Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

1650

ဓာတ်ပုံရိုက်မယ်။ ‌ကောင်းတဲ့ဓာတ်ပုံ‌တွေ ‌ဖော်ပြမယ်ဆိုတဲ့ Thinnaphat Photographer

အသက် ၂၃နှစ်အရွယ် ကရင်လူငယ် ‌စော‌အော်လဲပွယ်ဟာ ထိုင်း-မြန်မာနယ်စပ်၊ ‌လေး‌ကျေကလိုးရွာသားတစ်ဦးဖြစ်ပြီး ‌မွေးချင်း ‌လေး‌ယောက်(၄)‌ယောက်ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သာမန်အလုပ်သမား မိဘ‌တွေက ‌မွေးဖွားလာတဲ့သူဟာ ထိုင်းနိုင်ငံဘက် ခြမ်းက မဲ့သ‌ဝေါရွာမှာ ကိုးတန်းအထိ‌ကျောင်းတက်ခဲ့ပြီး ဆယ်တန်းကို မယ်တန်ရွာ အထက်တန်း‌ကျောင်းမှာ သွားတက်ခဲ့ရတယ် လို့ ‌ပြောပါတယ်။ “အဲဒီတုန်းက ပိုင်ဆိုင်တဲ့ ခြံ၊ ‌မြေ‌တွေလည်း မရှိ‌သေးသလို ပိုက်ဆံလည်း မရှိဘူး။ အရွယ်ကလည်း က‌လေးပဲ ရှိ‌သေး‌တော့ မစဉ်းစားတတ်‌သေးပါဘူး။ ‌ကျောင်းထား‌ပေးမယ်ဆိုရင်လည်း ‌နေမယ်။ မထား‌ပေးဘူးဆိုရင်လည်း မ‌နေဘူး‌ပေါ့။”

ဖခင်ဖြစ်သူက ဗမာပြည်မှာ ‌လေးတန်းအထိ ပညာသင်ခဲ့ဖူးသလို သူ့ရဲ့မိခင်ကလည်း ထိုင်းနိုင်ငံထဲမှာ ‌လေးတန်းအထိ ‌ကျောင်း ‌နေခဲ့ဖူး‌တော့ ဖြစ်နိုင်ရင် သူ့ကို‌ကျောင်းထား‌ပေးမယ်လို့ မိခင်က စဉ်းစားခဲ့တာပါ။
“ဆယ့်နှစ်တန်း‌အောင်‌တော့ မဲ‌ဆောက်မြို့ပြင်မှာရှိတဲ့ Bodhivijjalaya Collage of University ‌ကျောင်းကို ကျ‌နော် လာတက် တယ်။ ‌ကျောင်းက ‌လေးနှစ်တက်ရ‌တော့ ဒီနှစ်ဆို ‌နောက်ဆုံး‌ပေါ့။ ‌ကျောင်းတက်တာက အလုပ်အမျိုးမျိုး လုပ်ရတယ်။ အိမ်သာ သန့်ရှင်း‌ရေးအလုပ်‌တွေလည်း လုပ်ဖူးတယ်။ ‌ဈေး‌ရောင်းဖူးတယ်။ အခု‌တော့ ကျ‌နော်ကြိုးစားတယ်ဆိုတာကို တချို့လူကြီး‌တွေက အသိအမှတ် ပြုလာကြတယ်။”လို့ ဆိုပါတယ်။

ကရင်စကားနဲ့ ထိုင်းစကားကို ကျွမ်းကျင်စွာ ‌ပြောတတ်ပြီး ဗမာစကား အတန်အသင့် ‌ပြောဆိုတတ်တဲ့ ‌စော‌အော်လဲပွယ်ဟာ Geographic ဘာသာရပ်နဲ့ ပညာသင်ကြား‌နေရင်း ဓာတ်ပုံရိုက်ပြီး‌တော့ အခုဆိုရင် Thinnaphat နာမည်နဲ့ Facebook Page တစ်ခုကို ဖွင့်ထားပါတယ်။ သူ့ဝါသနာ သူ့ပညာ‌ကြောင့် ရှင်ပြုပွဲတို့၊ ရဟန်းခံပွဲတို့ သူ့ကို လာပြီး‌တော့ ငှားရမ်းကြသလို ‌နောက် ပိုင်း Documentary မှတ်တမ်းရိုက်ဖို့ ကမ်းလှမ်းလာတာ‌တွေ ရှိလာတယ်လို့ ‌ပြောပါတယ်။

