Home တွေ့ဆုံမေးမြန်းခန်း မန်းသိန်း‌ဇော် (အဖွဲ့‌ခေါင်း‌ဆောင် – Thwee Community Development Network)

မန်းသိန်း‌ဇော် (အဖွဲ့‌ခေါင်း‌ဆောင် – Thwee Community Development Network)

1797

‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း၊ ‌လောင်းကိုင် ဖားကျ‌ကျေးရွာမှာ အ‌ခြေစိုက်ပါတယ်။ သွီးအဖွဲ့က‌နေပြီး‌တော့ ‌ဒေသခံပြည်သူလူ ထု‌တွေကြားမှာ Awareness training ‌တွေ‌ပေးတယ်။ ‌ဒေသနဲ့ကိုက်ညီ‌သော ‌ပြောင်းလဲလာ‌သော နိုင်ငံ‌ရေးအ‌ခြေအ‌နေနဲ့ လူမှု ‌ရေးအ‌ခြေအ‌နေ‌တွေ‌ပေါ်မှာ ကျ‌နော်တို့ လူထု‌တွေကို လိုအပ်တဲ့အမြင်ဖွင့်‌ပေးတယ်။ ပြီးရင် ‌နွေရာသီမှာ ကျ‌နော်တို့ အဂင်္လိပ်စာ သဒ္ဒါသင်တန်းနဲ့ စကား‌ပြောသင်တန်း‌တွေ၊ အ‌ခြေခံသင်တန်း‌တွေကို ကျ‌နော်တို့က ဖွင့်လှစ်‌ပေးတယ်။ ‌နောက်လာမဲ့ မျိုးဆက် သစ်‌တွေအတွက်ပါ ကျ‌နော်တို့ လုပ်‌ဆောင်‌ပေးပါတယ်။

‌မေး။ ။ လာမဲ့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး အခုချိန်မှာ မဲဆန္ဒရှင် ပြည်သူလူထု‌တွေရဲ့ စိတ်ဝင်စားမှု‌တွေက ဘယ်လို အတိုင်းအတာထိ ရှိ‌နေပါသလဲ။
လက်ရှိ ကျ‌နော်တို့အဖွဲ့နဲ့ ဆက်စပ်‌နေတဲ့ ‌ကျေးရွာအုပ်စု‌တွေ၊ ‌နေရာ‌ဒေသ‌တွေမှာဆိုရင် ပြည်သူလူထုရဲ့ ‌ရွေး‌ကောက်ပွဲအ‌ပေါ် စိတ်ပါဝင်စားမှုက ‌တော်‌တော်‌လေးကို မရှိသ‌လောက် နည်းပါတယ်။ ဒါကလည်း ဘာ့‌ကြောင့်လဲဆို‌တော့ ‌ရွေး‌ကောက်ပွဲနဲ့ ပတ် သက်ပြီး ပြည်သူလူထု‌တွေ စိတ်ဝင်စားလာ‌အောင်ရယ်၊ ပါဝင်လာ‌အောင်ရယ်၊ သူတို့ရဲ့ အခန်းကဏ္ဍက အ‌ရေးကြီးတယ်ဆိုတာ ရယ် အဲဒီအပိုင်းမှာ ပညာ‌ပေးတာတို့၊ စည်းရုံးလှုံ့‌ဆော်တာတို့၊ ‌ဟော‌ပြောတဲ့အပိုင်း‌တွေမှာက မရှိသ‌လောက် ‌တော်‌တော်နည်းတဲ့ အတွက်‌ကြောင့်လို့ ကျ‌နော်တို့က ယူဆတယ်။ ဒီ‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး‌တော့လည်း သူတို့ ဘာမှနားမလည်‌နေဘူး။ ‌ကျေး လက်‌နေ ပြည်သူလူထုဖြစ်တဲ့အတွက် ၁၀ဝမှာ ၃၅%‌လောက်ပဲ မြို့‌ပေါ်သွားလာတယ်၊ စာဖတ်တတ်တယ်။ ဗဟုသုတ ‌ရေဒီယို နား‌ထောင်တတ်သူ‌တွေ‌လောက်ကပဲ သင့်ရုံ‌လောက် နားလည်‌နေပြီး‌တော့ စိတ်ပါဝင်စားတယ်ဆိုတဲ့ အဆင့်‌လောက်ပဲ ရှိတယ်။ ကျန်တဲ့ လုံးဝကို မသိတဲ့လူက အများကြီးဖြစ်‌နေတယ်‌ပေါ့။
‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး‌တော့ ကျ‌နော်တို့ဟာ နိုင်ငံသားတစ်‌ယောက်ဖြစ်တယ်။ ‌ဒေသခံ ပြည်သူတ‌ယောက်ဖြစ်တယ်။ ကျ‌နော်တို့ရဲ့မဲဟာ အ‌ရေးကြီးတယ်။ ကျ‌နော်တို့‌တွေ မဲ‌ပေးရမယ်ဆိုတဲ့ အပိုင်း‌တွေကို ဂဃနဏ သိ‌နေတဲ့သူက‌တော့ တအား ရှားတယ်။ ၁၀ဝမှာ အနည်းဆုံး ၃၅‌ယောက်‌လောက်ကပဲ သူတို့ရဲ့ Right နဲ့ Role ကိုသိမှာ။ ငါတို့နဲ့ မဆိုင်ပါဘူး။ ဒါဟာ စစ်အစိုးရ လုပ်‌နေတာပဲဆိုပြီး ခံယူတဲ့သူက အများကြီးရှိ‌နေတယ်ဆိုတာ ကျ‌နော်တို့ မြင်‌တွေ့‌နေရတယ်။

