Home သတင်း မယ်လဒုက္ခသည်စခန်းတွင်း ယခင်နှစ်များထက် ‌ရေရှားပါးမှုပြဿနာကြုံ‌နေရ

မယ်လဒုက္ခသည်စခန်းတွင်း ယခင်နှစ်များထက် ‌ရေရှားပါးမှုပြဿနာကြုံ‌နေရ

1445

‌မေ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မယ်လဒုက္ခသည်စခန်းတွင် ရာသီဥတုပူပြင်းမှု၊ ‌ရေသွယ်တန်းရာ ‌ချောင်းဖျား၌ ‌ရေခမ်း‌ခြောက် လာမှုနှင့် စီးပွားဖြစ် သွား‌ရောက်‌ရေသွယ်တန်းသူ များပြားလာမှုတို့‌ကြောင့် ယခုနှစ် မတ်လမှ ‌မေလအတွင်း ယခင်နှစ်များထက် ‌ရေရှားပါးမှုပြဿနာ ကြုံ‌တွေ့‌နေရသည်ဟု စခန်း၏ ‌ရေဖြန့်‌ဝေ‌ရေး ‌ကော်မတီ တာဝန်ရှိသူ ‌စောထူးက‌ပေါ်က ‌ကေအိုင်စီသို့ ‌ပြော သည်။

‌စောထူးက‌ပေါ်က “ဒီနှစ် ရာသီဥတုအရမ်းပူတဲ့အတွက် ကျ‌နော်တို့ ‌ရေသွယ်တန်း‌နေတဲ့ ‌ချောင်းဖျားက ‌ရေ‌တွေ ခမ်းသ‌လောက် ဖြစ်‌နေတာ‌ကြောင့် စခန်းသူစခန်းသား‌တွေအတွက် ‌ရေရှားပါးတဲ့ပြဿနာ အရင်နှစ်ထက် ကြုံ‌နေရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ရက်ကို ၁ကြိမ်သာ ‌ရေဖြန့်‌ဝေ‌ပေးနိုင်ရာက‌နေ အခု တစ်ရက် ၂ကြိမ် ဖြန့်‌ဝေနိုင်‌အောင် စီးပွားဖြစ် ‌ရေသွယ်တဲ့လူ‌တွေအ‌နေနဲ့ ညှိနှိုင်းလုပ်‌ဆောင်‌နေပါတယ်”ဟု ‌ပြောသည်။

လက်ရှိ ကြုံ‌တွေ့‌နေရသည့် ‌ရေရှားမှုပြဿနာကို ‌ဖြေရှင်းနိုင်ရန် အ‌ရေး‌ပေါ်အ‌နေဖြင့် စခန်းတစ်ခုလုံးအတွက် ၉ရက်စာ လုံ ‌လောက်မည့် ‌ရေကန်ကြီးတစ်ခုတည်‌ဆောက်ထားသလို ‌ချောင်းဖျားတွင် စီးပွားဖြစ် ‌ရေသွယ်တန်း‌နေသူများ နည်းသထက် နည်းလာ‌အောင် ညှိနှိုင်းလုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

မယ်လစခန်း ဥက္ကဋ္ဌ ‌စော‌အောနက်စ်ကလည်း “စီးပွားဖြစ်လုပ်တဲ့လူ‌တွေနဲ့ ကျ‌နော်တို့ တိုင်ပင်‌နေပါတယ်။ အကယ်၍ အဆင်မ ‌ပြေရင် စခန်းမှာရှိတဲ့ ထိုင်းအာဏာပိုင်‌တွေနဲ့ တိုင်ပင်သွားဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ‌ရေပြဿနာက လွယ်တဲ့ပြဿနာ မဟုတ်ဘူး‌လေ”ဟု ‌ပြောသည်။

ထို့အပြင် စခန်းအတွင်း‌နေထိုင်သူ ဒုက္ခသည်များသည် ယခုလို ‌ရေရှားပါးလာမှု‌ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်က ‌ရေလုခပ် ရာမှ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားသည့်အထိ ဖြစ်ပွားခဲ့ရသည်ဟု ကိုယ်တိုင်ကြုံ‌တွေ့‌နေရသူများက ဆိုသည်။

မယ်လစခန်း ဇုံ-ဘီ ရပ်ကွက်(၃)‌နေ ‌နော်အယ်‌ဖောဝါးက“ဒီလို ‌ရေရှားပါးတဲ့အတွက် ချက်ဖို့၊ ပြုတ်ဖို့၊ နဲ့ အဝတ်‌လျှော်ဖို့အတွက် အခက်အခဲ ကြုံ‌နေရပါတယ်။ တချို့ဆို စကားများကြပြီး‌တော့ ‌ရေဗုံးရိုက်ခွဲကြတဲ့အထိ ရှိတယ်။ ကျမတို့ဖြစ်‌စေချင်တာ တာဝန်ရှိ သူ‌တွေအ‌နေနဲ့ ‌ရေပုံမှန်ပဲ ‌ပေးလာ‌စေချင်တယ်”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့၏ ‌မြောက်ဘက် ကီလီမီတာ ၆၀‌ကျော်အကွာရှိ လူဦး‌ရေ ၄‌သောင်း‌ကျော် ‌နေထိုင်‌သော မယ်လဒုက္ခသည်စခန်းတွင် ယခုလို ရာသီအချိန်ကျ‌ရောက်တိုင်း ‌ရေရှားပါးမှု နှစ်စဉ်ကြုံ‌တွေ့‌နေရ‌သော်လည်း ယခုနှစ်မှာ အဆိုး ဆုံးဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။