Home သတင်း အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1358

ခိုင်မြဲသည့် ငြိမ်းချမ်း‌ရေးဖြစ်ဖို့ အ‌ခြေခံ‌ကောင်းများ လိုသည်

ခိုင်မာသည့်အရာတစ်ခုကို တည်‌ဆောက်ရာတွင် ‌ရေရှည်တည်မြဲနိုင်‌ရေးအတွက် အ‌ခြေခံ‌ကောင်းများရှိဖို့ရန် အ‌ရေးကြီးလှ‌ပေ သည်။ ကနဦးအစတွင် အ‌ခြေခံအုတ်မြစ်(‌ဖောင်‌ဒေးရှင်း) မခိုင်ခံ့‌သော မည်သည့်တည်‌ဆောက်မှုမျိုးမဆို တာရှည်ခံမှုကို အာမခံ ကာ တိုင်းထွာ၍မရ။ ထိုနည်းတူ တိုင်းပြည်တိုးတက်ဖွံ့ဖြိုး‌ရေးအတွက် အ‌ခြေခံလိုအပ်ချက်များဖြစ်သည့် အုပ်ချုပ်‌ရေးစနစ်၊ ဥပ‌ဒေ ပြု‌ရေးစနစ်နှင့် တရားစီရင်‌ရေးစနစ်များမှာ မူလ အ‌ခြေခံ‌ကောင်းများမရှိပါက လတ်တ‌လော ‌ဖော်‌ဆောင်‌နေသည့် ပြည်တွင်းငြိမ်း ချမ်း‌ရေးမှာ ‌ရေရှည် တည်တံ့ခိုင်မြဲဖို့ရာ ခက်ခဲကြန့်ကြာ‌နေ‌ပေလိမ့်မည်။

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဒဏ်ကို နှစ်‌ပေါင်း ခုနှစ်ဆယ်နီးပါး ဆင်းရဲနိမ့်ကျစွာ ခံစားခဲ့ကြရသည့် မြန်မာပြည်ဖွား တိုင်း ရင်းသားပြည်သူများမှာ ငြိမ်းချမ်း‌ရေး၏ အသီးအပွင့်ကို ငတ်မွတ်လိုလား၊ ‌တောင်းတကြသည်မှာ ဓမ္မတာပင်။ ထို့အပြင် ပညာ ‌ရေး၊ ကျန်းမာ‌ရေး၊ စီးပွား‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး စသည့် အဖက်ဖက်မှ ပျက်စီးယိုယွင်း‌နေခဲ့သည့် စနစ်များ‌ကြောင့် မြန်မာ နိုင်ငံမှာ ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရာတွင် မတိုးသာမဆုတ်သာ၊ မလူးသာမလွန့်သာ အ‌နေအထား ဖြစ်‌နေသည်။ မိမိနိုင်ငံ၏ ဖြစ်တည်လာ‌သော ‌ရေခံ‌မြေခံနှင့် လူ့အရင်းအမြစ်တို့၏ အ‌ခြေခံ အ‌ကြောင်းတရားများ ကွဲပြားကြသည့်အ‌လျောက် နိုင်ငံတကာ နည်းတူ ပုံတူ ကူးချ၍မရ။ သို့‌သော် ဖြစ်ပျက်ခဲ့သည့် အ‌ကြောင်းရင်းခံ အမှန်ကို တူညီလက်ခံကာ ပြုပြင်‌ပြောင်းလဲသွားလိုသည့် အ‌ခြေခံ‌ကောင်းများ ဦးစွာ ရှိဖို့လိုသည်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ‌လေ့လာမည်ဆိုပါက သုံးနှစ်‌ကျော်ကာလအတွင်း ‌ဆွေး‌နွေးပွဲများ အနှစ်ချုပ်ရလဒ်အ ဖြစ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ ကိုယ်စားပြု NCCT နှင့် အစိုးရတို့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်အ တွက် ‌ဆွေး‌နွေးသ‌ဘောတူခဲ့ကြပြီး‌သော်လည်း အချက်အားလုံးကို သ‌ဘောတူခဲ့ခြင်းမဟုတ်။ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ပါဝင်သင့် သည့် အစုအဖွဲ့များကိစ္စ၊ ပြန်လည်‌ပေါင်းစည်း‌ရေး၊ ကြားကာလအစီအစဉ် စသည့်အချက်များကို အပြီးသတ် သ‌ဘောတူခြင်း မဟုတ်‌သေးဘဲ ကျန်ရှိအချက်များကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ဆက်‌ဆွေး‌နွေးရန် ‌ရွှေ့ဆိုင်းထားသည် မဟုတ်ပါ‌လော။ သို့‌သော် နိုင်ငံ‌တော်သမ္မတကိုယ်တိုင်က နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်‌နေပြီးဟု ‌ပြောသည်။