‌မေး။ ။ ဒီလိုလူထုရဲ့ ‌ရွေး‌ကောက်ပွဲအ‌ပေါ် စိတ်ဝင်စားမှု အားနည်း‌နေရတာက ဘာ့‌ကြောင့်လို့ ထင်ပါသလဲ။
ကျ‌နော့်အမြင်နဲ့‌ပြောရရင် နံပါတ်တစ် ဗဟုသုတ မကြွယ်တဲ့အပိုင်းမှာလည်း ပါသလို နံပါတ်နှစ်က စည်းရုံး‌ဟော‌ပြောမှု အားနည်း တဲ့အပိုင်းနဲ့ တစ်ဖက်က လုပ်တဲ့အ‌ပေါ်မှာ မယုံကြည်တဲ့အပိုင်းကလည်း ပါဝင်ပတ်သက်လိမ့်မယ်လို့ ကျ‌နော်တို့ ယူဆတယ်။ ‌ရွေး ‌ကောက်ပွဲကို အယုံအကြည် မရှိဘူး‌ပေါ့ သ‌ဘောက။ ကျ‌နော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ့က‌တော့ ပြည်သူလူထု ‌တွေ ‌ရွေး‌ကောက်ပွဲအ‌ကြောင်းကို နားလည် လာ‌အောင်ရယ်၊ သူတို့‌တွေရဲ့ မဲတစ်ပြားက တိုင်းပြည်အတွက်၊ ‌ဒေသအတွက်၊ နိုင်ငံ သား‌တွေအတွက် တအားကို အ‌ရေးကြီးတယ်ဆိုတာ သိဖို့ဆိုရင်‌တော့ လက်ရှိ နိုင်ငံ‌တော်ကို အုပ်ချုပ်‌နေတဲ့ နိုင်ငံ‌တော်အစိုးရအ ပြင် ဋ္ဌာနဆိုင်ရာ ပြည်နယ်၊ တိုင်း အဆင့်ဆင့် တာဝန်ယူ‌နေ‌သော ပုဂ္ဂိုလ်‌တွေ တအား အ‌ရေးကြီးပါတယ်။ ဒိအပြင် သူတို့ချည်းပဲ လုပ်‌ဆောင်လို့မရနိုင်တဲ့အရာ‌တွေ ရှိတယ်‌ပေါ့‌နော်။ ကျ‌နော်တို့လို စီဘီအို၊ စီအက်စ်အိုလို့‌ခေါ်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေ ရဲ့ အခန်းကဏ္ဍကလည်း အ‌ရေးကြီးပါတယ်။ ကျ‌နော်တို့‌တွေ ပူး‌ပေါင်းလုပ်‌ဆောင်မှသာလျှင် ‌ရွေး‌ကောက်ပွဲဆိုတဲ့ အဓိပ္ပါယ်၊ အနှစ်သာရကို တိတိကျကျ ပြည်သူလူထုက သိနိုင်မှာဖြစ်တယ်။

