Home ထိပ်တန်းသတင်း ရာဇာမင်းကားဓါးပြမှု အမှုမှန်‌ပေါ်‌ပေါက်‌ရေး ပြန်စိစစ်ရန် KUPC ‌တောင်းဆို

ရာဇာမင်းကားဓါးပြမှု အမှုမှန်‌ပေါ်‌ပေါက်‌ရေး ပြန်စိစစ်ရန် KUPC ‌တောင်းဆို

1944

‌မေ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ရာဇာမင်း ကားဓါးပြမှုတွင် ဖမ်းဆီးအပြစ်‌ပေးခံထားရသူများအတွက် အမှုမှန်‌ပေါ်‌ပေါက်‌ရေးကို သက်ဆိုင်ရာက ပြန်စိစစ်‌ပေးရန် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းနှင့်‌တွေ့ဆုံစဉ် ‌တောင်းဆိုခဲ့သည်ဟု ကရင်အမျိုးသား ငြိမ်းချမ်း‌ရေးနှင့် စည်းလုံးညီညွတ်‌ရေး ‌ကော်မတီဝင် (KUPC)တစ်ဦးဖြစ်သူ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌မေလ ၈ရက် ‌နေ့တွင် ‌ပြောသည်။

ပြီးခဲ့သည့် ‌မေလ ၁ရက်မှ ၂ရက်‌နေ့အထိ ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးမြို့၊ ဆယ်မိုင်ကုန်းရှိ၊ ‌ရွှေပြည်ရီ‌ဆော့ဟိုတယ်၌ ပြုလုပ်သည့် KUPC ‌ကော်မတီဝင်များ ပဉ်စမအကြိမ် အစည်းအ‌ဝေးသို့ တက်‌ရောက်လာသည့် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းကို ယင်းသို့ ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ရာဇာမင်းကားဓါးပြတိုက်မှုမှာ အခု အပြစ်‌ပေးခံရသူ‌တွေက တရားခံအစစ်မဟုတ်ဘူးလို့ ကျ‌နော်တို့သိရတယ်။ ဒီကိစ္စကို မွန် ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးလည်း သမ္မတထိ စာတင်ခဲ့ပြီးပါပြီး။ တရားခံ အစစ်အမှန်ကို ‌ပေါ်‌ပေါက်ဖို့ ပြန်လည် စိစစ်‌ပေးပါလို့ KUPC ကိုယ်စား ဦး‌အောင်မင်းကို ကျ‌နော်က ‌တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ထိုသို ့တင်ပြ‌တောင်းဆိုမှုအ‌ပေါ် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းက ယင်းအမှုနှင့်ပတ်သက်၍ တရားခံ အစစ်အမှန်များ ‌ပေါ် ‌ပေါက်‌စေ‌ရေးအတွက် အမှုကို ပြန်လည် စိစစ်‌ပေးသွားမည်ဖြစ်‌ကြောင်း KUPC ‌ကော်မတီဝင်များအား ပြန်လည်‌ပြောဆိုခဲ့သည် ဟု အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ‌ကော်မတီဝင်များ၏ ‌ပြောဆိုချက်များအရ သိရသည်။

လွန်ခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇွန်လ ၈ရက်‌နေ့က ကျိုက္ခမီ-ရန်ကုန်သွားသည့် ရာဇာမင်း ခရီးသည်တင် မှန်လုံကား အမှတ်-၈ဇ/ ၁၁၁၁ အား အမည်မသိလူ ၅ဦးက ဓါးပြတိုက်ခဲ့ရာ အဆိုပါ ဓါးပြမှုနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ သထုံခရိုင်တရားရုံးက ယခုနှစ် ဆန်းပိုင်းတွင် သထုံမြို့နယ်၊ စခန်းကြီး‌ကျေးရွာအုပ်စု‌နေ ရွာသားများဖြစ်ကြသည့် ‌စော‌အောင်ထူး၊ ‌စော‌ဇော်ဝိတ်၊ ‌စော‌မောင်ငယ်၊ ‌စောဝင်းဗိုလ်နှင့် ‌စော‌ဂေးတို့ကို ပုဒ်မ ၃၉၆ဖြင့် ‌သေဒဏ်ချမှတ်ခဲ့သလို ‌စောလင်း‌အောင်ကိုလည်း ပုဒ်မ ၃၉၆/၁၁၉ အရ တစ် သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ထိုသို့ အပြစ်‌ပေးခံထားရသူများကို သထုံမြို့နယ်နှင့် ‌ဝေးလံ‌သော ‌မြောင်းမြ‌ထောင်၊ အင်းစိန်‌ထောင်၊ ပြည်‌ထောင်၊ ‌တောင်ငူ ‌ထောင်၊ ‌တောင်ကြီး‌ထောင် စသည့်‌နေရာအသီးသီးသို့ အစိုးရက ပို့‌ဆောင်ထားသည့်အတွက် ‌ထောင်ဝင်စာသွား‌တွေ့ရန်အတွက် အခက်အခဲများစွာရှိသည်ဟု အပြစ်‌ပေးခံထားရသည့် မိသားစုဝင်များက ‌ပြောသည်။

အပြစ်‌ပေးခံရသူတစ်ဦးဖြစ်သည့် ‌စော‌မောင်ငယ်၏ဇနီး ‌နော်ချိုအိက “ကျမတို့ အမျိုးသား‌တွေက ကားဓါးပြမှုမှာ မပါကြဘူးဆို တာ သိတယ်။ အမှန်အတိုင်း စိစစ်မယ်ဆိုရင် သူတို့ပြန်လွှတ်လာမယ်လို့ ‌မျှော်လင့်တယ်။ ကျမတို့က အမှန်တရားပဲ လိုချင်ပါ တယ်။ စားဝတ်‌နေ‌ရေးအတွက် ကြီးကြီးမားမားကြုံရ‌တော့ က‌လေး‌တွေလည်း ‌ကျောင်းပြန်‌နေဖို့‌တော့ မလွယ်‌တော့ဘူး”ဟု ‌ပြော သည်။

အဆိုပါကားဓါးပြတိုက်ခံရမှုနှင့် ပတ်သက်၍ အပြစ်‌ပေးခံထားရသူများမှာ တရားခံအစစ် မဟုတ်နိုင်သလို တရားစီရင်ရာတွင် လည်း လွဲမှားမှုများစွာရှိ‌နေသည့်အတွက် သထုံမြို့နယ်၊ စခန်းကြီး‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး အပါအဝင် ‌ဒေသခံများက အမှု မှန် ပြန်လည်‌ဖော်ထုတ်‌ပေးရန်၊ အမှန်တကယ် ကျူးလွန်သူများကိုသာ အပြစ်‌ပေးရန်နှင့် အပြစ်မရှိသူများကို လွှတ်‌ပေးရန် နိုင်ငံ ‌တော် သမ္မတ အပါအဝင် ဝန်ကြီးဌာန ၁ဝခုသို့ အသနားခံစာ‌ပေးပို့ထား‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။