၎င်းအပြင် မြန်မာငြိမ်းချမ်း‌ရေးစင်တာ တာဝန်ရှိသူများနှင့် နိုင်ငံ‌ရေးပါတီအချို့က လက်ရှိ အစိုးရသက်တမ်းအတွင်း လက်မှတ်ထိုး ပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ စတင်ရန် မကြာခဏ တိုက်တွန်း‌ပြောဆို‌နေသည်။ တိုင်းရင်းသားများအ‌နေဖြင့် ပြီးခဲ့သည့် ပန်ဆန်း(ပန် ခမ်း)ညီလာခံတွင် ပြည်‌ထောင်စုမှ ခွဲမထွက်ပါဟု ကတိကဝတ်ကို ‌ပေးခဲ့ကာ အာမခံခဲ့ပြီးလည်း ဖြစ်သည်။ သို့‌သော် လက်ရှိ မြန် မာပြည်‌မြောက်ပိုင်းတွင် ဆက်လက်ဖြစ်‌ပေါ်‌နေသည့် တိုက်ပွဲများ၊ တိုင်းရင်းသားများလိုလားသည့် တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အာမခံ‌သော စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးကို မဆိုထားနှင့် ယခင် စစ်အစိုးရက တဖက်သတ် ‌ရေးဆွဲထားခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်‌ရေးပင် မည်သည့်အာမခံချက် တစုံတရာမှ မရှိ‌သေးသည်ကို တိုင်းရင်းသားပြည်သူ များအသိပင်။

ထို့အတွက်‌ကြောင့် ပြည်နယ်ပြည်မ‌နေ ပြည်သူပြည်သားအားလုံး လိုလား‌နေသည့် ငြိမ်းချမ်း‌ရေး ခိုင်မြဲဖို့ရာအတွက် လက်ရှိအစိုး ရနှင့် အ‌ခြေခံကျသည့် အပြန်အလှန် ယုံကြည်မှု တည်‌ဆောက်‌ရေးမှာ အ‌ရေးပါ‌နေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်း အချင်းချင်းကြား၌လည်း ဘဝတူချင်း အပြန်အလှန် ယိုင်းပင်းမှု တည်‌ဆောက်ကာ လျစ်လျူရှု ချန်လှပ်ထားမှုများ မရှိ‌စေ ရန် ကျင့်ကြံလုပ်‌ဆောင်ရမည့်အပြင် အားလုံးအတွက် တန်းတူညီတူရှိသည့် နိုင်ငံ‌ရေး အာမခံချက် ချမှတ်ထားနိုင်‌ရေး၊ အများ သ‌ဘောတူလက်ခံသည့် ဖွဲ့စည်းပုံဖြစ်‌ရေး စသည့်အ‌ခြေခံအချက်များရှိမှသာလျှင် ‌ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်‌သော ငြိမ်း ချမ်း‌ရေးကို ရရှိနိုင်မည်ဖြစ်‌ကြောင်း တင်ပြလိုက်ရပါသည်။