ကျ‌နော်တို့ ကရင်ပြည်နယ်မှာက ‌ဒေသခံပါတီ‌တွေဖြစ်တဲ့ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ KPP (ကရင် ပြည်သူ့ပါတီ)၊ ကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုး‌ရေး၊ ပြီးရင် တစည(တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေး)၊ ပြီးရင် NLD အဲဒီပါတီ‌တွေ‌လောက်ပဲ ရှိပါတယ်။ ‌ကော့ကရိတ်မှာ သူတို့အဓိက ပစ်မှတ်ထားတာက ‌ကော့ကရိတ်‌ဒေသခံ‌တွေက လူဦး‌ရေများတယ်။ ကရင်အများစုဖြစ် တယ်။ အဲ့မှာ သူတို့ဝင်ပြိုင်ဖို့က တာစူ‌နေတာများတယ်။ လက်ရှိ ကျ‌နော်တို့လုပ်‌ဆောင်‌နေတဲ့အ‌ပေါ်မှာ ပြည်သူလူထု‌တွေရဲ့ အသိဉာဏ်ပညာဖွံ့ဖြိုးမှုက တအား အားနည်း‌နေ‌သေးတယ်။ တစ်ချို့‌နေရာမှာဆိုရင် ‌ကြောက်ကို‌ကြောက်‌နေတာ။ သူတို့လုပ်‌နေ တဲ့ လူမှု‌ရေးဆိုရင်‌တောင်မှ ဒါဟာ နိုင်ငံ‌ရေးလို့ မြင်ပြီး‌တော့ မပါဝင်လာ‌တွေလည်း ရှိတယ်။ လက်မခံနိုင်ရဲတာ‌တွေလည်း ရှိ‌နေ တာကို ကျ‌နော်တို့ မြင်‌နေရတယ်‌ပေါ့။ အဆိုးဆုံးက ‌ကော့ကရိတ်‌မြောက်ပိုင်း။ ‌နောင်တကွဲတို့ မြပဒိုင်တို့ အဲဒီဘက်ခြမ်းကလူ ‌တွေ ‌တော်‌တော်ကို ‌ကြောက်စိတ်‌တွေ တအားရှိ‌နေ‌သေးတာ မြင်‌တွေ့‌နေရတယ်။

‌မေး။ ။ အဲဒီလိုမြင်‌တွေ့‌နေရတဲ့အ‌ပေါ် ‌ဒေသခံ‌တွေရဲ့ လိုအပ်ချက်‌တွေ၊ အားနည်းချက်‌တွေ ရှိ‌နေတဲ့အခါ အခုဝင်ပြိုင်မယ့် ပါတီ ‌တွေကို ဒီ‌ဒေသကလူ‌တွေအတွက် ဘာ‌တွေလုပ်‌ပေး‌စေချင်လဲ။ ဘယ်‌လောက်ထိ ‌မျှော်မှန်းထားပါလဲ။
‌ဖြေ။ ။ ကျ‌နော်တို့က‌တော့ ဒီ ၂၀၁၅ ‌ရွေး‌ကောက်ပွဲဟာ ‌ကောင်းမွန်တည့်မတ်တဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ဖို့ဆိုရင် မှန်ကန်‌ကောင်း မွန်ပြီး‌တော့ အရည်အချင်းပြည့်ဝတဲ့ ‌ခေါင်း‌ဆောင်‌တွေ ရရှိဖို့ဆိုရင် ဘယ်နို်င်ငံ‌ရေးပါတီမဆို သူတို့ ဝင်ပြိုင်မယ့်‌ဒေသမှာရှိတဲ့ ပြည် သူလူထု‌တွေကို မဲ‌ရွေးချယ်ပုံ ‌ရွေးချယ်နည်းနဲ့ပတ်သက်ပြီး‌တော့ သူတို့ရဲ့ မဲတစ်ပြားသည် ဘယ်လိုအ‌ရေးကြီးပါတယ်။ နိုင်ငံသား တစ်‌ယောက်ရဲ့ အခွင့်အ‌ရေးက ဘယ်လိုရှိပါတယ်ဆိုတာမျိုးကို သူတို့‌တွေကိုယ်တိုင်က လုပ်‌ပေးရင်ပို‌ကောင်းတယ်‌ပေါ့‌နော်။ ‌ကောင်းမွန်တည့်မတ်တဲ့‌ရွေး‌ကောက်ပွဲဖြစ်လာဖို့ မဲ‌ပေးတဲ့စနစ်‌တွေ ‌ပေါ်‌ပေါက်လာဖို့ဆိုရင်‌တော့ သူတို့ကိုယ်တိုင်က သန့်သန့် ရှင်းရှင်းနဲ့ ဝင်‌ရောက်ယှဉ်ပြိုင်တဲ့ စိတ်ဓာတ်‌တွေလည်း ရှိဖို့အ‌ရေးကြီးပါတယ်။ အဲလိုမှမဟုတ်ရင် ၂၀၁ဝတုန်းကပုံစံမျိုးလိုပဲ ပြန်သွားနိုင်ပါတယ်။

