Home သတင်း ရပ်ရွာကာကွယ် ‌လေ့လာ‌စောင့်ကြည့်ခြင်း ဆရာဖြစ်သင်တန်း KWEG နှင့် NP တို ့ပူး‌ပေါင်းဖွင့်လှစ်

ရပ်ရွာကာကွယ် ‌လေ့လာ‌စောင့်ကြည့်ခြင်း ဆရာဖြစ်သင်တန်း KWEG နှင့် NP တို ့ပူး‌ပေါင်းဖွင့်လှစ်

1458

‌မေ ၈ ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ချောင်‌ဖော့

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန်ရည်ရွယ်ပြီး ရပ်ရွာကာကွယ်ခြင်းနှင့် ‌လေ့လာ‌စောင့်ကြည့်ခြင်း ဆရာဖြစ်သင် တန်းတစ်ရပ်ကို ‌မေ ၄ မှ ၉ ရက်ထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးရုံး၌ ဖွင့်လှစ်သင်ကြား‌ပေး‌နေသည်ဟု ယင်းရုံး စီမံကိန်း ညှိနှိုင်း‌ရေးမှူး ‌နော်ခိုင်သစ္စာက ‌ပြောသည်။

သူမက “ကျမတို ့သင်တန်းမှာ အကြမ်းမဖက်ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်တဲ့လုပ်ငန်းစဉ်ကို သင်‌ပေးတယ်၊ ဒီ‌နေရာမှာ တစ်ဖက်နဲ့ တစ်ဖက် လက်နက်နဲ ့အကြမ်းဖက်တာ‌တွေအပြင်၊ ထင်သာမြင်သာမဟုတ်တဲ့ ယဉ်‌ကျေးမှုအရ၊ နည်းစနစ်အရ စတဲ့အကြမ်းဖက် နည်းအမျိုးမျိုး‌တွေကို ‌လျော့ပါး‌အောင်လုပ်ရမဲ့ နည်းစနစ်‌တွေကို သင်‌ပေးတာဖြစ်တယ်”ဟု ‌နော်ခိုင်သစ္စာက ‌ကေအိုင်စီသို့ ‌ပြော သည်။

၆ရက်ကြာဖွင့်လှစ်သည့် ့ ဆရာဖြစ်သင်တန်းသို့ ကရင်ပြည်နယ်၊ ဖားအံနှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိ ရပ်ဖများ၊ လူငယ်များ စုစု‌ပေါင်းလူဦး‌ရေ ၂ဝ ဦးတက်‌ရောက်‌နေပြီး ယင်းသင်တန်းကို ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း (KWEG) နှင့် အကြမ်းမဖက်ငြိမ်းချမ်း‌ရေးအဖွဲ့(Nonviolent peaceforce) တို့က ပူး‌ပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်ဟု သင်တန်းတာ ဝန်ခံများက ဆိုသည်။

အကြမ်းမဖက်ငြိမ်းချမ်း‌ရေးအဖွဲ့(NP)မှ တာဝန်ရှိတစ်ဦးဖြစ်သည့် မစ္စရိုစ့်မာရီ (Ms.ROSEMARY MUTHONI GAKURE KABAKI) က “သင်တန်း‌ပေးဖို ့၊ ကာကွယ်‌စောင့်ကြည့်‌ရေး နည်းစနစ်‌တွေ ‌ပေးဖို့ကို ကရင်အမျိုး သမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့က‌နေပြီး‌တော့ ကျမတို့အဖွဲ့ကို ‌တောင်းဆိုလို ့ ‌ရောက်လာတာဖြစ်တယ်။ ကျမတို့အ‌နေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လုပ်ခဲ့တဲ့ အ‌တွေ့အကြုံလည်း အများ ကြီးရှိခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်း တက်‌ရောက်‌နေသူ ဖားအံမြို့မှ ကိုမြင့်‌အောင်က “ ကျ‌နော်ဒီသင်တန်းမတက်ခင်က ဆိုရင် ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်ပြီး ‌လေ့လာ‌စောင့်ကြည့်တာကို အပစ်အခတ်ရပ်စဲတဲ့ အဖွဲ့နှစ်ဖွဲ ့က ‌စောင့်ကြည့်ရမယ်လို့ ထင်ထားတာ ဒီသင်တန်းတက်မှ အရပ် သား‌တွေရဲ့အ‌ခြေအ‌နေ က‌လေးသူငယ်၊ အမျိုးသမီးစတဲ့ ထိလွယ်ရှလွယ်တဲ့ ပြည်သူ‌တွေရဲ့အခန်းကဏ္ဍကို ကာကွယ်‌ပေးရမယ် ဆိုတာကို ပိုသိလာတယ်”ဟု ‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်းအ‌နေဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက ‌ရွေး ‌ကောက်ပွဲဆိုင်ရာ အသိပညာ‌ပေး (Voter Education) နှင့် လူထုအသိပညာ‌ပေး(Civil Education) ဆရာဖြစ် သင်တန်းတို ့ကို ပထမဆုံးအကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို အမျိုးသမီးများအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မြှင့်တင်‌ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်‌ပေးလျှက်ရှိ‌ကြောင်း ရုံးတာဝန်ရှိသူများထံမှ သိရသည်။