Home သတင်း မဲ‌ဆောက်-မြဝတီနယ်စပ်တံတားထိပ်၌ စစ်‌ဆေးမှုများ တိုးမြှင့်လုပ်‌ဆောင်

မဲ‌ဆောက်-မြဝတီနယ်စပ်တံတားထိပ်၌ စစ်‌ဆေးမှုများ တိုးမြှင့်လုပ်‌ဆောင်

1759

‌မေ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မကြာ‌သေးခင်က ထိုင်းဘက်ခြမ်းတွင် စိတ်ကြွ‌ဆေး(ရာဘ)အ‌မြောက်အမြား ဖမ်းဆီးရမှု‌ကြောင့် ‌မေလ တတိယပတ်အတွင်း ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်‌ရေး မဲ‌ဆောက်-မြဝတီတံတား၌ ဝင်ထွက်သွားလာ‌သော ‌မော်‌တော်ယာဉ်များကို မြန်မာဘက်ခြမ်း မှ ရဲတပ်ဖွဲ့ဝင်များက စစ်‌ဆေးမှုများ တိုးမြှင့်လုပ်‌ဆောင်လျှက်ရှိသည်။

တံတားလုံခြုံ‌ရေးဋ္ဌာနမှ ဒုရဲအုပ်‌ကျော်သင်း‌အောင်က “မူးယစ်‌ဆေးဝါးနဲ့ပတ်သက်တာ လုံခြုံ‌ရေးတင်းကြပ်တာက ကျ‌နော်တို့ လုပ် ရိုးလုပ်စဉ်တစ်ခုပါ။ ဥပ‌ဒေ မကင်းတာ စစ်‌ဆေးတယ်ဆိုတာက လက်နက်ခဲယမ်းနဲ့ ‌ဖောက်ခွဲ‌ရေးပစ္စည်း‌တွေကို စစ်‌ဆေးပါတယ်။ လူဝင်လူထွက်က‌တော့ တရားမဝင် ဝင်‌ရောက်လာတဲ့ လူ‌တွေ မရှိဖို့အတွက် စစ်‌ဆေးပါတယ်”ဟု ယ‌နေ့ သတင်း‌ထောက်များကို ‌ပြောသည်။

ယခုလ ‌မေ ၂၃ရက်‌နေ့က ချစ်ကြည်‌ရေးတံတားတွင် မြန်မာခရီးသည်တင်ကားတစီး‌ပေါ်၌ စိတ်ကြွ‌ဆေးပြား (ယာဘ) ၂သိန်းနဲ့ ၆ ‌သောင်းကို ထိုင်းဘက်ခြမ်းက ဖမ်းဆီးရမှုနှင့် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မှတဆင့် မြန်မာနိုင်ငံ၊ မြဝတီဘက်ကို တရားမဝင် ဝင်‌ရောက် လာသူ တရုတ်နိုင်ငံသား ၄ဦးကို မြဝတီရဲတပ်ဖွဲ့က ဖမ်းဆီးရမိ‌သော‌ကြောင့် ယခုလို စစ်‌ဆေးမှုများ တိုးမြှင့်လုပ်‌ဆောင်လာခြင်း ဖြစ်သည်။

လုံခြုံ‌ရေးတင်းကြပ်မှုအ‌ပေါ် မြဝတီ-မဲ‌ဆောက် ခရီးသည်တင် ကား‌မောင်းသူတစ်ဦးက “မြဝတီတံတားကို ဖြတ်သွားတဲ့လူ‌တွေက အတုအ‌ယောင်‌တွေများတယ်ဗျ။ အခု စစ်‌ဆေးတာ ‌ကောင်းပါတယ်။ ဒါ‌ပေမယ့် အချို့ခရီးသည်‌တွေက အစစ်အ‌ဆေးကြမ်းလို့ဆို ပြီး ‌အောက်လမ်း(တံတား‌အောက်)ဘက်ကိုပဲ ဖြတ်သွား‌တော့ ကျ‌နော်တို့အ‌နေနဲ့က နည်းနည်းအခက်‌တွေ့တယ်‌ပေါ့‌လေ”ဟု ‌ပြောသည်။

ထို့အပြင် မြန်မာဘက်ခြမ်း၌ စစ်‌ဆေးမှုများ တိုးမြှင့်လုပ်‌ဆောင်သကဲ့သို့ ထိုင်းဘက်ခြမ်းရှိ ချစ်ကြည်‌ရေး တံတားထိပ်နှင့် တံတား ‌အောက် စက်‌လှေဂိတ်‌နေရာများမှ ဝင်ထွက်သွားကြ‌သော ခရီးသည်များကိုလည်း ထိုင်းစစ်တပ်က ‌စောင့်ကြပ်စစ်‌ဆေးမှုများ ယခင်ထက် တိုးမြှင့်လုပ်‌ဆောင်လျှက်ရှိသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ထိစပ်‌နေ‌သော မြို့တမြို့ဖြစ်သည့် မဲ‌ဆောက်မြို့တွင် မြန်မာဘက်ခြမ်းက တင်သွင်းလာသည့် စိတ်ကြွ ‌ဆေးပြား(ရာဘ)များကို ထိုင်းအာဏာပိုင်ဘက်က မကြာခဏ ဖမ်းဆီးရမိခဲ့သလို ‌နောက်ထပ် ‌ဆေးပြား အ‌ရေအတွက် သန်း ၄‌ထောင်ခန့် ထပ်မံ ဝင်‌ရောက်လာနိုင်သည်ဟု ထိုင်းဘက်ခြမ်းက ခန့်မှန်း‌ပြောဆိုသည်။