‌မေး။ ။ ခုနက ‌ပြောသလိုမျိုး မဲ‌ပေးတဲ့အပိုင်းကို မသိနားမလည်မှု‌တွေရှိ‌နေသလို တဖက်မှာလည်း ‌ဒေသခံ‌တွေရဲ့ ‌မြေယာနှစ် ကာလရှည်ကြာစွာ သိမ်းဆည်းခံခဲ့ရတာကိုလည်း မလုပ်‌ပေးနိုင်‌သေးဘူးဆို‌တော့ ဒီပါတီ‌တွေကို‌ရော ဘယ်လိုလုပ်‌ပေး‌စေချင်သ လဲ။
‌ဖြေ။ ။ အဲဒါကိုလည်း ‌ပြောချင်ပါတယ်။ လက်ရှိ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသွားတဲ့ ပါတီကိုယ် စားလှယ်‌တွေ လွှတ်‌တော်ကိုယ်စားလှယ်‌တွေလည်း ရှိသလို လက်ရှိ ထူ‌ထောင်ထားတဲ့ပါတီ‌တွေလည်း ရှိပါတယ်။ အခု ကျ‌နော် တို့ မြန်မာနိုင်ငံအ‌ခြေအ‌နေက ‌ဒေသခံလူထု‌တွေနဲ့ပတ်သက်လို့ လယ်သိမ်းယာသိမ်းပြဿနာ‌တွေရှိတယ်။ အမှန်ကိုအမှန်အ တိုင်း ဖွင့်‌ပြောပိုင်ခွင့်မရတာ‌တွေလည်း ရှိတယ်။ ‌ဒေသဖွံ့ဖြိုး‌ရေးနဲ့ပတ်သက်ပြီး လမ်းတံတားစီမံကိန်း‌တွေနဲ့ပတ်သက်လာရင် ကျ‌နော်တို့က ဘာကိုမြင်‌တွေ့ချင်လဲဆိုရင် ‌ဒေသခံပြည်သူ‌တွေရဲ့ ‌ပြောပြချက်အရ လမ်း‌ဖောက်၊ တံတား‌ဆောက်တာကို သူတို့ လက်ခံတယ်။ ဒါ‌ပေမယ့် အဲလို လမ်း‌ဖောက်တံတား‌ဆောက်တဲ့‌နေရာမှာဆိုရင် ‌ဒေသခံ‌တွေရဲ့ ‌မြေယာ‌တွေကို အဓမ္မသိမ်းယူတာ၊ လိုတာထက်ပိုပြီး သိမ်းယူတာမျိုး‌တော့ သူတို့က နားမလည်‌ပေးနိုင်ဘူး။ လက်မခံ‌ပေးနိုင်ဘူး‌ပေါ့‌နော်။

ဒီအ‌ပေါ်မှာလည်းပဲ နိုင်ငံ‌တော်အစိုးရအ‌နေနဲ့‌သော်လည်း‌ကောင်း၊ ပြည်နယ်အစိုးရအ‌နေနဲ့‌သော်လည်း‌ကောင်း တာဝန်ရှိသလို မိမိ‌ဒေသက‌နေ ‌ရွေး‌ကောက်ယှဉ်ပြိုင်ပြီး‌တော့ အနိုင်ရထားတဲ့ ကိုယ်စားလှယ်‌လောင်း‌တွေအ‌နေနဲ့လည်း အဓိကတာဝန်ရှိတယ် လို့ ‌ပြော‌နေကြတယ်။ ဥပမာ ‌ကော့ကရိတ်‌မြောက်ပိုင်းမှာ အနိုင်ရရှိသွားတဲ့ ဦးသူရိန်‌ကျော်က နိုင်သွားပြီး‌တော့မှ ‌ဒေသနဲ့ပတ် သက်တဲ့ ပြဿနာ‌တွေ ဥပမာ နဘူး‌တောင်နား‌ကျေးရွာမှာ စစ်တပ်က‌နေ သိမ်းထားတဲ့‌မြေယာနဲ့ပတ်သက်ပြီး‌တော့ ‌ဒေသခံ ပြည် သူလူထု‌တွေ ပြန်လည်ရရှိဖို့အတွက် သူ့ရဲ့စွမ်း‌ဆောင်မှုဆိုတာ ဘာမှမမြင်ရဘူး‌ပေါ့‌နော်။ ‌နောက်ဆုံး‌တော့ ကျ‌နော်တို့အရပ်ဖက် လူမှုအဖွဲ့အစည်း‌တွေကိုပဲ အားကိုးလာတာမျိုး‌တွေ ကျ‌နော်တို့မြင်ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာဆို လည်း ပြည်သူလူထုက သူတို့အ‌ပေါ်မှာ ယုံကြည်မှု လုံးဝ အားနည်းသွားပြီဆိုတာကို ကျ‌နော်တို့ တွက်လို့ရတယ်‌ပေါ့။

