Home သတင်း ဖားအံမြို့နယ် အိန္ဒုစံပြ‌ကျေးရွာ၌ ‌ကျေးရွာသန့်ရှင်း‌ရေးလှုပ်ရှားမှု လူငယ်များ စု‌ပေါင်းအမှိုက်‌ကောက်

ဖားအံမြို့နယ် အိန္ဒုစံပြ‌ကျေးရွာ၌ ‌ကျေးရွာသန့်ရှင်း‌ရေးလှုပ်ရှားမှု လူငယ်များ စု‌ပေါင်းအမှိုက်‌ကောက်

1408

‌မေ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အိန္ဒုစံပြ‌ကျေးရွာ၌ အိန္ဒုလူငယ်ကွန်ရက်မှ ဦး‌ဆောင်၍ ‌ကျေးရွာသာယာလှပသန့်ရှင်း‌ရေး လှုပ် ရှားမှု‌ခေါင်းစဉ်ဖြင့် အမှိုက်‌ကောက်ခြင်းကို လူငယ်များနှင့် ‌ကျောင်းသူ‌ကျောင်းသားများက ‌မေလ ၁၇ရက်‌နေ့က စု‌ပေါင်းလုပ် ‌ဆောင်ခဲ့ကြသည်။

ထိုသို့ အမှိုက်များလိုက်လံ‌ကောက်ရာ၌ အိန္ဒု‌ကျေးရွာအတွင်းရှိ အိမ်များ၊ စာသင်‌ကျောင်းများ အပါအဝင် အခြားအ‌ဆောက်အဦး များတွင် နံနက် ၇နာရီမှ ၁၁နာရီအထိ လုပ်‌ဆောင်ခဲ့ပြီး ‌ကျောင်းသူ‌ကျောင်းသားများ ပါဝင်ပူး‌ပေါင်းမှ စာသင်‌ကျောင်းတွင်လည်း က‌လေးများ တကိုယ်‌ရေသန့်ရှင်း‌ရေးနှင့် အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်လာမည်ဖြစ်‌ကြောင်း အိန္ဒုလူငယ်ကွန်ရက် တာဝန်ခံ တစ်ဦးဖြစ်သူ နန်းမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျမတို့အိန္ဒုလူငယ်ကွန်ရက်က‌နေ အမှိုက်‌ကောက်ရတဲ့ ရည်ရွယ်ချက်က လူငယ်‌လေး‌တွေ အမှိုက်‌တွေကို ထိန်းသိမ်း တတ်လာ‌အောင်၊ ပတ်ဝန်းကျင်ကို သန့်ရှင်း‌ရေး လုပ်တတ်လာ‌အောင်ပါ။ ပြီး‌တော့ ရွာမှာ ပလပ်စတစ်‌တွေ စည်းကမ်းမရှိ စွန့်ပစ် ခြင်းအားဖြင့် ‌ကျေးရွာမှာ အမှိုက်‌တွေပွတယ်။ ရွာမှာ အဲလိုအမှိုက်ပွ‌နေရင် ရွာအတွက် မ‌ကောင်းဘူး။ သဘာဝပတ်ဝန်းကျင် လည်း ထိခိုက်တယ်”ဟု ဆိုသည်။

အဆိုပါ ‌ကျေးရွာသာယာလှပသန့်ရှင်း‌ရေးလှုပ်ရှားမှု အမှိုက်‌ကောက်ခြင်းကို အိန္ဒုလူငယ်ကွန်ရက်၊ အိန္ဒုစံပြ‌ကျေးရွာရှိ ရပ်မိရပ်ဖ များ၊ ကျန်းမာ‌ရေးအဖွဲ့များ၊ ပညာ‌ရေးအဖွဲ့များ၊ ရဲစခန်း၊ မီးသတ်နှင့် ‌ကျောင်းသူ‌ကျောင်းသားများ စုစု‌ပေါင်း လူဦး‌ရေ ၁၀၀‌ကျော် စု‌ပေါင်း လုပ်‌ဆောင်ခဲ့ကြသည်။
DSC_0139
အမှိုက်‌ကောက်ရာ၌ ပါဝင်ခဲ့သူ ‌ဒေါက်တာသန္တာလွင်က “ကျမက‌တော့ ဦး‌ဆောင်တဲ့‌နေရာမှာလည်းပါတယ်။ အမှိုက်‌ကောက်တဲ့ ‌နေရာမှာလည်း ပါတယ်။ အလှူရှင်‌နေရာမှာလည်းပါတယ်။ အခုလိုလုပ်တာ ကျမမြင်တာက ‌ကောင်းတဲ့အလုပ်ပဲ။ နိုင်ငံတကာမှာ ဆို သင်စရာ‌တောင် မလိုဘူး။ ကျမတို့ နိုင်ငံက သင်‌နေရတယ်။ ဒီလိုမျိုးများများလုပ်‌ပေးရင်‌တော့ ‌ကောင်းတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောဆိုသည်။

အိန္ဒုစံပြ‌ကျေးရွာတွင် အိန္ဒုလူငယ်ကွန်ရက်က ဦး‌ဆောင်၍ ၂၀၁၄ခုနှစ်က အလားတူ အမှိုက်‌ကောက်ခြင်းကို တစ်ကြိမ်ပြုလုပ်နိုင် ခဲ့ပြီး ယခုနှစ်သည် ယခင်နှစ်ထက် လူငယ်များ၊ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ရပ်မိရပ်ဖများ ပါဝင်မှု ပိုမိုအား‌ကောင်းလာ သည်ဟု သိရှိရသည်။

အိန္ဒုလူငယ်ကွန်ရက်ကို ၂၀၁၄ခုနှစ်၊ မတ်လတွင် လူငယ်၏ ပညာ‌ရေးနှင့် လူမှု‌ရေးအတွက် အဓိကထား ‌ဆောင်ရွက်ရန် ရည် ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။