“ကျ‌နော် စစဉ်းစားတယ်။ ကျ‌နော်တို့ကရင်လူမျိုးရဲ့ ဘဝအ‌ခြေအ‌နေ‌တွေကို ‌ဖော်ပြသင့်တယ်။ တို့ကရင်‌တွေထဲမှာ ‌ကောင်းတာ ‌တွေ အများကြီးရှိတယ်။ အဲဒါ‌တွေကို ကျ‌နော်တို့ ‌ဖော်ပြရမယ်”လို့ သူက ဆိုပါတယ်။ ဗွီဒီယိုရိုက်ကူးမှုနဲ့ ပတ်သက်ပြီး သူဟာ Thai BPS သတင်းဌာနမှာ (၃)လ‌လောက် လက်‌တွေ့ဆင်းဖူးပါတယ်။ အခုဆိုရင် မဲ့သ‌ဝေါ‌ကျေးရွာမှာရှိတဲ့ စက်‌လှေနဲ့ပတ်သက် တဲ့ မှတ်တမ်းတစ်ခုလုပ်ထားပါတယ်။ ဒါကလည်း တစ်ချိန်ကျလို့ ဖွံ့ဖြိုးတိုးတက်မှု‌တွေ ‌ရောက်လာတဲ့အခါ မဲ့သ‌ဝေါလို စက်‌လှေ အများဆုံးဝင်ထွက်‌နေတဲ့ နယ်စပ်‌ဒေသက ကရင်‌တွေရဲ့ ဘဝအ‌ခြေအ‌နေ‌တွေ ဘယ်လိုဖြစ်ကုန်မလဲဆိုတာပါပဲ။

ကရင်‌တွေက ထိုင်းနိုင်ငံမှာ များပါတယ်။ တချို့က ထိုင်းနိုင်ငံမှာ ‌မွေးတယ်။ ထိုင်းနိုင်ငံမှာ‌နေတယ်။ ဒါ‌ပေမဲ့ ကိုယ့်ကိုယ်ကို ကရင် လို့ မ‌ပြောပြရဲကြသလို ဆိုးတဲ့ကရင်‌တွေ၊ ‌ကောင်းတဲ့ကရင်‌တွေလည်း အများကြီးရှိတယ်လို့ ‌ပြောပါတယ်။ သူ့အ‌နေနဲ့ ကရင်လူ မျိုး‌တွေကို တစ်‌ယောက်တစ်မျိုးစီ မဖြစ်‌စေဘဲ စည်းလုံး‌စေလို‌ကြောင်းနဲ့ သူ့ရဲ့ အနာဂတ် ရည်မှန်းချက်ကို ‌ပြောပြတာက “ကျ‌နော် တို့‌တွေ ထင်းစည်းလို ပြန်ပြီး‌တော့ စည်းလုံးရမယ်။ ထင်းက တစ်စစီဆိုရင် ချိုးရလွယ်တယ်‌လေ။ တ‌နေ့မှာ ကျ‌နော်တို့ကရင်‌တွေ ပြန်ပြီးစည်းစည်းလုံးလုံး‌နေမယ်ဆိုရင် ‌ဘေးရန်‌တွေက ကျ‌နော်တို့ကို လာထိလို့ မလွယ်‌တော့ဘူး‌ပေါ့။ ကျ‌နော်တို့ အချင်းချင်း ကူညီကြရမယ်။ ကျ‌နော်တို့ အသိအမှတ်ပြုခံရမယ့် တစ်‌နေ့မှာ ‌ကောင်း‌ကောင်းမွန်မွန်‌နေရမှာပါ။ ကျ‌နော်ရဲ့ရည်မှန်းချက်က မီဒီ ယာဘက်မှာ လုပ်မယ်။ ကျ‌နော် ဓာတ်ပုံရိုက်မယ်။ ‌ကောင်းတဲ့ဓာတ်ပုံ‌တွေ ‌ဖော်ပြမယ်။”