‌နောက်တစ်ခုက ‌ဒေသမှာရှိတဲ့ ‌ကျောင်း‌တွေ ‌ဆေး‌ပေးခန်း‌တွေ ‌ဆောက်‌ပေး‌နေတဲ့အ‌ပေါ်မှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ‌ပြောချင်တာက ဒီစီမံကိန်း‌တွေလာလုပ်တယ်။ ဘယ်က‌နေ ပိုက်ဆံရသလဲ။ အစိုးရဘတ်ဂျက်လား။ မဟုတ်လည်း NGO/ INGO ‌တွေလို နိုင်ငံတကာက ‌ထောက်ပံ့တဲ့ ‌ငွေ‌ကြေးလားဆိုတာကို တိတိကျကျ ‌အောက်‌ခြေမှာရှိတဲ့ ‌ကျေးရွာအုပ်ချုပ်‌ရေး‌တွေ၊ ‌ကျေး ရွာတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်း‌တွေကို သူတို့ရှင်းပြ၊ ချပြတာမျိုး‌တွေမရှိဘူး။ တစ်ခါတည်း သူတို့ကိုယ်တိုင်လာပြီး လုပ်‌နေတာ မျိုး‌တွေ ဖြစ်‌နေတဲ့အ‌ပေါ်မှာ ‌ဒေသခံ‌တွေက အားမရဘူး‌ပေါ့။ ‌နောက် အဓိကထပ်‌ပြောချင်တာက ၂၀၁ဝ ‌ရွေး‌ကောက်ပွဲနဲ့ ပတ် သက်ပြီး‌တော့ သူတို့လုံးဝအယုံအကြည်မရှိဘူး။ ၂၀၁ဝ မှာ နိုင်သွားတဲ့သူ‌တွေကလည်း ၂၀၁၅ မှာ ဒီလိုပုံစံပဲ ထပ်ဖြစ်လာလိမ့် မယ်လို့ အများစုက ဒီလိုပဲ ထင်မြင်ယူဆ‌နေတယ်‌ပေါ့‌နော်။ လူထုကိုယ်တိုင်ကလည်း မဲ‌ပေးမယ်မ‌ပေးဘူးဆိုတာ စိတ်မဝင်စား ဘူး။ အဲဒီအ‌ခြေအ‌နေမျိုးရှိပါတယ်။
Action for voting
‌မေး။ ။ ကရင်ပြည်နယ်ထဲမှာ ကရင်ပါတီက နှစ်ခုသုံးခု‌လောက်ရှိတဲ့အခါကျ‌တော့ အထူးသဖြင့် ‌ကော့ကရိတ်မြို့နယ်ထဲမှာ ဆိုရင် လူထုက သူတို့မဲ‌ပေးသင့်တဲ့ ပါတီကို ‌ရွေးချယ်ဖို့က အခက်အခဲများ ရှိနိုင်ပါသလား။ ဘယ်လိုမြင်ပါသလဲ။
‌ဖြေ။ ။ ကရင်ပြည်နယ်မှာဆိုရင် ကရင်အများစုဖြစ်တဲ့အတွက် ကရင်ပါတီ‌တွေမှာ အဓိက တာဝန်ရှိတယ်လို့ ကျ‌နော်တို့ယူဆ တယ်။ ‌ဒေသခံပြည်သူ‌တွေ မဲထည့်တဲ့‌နေရာမှာ စနစ်တကျ မဲထည့်နိုင်ဖို့ရယ် ပြီးရင် မဲစာရင်းအမှန်ဖြစ်လာဖို့ ပြည်သူ‌တွေအားလုံး မဲထည့်နိုင်ဖို့ဆိုရင် ‌ဒေသခံကရင်အမျိုးသားပါတီ‌တွေက အဓိက တာဝန်ရှိတယ်လို့ ကျ‌နော်တို့ယူဆတယ်။ လက်ရှိမှာ ကျ‌နော်တို့ ‌နောက်တစ်ခုမြင်‌တွေ့ရတာက ‌ဒေသခံကရင်အမျိုးသားပါတီ‌တွေ ကိုယ်တိုင်က ‌အောက်‌ခြေအထိဆင်းပြီး‌တော့မှ ‌ဒေသခံ‌တွေရဲ့ ဒီမဲ‌ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြ၊ ‌ပြောပြတာမျိုး ယ‌နေ့အထိ မ‌တွေ့ရ‌သေးပါဘူး။

