမီးများအတွက် တန်းတူညီမျှ‌သော အခွင့်အ‌ရေး နှင့် ‌ရေရှည်တည်တံ့ပြီး သဟဇာတဖြစ်‌သော ဖွံ့ဖြိုးတိုးတက်မှုရရှိ‌ရေး လုပ်‌ဆောင်ရာတွင် ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ရန် ‌မျှော်မှန်း ၍ အမျိုးသမီးအဖွဲ့များ၊ က‌လေးအဖွဲ့များ၊ မိမိကိုယ်တိုင် ရပ်တည်လာနိုင်‌ရေးနှင့် ရပ်ရွာအ‌ခြေပြုအဖွဲ့အစည်းများ၏ စွမ်းရည်များ အား‌ကောင်းလာ‌စေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။