‌မေး။ ။ ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က‌နေပြီး‌တော့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ လူမှုအဖွဲ့အစည်း‌တွေနဲ့ ‌ပေါင်းပြီး‌တော့ မဲပညာ‌ပေးတာမျိုး‌တွေ လုပ်‌ဆောင်မယ်လို့ ကြားသိရ‌တော့ လက်ရှိ ‘သွီး’အ‌နေနဲ့ အဲဒီကိစ္စ‌တွေအ‌ပေါ်မှာ ပါဝင်လုပ်‌ဆောင်‌နေပါ သလား။ လက်ရှိအကြိုအ‌နေနဲ့ ပြည်သူလူထု‌တွေကို ပညာ‌ပေးအသိ‌ပေးမှု‌တွေ ရှိ‌နေပါပြီလား။
‌ဖြေ။ ။ ဧပြီ ၂၈ရက်‌နေ့က ဖားအံမှာရှိတဲ့ အိန်ဂျယ်လန်း‌ဟော်တယ်မှာ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၊ ပြည်နယ်‌ရွေး ‌ကောက်ပွဲ‌ကော်မရှင် မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်‌တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ‌လေးတစ်ခု လုပ် ခဲ့တယ်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ့ ပူး‌ပေါင်းပါဝင်ဖို့ သူတို့က ဖိတ်‌ခေါ်တယ်။ သူတို့က ဘာ ကိုလိုချင်လဲဆိုရင် နံပါတ်(၁)လက်ကမ်းစာ‌စောင်‌တွေ‌ဝေဖို့။ (၂)က‌တော့ ‌ကြော်ငြာဆိုင်းပုဒ်‌တွေကပ်ဖို့။ (၃)အမှန်တကယ် မဲ‌ပေး နိုင်တဲ့လူဦး‌ရေ စာရင်း‌တွေရရှိဖို့ ကျ‌နော်တို့‌တွေ ပါဝင်ကူညီ‌ပေးဖို့။ တကယ်တမ်း မဲ‌ပေးခွင့်ရှိသူဟာ တကယ်ရှိ‌နေလား မရှိ‌နေဘူး လားဆိုတာကို တစ်ပါတည်း စိစစ်‌ပေးရမယ်ဆိုတာ‌တွေကို ဝိုင်းပြီးကူလုပ်‌ပေးဖို့ သူတို့က ‌ပြောပါတယ်။

ကျ‌နော်တို့‌တွေက ဘာပြန်‌ပြောလဲဆိုရင် ကျ‌နော်တို့ကရင်ပြည်နယ်မှာ လူမှုအဖွဲ့အစည်း‌တွေက Network ရှိတယ်။ ကျ‌နော် တို့တစ်ဖွဲ့တည်း ဆုံးဖြတ်လို့မရဘူး။ အဲဒီ‌နေ့ကလည်း လူမှုအဖွဲ့အစည်းအနည်းစုသာ တက်‌ရောက်တဲ့အတွက် ကရင်ပြည်နယ် တစ်ခုလုံးကို မခြုံမိဘူး။ ‌နောက်တစ်ချက်က အဲလို‌ပေါင်းလုပ်တဲ့‌နေရာမှာ ကျ‌နော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေရဲ့ကဏ္ဍက ကွာဟမှု‌တွေ ရှိ‌နေရင်‌တော့ အရပ်ဖက်အဖွဲ့အစည်း‌တွေအ‌နေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်နိုင်မယ်လို့‌တော့ ကျ‌နော်မထင်ဘူး။ ဆိုလို ချင်တာက ကျ‌နော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေကို‌တော့ ‌အောက်‌ခြေသိမ်းလုပ်ခိုင်းပြီး‌တော့ သူတို့က အ‌ပေါ်က‌နေ ပါးစပ်နဲ့ ‌ပြောပြီး ညွန်ကြားတာမျိုး လုပ်‌နေမယ်ဆိုရင်‌တော့ ကျ‌နော်တို့အ‌နေနဲ့ ဘယ်လိုမှ ပူး‌ပေါင်းလုပ်‌ဆောင်နိုင်မှာ မဟုတ်ဘူး။

‌မေး။ ။ ခုနက‌ပြောတဲ့ စိုးရိမ်ချက်‌တွေရှိတဲ့အ‌ပေါ်မှာ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲက ‌စောင့်ကြည့်မှု‌တွေ ဘယ်‌လောက်ထိရှိ ပြီး လွတ်လပ်တရားမျှတနိုင်မယ်လို့ ထင်ပါသလဲ။
‌ဖြေ။ ။ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌နေနဲ့လည်း ‌ရွေး‌ကောက်ပွဲဆိုင်ရာ ‌စောင့်ကြည့်‌လေ့လာမှု‌တွေကို ‌ဒေသအလိုက် စတင်ပြီး ‌တော့ ဘယ်မဲရုံကို‌စောင့်ကြည့်မယ်ဆိုတာကို သူတို့ တရားဝင် စတင် လုပ်‌ဆောင်မှု‌တွေရှိ‌နေပါပြီ။ တကယ်လို့ သူတို့က ကျ‌နော် တို့ အရပ်ဖက်အဖွဲ့အစည်း‌တွေနဲ့ တစ်သားတည်းရှိပါမယ်။ အတူတူ ပူး‌ပေါင်းပြီး ခွဲခြားမှုမရှိပါဘူးဆိုရင်‌တော့ မဲ‌ပေးမှု‌တွေက မှန် ကန်တည့်မတ်တဲ့ မဲ‌ပေးစနစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျ‌နော်တို့ ယုံကြည်ပါတယ်။
‌နောက်တစ်ခုရှိတာက ပါတီကြီး၊ ပါတီငယ်ဆိုတဲ့အ‌ပေါ်မှာ သူတို့ရဲ့ လွှမ်းမိုးမှုအ‌ပေါ်မှာလည်း ‌မေးစရာ‌မေးခွန်းရှိပါတယ်။ ပါတီကြီး ‌တွေက လက်ရှိ သူတို့အနိုင်ရထားတယ်။ သူတို့လွှမ်းမိုးမှုကလည်း ကြီးတယ်။ အဲလိုလွှမ်းမိုးမှုကြီးတဲ့အ‌ပေါ်မှာ လုပ်ပိုင်ခွင့်‌တွေ လည်း ကွာဟချက်‌တွေရှိနိုင်ပါတယ်။ ဒီအ‌ပေါ်မှာ ကျ‌နော်တို့အရပ်ဖက်အဖွဲ့အစည်း‌တွေက ဘယ်လိုပူး‌ပေါင်းပါ‌စေ။ လုပ်ပိုင်ခွင့် ကွာဟမှုအ‌ပေါ်မှာ မသမာမှု‌တွေဆိုတာက‌တော့ ရှိ‌နေမှာပဲ။ အဲလိုမျိုး လွှမ်းမိုးမှုမရှိဖို့ဆိုရင်‌တော့ ခိုင်မာတဲ့ ‌ရွေး‌ကောက်ပွဲဥပ‌ဒေ ‌တွေ၊ စနစ်‌တွေအပြင် ကျ‌နော်တို့ ပြည်တွင်းက‌နေ ‌စောင့်ကြည့်‌နေတာမျိုးတင်မကဘဲ နိုင်ငံတကာ‌စောင့်ကြည့်‌လေ့လာ‌ရေးအ ဆင့်အထိ တိုးမြှင့်လုပ်ကိုင်မယ်ဆိုရင်‌တော့ မှန်ကန်တဲ့ မဲ‌ရွေး‌ကောက်မှုစနစ်ဖြစ်လာမယ်လို့ ကျ‌နော်တို့ အရပ်ဖက်အဖွဲ့အစည်း ‌တွေက ယုံကြည်ထားပါတယ်။

‌မေး။ ။ ဒီအ‌ပေါ်မှာ လူထုက အဓိကကျတဲ့သူဖြစ်‌တော့ မီဒီယာက‌နေတစ်ဆင့် သူတို့ကို ဘာများ‌ပြောကြား‌စေချင်လဲ။ ‌နောက် တစ်ခုက မီဒီယာအခန်းကဏ္ဍအ‌နေနဲ့ ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး လူထုအတွက် ဘာ‌တွေလုပ်‌ဆောင်‌ပေး‌စေချင်ပါလဲ။
‌ဖြေ။ ။ ကျ‌နော်‌ပြောချင်တာက နံပါတ် (၁) ကျ‌နော်တို့အခွင့်အ‌ရေးကို ကျ‌နော်တို့ကိုယ်တိုင်သိဖို့လိုပါတယ်။ ကျ‌နော်တို့ထည့် မယ့် မဲတစ်ပြားဟာ ကျ‌နော်တို့ တစ်ဘဝလုံးနဲ့တိုင်းတာပြီး‌တော့ အ‌ရေးကြီးပါတယ်။ ကျ‌နော်တို့ သိရင်ဖြစ်‌စေ မသိရင်ဖြစ်‌စေ သိတဲ့လူက လက်လှမ်းမမှီတဲ့‌နေရာ‌တွေမှာ ပြန်ပြီး ရှင်းပြ‌ပေး‌စေချင်ပါတယ်။ သိသွားတဲ့လူ‌တွေကလည်း ပြီးရင်ပြီး‌ရော မဲကို မထည့်ပဲနဲ့ နိုင်ငံရဲ့အဓိကလိုအပ်တဲ့ တိုးတက်ဖွံ့ဖြိုးဖို့ ငြိမ်းချမ်းဖို့ဆိုရင် တကယ်ကိုပြည်သူ‌တွေအတွက် ကိုယ်ချင်းစာ၊ ‌စေတနာ ထားပြီးလုပ်‌ပေးနိုင်မယ့် ‌ခေါင်း‌ဆောင်မျိုးကို ‌ရွေးချယ်မဲ‌ပေးဖို့ ကျ‌နော်တိုက်တွန်းချင်ပါတယ်။ သူများက ဒီလူကိုမဲ‌ပေးလို့ လိုက် ‌ပေးရတာမျိုးကို ကျ‌နော်တို့မဖြစ်‌စေချင်ဘူး။ မသိရင် သိတဲ့လူကို‌မေးပြီး‌တော့မှ ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပြီး အမှန်တကယ် မဲ‌ပေးသင့်တဲ့သူကို မဲထည့်‌ပေးပါ။
‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး‌တော့ မှန်ကန်ဖို့နဲ့ မသမာမှု‌တွေအတွက် မီဒီယာအခန်းကဏ္ဍကလည်း အ‌ရေးကြီးတယ်လို့ ယုံကြည် ပါတယ်။ မီဒီယာ‌တွေကလည်း အရပ်ဖက်အဖွဲ့အစည်း‌တွေ‌ရော၊ ‌စောင့်ကြည့်‌လေ့လာ‌နေတဲ့ အဖွဲ့အစည်း‌တွေနဲ့ပါဆက်သွယ်ချိတ် ဆက်ဖို့ လိုအပ်ပါတယ်။ ‌ရွေး‌ကောက်ပွဲမတိုင်မှီမှာလည်း အ‌ခြေခံ‌ကျေးရွာလူထု‌တွေနဲ့ ‌တွေ့ပြီး‌တော့မှ သူတို့ရဲစိတ်‌နေသ‌ဘော ထား‌တွေကို စဉ်ဆက်မပြတ် သတင်းဌာနက‌နေပြီး သတင်းလွှင့်တာမျိုး သတင်းယူတာမျိုးတို့ လုပ်ဖိုလိုအပ်မယ်လို့ ကျ‌နော် ထင် ပါတယ်။ အဲဒီလိုပူး‌ပေါင်းလုပ်‌ဆောင်ကြမယ်ဆိုရင် နိုင်ငံ‌တော်အစိုးရ‌ပြော‌နေသလို ‌ကောင်းမွန်တည့်မတ်ပြီး မှန်ကန်စနစ်ကျတဲ့ မဲ‌ရွေးချယ်မှုဖြစ်လာမယ်လို့ ကျ‌နော်တို့ယုံကြည်ပါတယ်။

‌မေး။ ။ ‌နောက်ထပ်ဘာ‌တွေများ ထပ်မံဖြည့်စွက်‌ပြောလိုပါသလဲ။
‌ပြောချင်တာက ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်လို့ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေ မဖွဲ့စည်းနိုင်တဲ့‌ကျေးရွာ‌တွေက မဲ‌ပေးပိုင်ခွင့်မရှိဘူးလို့ ကျ‌နော်တို့ ကြားသိ‌နေရတယ်။ အဲဒီအ‌ပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျ‌နော်တို့ဟာ နိုင်ငံသားဖြစ်တဲ့အတွက် အုပ်ချုပ်‌ရေးမှူး ဖွဲ့စည်းနိုင်ခြင်း မနိုင်ခြင်းနဲ့ မသက်ဆိုင်ဘူးလို့ ကျ‌နော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျ‌နော်တို့ ဒီနိုင်ငံသားဖြစ်တယ်။ ဒီနိုင်ငံ မှတ်ပုံတင်ကိုင်‌ဆောင်ထားတဲ့ အသက် ၁၈နှစ်ပြည့်ပြီးသူမှန်သမျှ မဲ‌ပေးပိုင်ခွင့်ရှိရမယ်လို့ ကျ‌နော်တို့ယုံကြည်တယ်။ ကျ‌နော်တို့ ‌ကော့ကရိတ်မြို့နယ်မှာဆိုရင် ဥပမာ ‌ဟောင်သ‌ရော၊ ‌နောင်နိုင်း၊ အံဖကြီး အဲဒီဘက်‌တွေတစ်စုဆိုရင် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေ မဖွဲ့စည်းနိုင်ဘူး။ မဖွဲ့နိုင်တဲ့အတွက် သူတို့‌တွေက မဲ‌ပေးပိုင်ခွင့်မရှိဘူးလို့ ‌ပြော‌နေကြတယ်။ အဲဒီ‌တော့ ကျ‌နော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ ကိုပဲ ပြင်ရမလား၊ သူတို့‌ပြောတာပဲ အမှန်ဖြစ်မလားဆိုတာ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်‌တွေကလည်း စဉ်းစားဖို့လိုပါတယ်လို့။
အခုကျ‌နော်တို့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌ဖော်‌ဆောင်‌နေတဲ့‌နေရာမှာ ‌ရွေး‌ကောက်ပွဲဟာလည်း Peace Process ထဲမှာ အပိုင်းတစ် ပိုင်းအ‌နေနဲ့ ပါဝင်‌နေတယ်လို့ ကျ‌နော်တို့အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေက ယုံကြည်တယ်။ ဒီလိုတန်းတူအခွင့်အ‌ရေး မရခြင်း ဟာလည်း Peace Process ကိုထိခိုက်‌စေတယ်လို့ ကျ‌နော်တို့ယုံကြည်တယ်။ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဘာမှဆုံးဖြတ်ချက် မချရ‌သေးဘူးလို့‌တော့ ‌ပြောပါတယ်။ ဆုံးဖြတ်ချက်ချပြီးရင် ဘာ‌တွေဖြစ်လာမလဲဆိုတာပဲ ‌စောင့်ကြည့်ရမှာဖြစ်ပါတယ်။