Home သတင်း စာ‌ပေနှင့် အနုပညာ ကျယ်ပြန့်မှုရှိရန် ကရင်ရဟန်းပျိုအသင်းနှင့် ကရင်အနုပညာအဖွဲ့တို့ နှီး‌နှောဖလှယ်ခဲ့

စာ‌ပေနှင့် အနုပညာ ကျယ်ပြန့်မှုရှိရန် ကရင်ရဟန်းပျိုအသင်းနှင့် ကရင်အနုပညာအဖွဲ့တို့ နှီး‌နှောဖလှယ်ခဲ့

1251

‌မေ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်စာ‌ပေနှင့် အနုပညာကျယ်ပြန့်မှုရှိလာ‌စေရန် ရည်ရွယ်၍ ကရင်ရဟန်းပျိုအသင်း(KMA-Karen Monk Association) နှင့် (ကရင်ပြည်နယ်)ကရင်အနုပညာအဖွဲ့(KCO- Karen Culture Organization)တို့ ပထမဆုံး အကြိမ် နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ‌မေလ ၂၃ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သု‌မေဓာရာမ‌တောရ ‌ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

KCO ၏ အတွင်း‌ရေးမှူးဖြစ်သူ အဆို‌တော်‌အေစီက “လူမျိုးတစ်မျိုးမှာ စာ‌ပေအဓိကကျသလို အနုပညာ ယဉ် ‌ကျေးမှုလည်း အဓိကကျပါတယ်။ စာ‌ပေလိုင်းဘက်ကြည့်‌တော့ ‌တော်‌တော်‌လေး လှုပ်ရှားတာ ရှိတယ်။ အနု ပညာလိုင်းမှာလည်း စာ‌ပေလိုင်းလိုပဲ ရှိတဲ့အားနဲ့ စွမ်းစွမ်းတမံ လုပ်‌ဆောင်သွားနိုင်ဖို့ ဒီနှီး‌နှောဖလှယ်ပွဲကို ပြု လုပ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နှီး‌နှောဖလှယ်ပွဲသို့ ရဟန်းသံဃာများ၊ ကရင်ပြည်နယ် အနုပညာအဖွဲ့ အပါအဝင် ဧည့်ပရိဿတ် ၁၀ဝ ခန့် တက်‌ရောက်ခဲ့ကြပြီး ယခုလို နှီး‌နှောဖလှယ်ပွဲမျိုး နှစ်စဉ်နှစ်တိုင်း ပြုလုပ်‌ပေးနိုင်လျှင် များစွာ အကျိုး‌ကျေးဇူး ရှိလာနိုင်‌ကြောင်း အဆို‌တော်‌အေစီက ဆက်‌ပြောသည်။

ထိုပွဲတွင် KMA ဘက်မှ စာ‌ပေဘက်စွမ်း‌ဆောင်နိုင်သမျှကို အနုပညာရှင်ဘက်မှ ဝိုင်းဝန်းပံ့ပိုး‌ပေးရန်၊ KCO က လည်း ‌ပေါင်းစပ်သည့် သီချင်းများကို စာ‌ပေတွင် ကျန်ရှိ‌စေရန်၊ ကရင်သမိုင်းနှင့် ပတ်သက်သည့် သီချင်းများ‌ရေး သားရာတွင် အပြန်အလှန် အကြံ‌ပေးရန်၊ ယခုလို ‌တွေ့ဆုံမှုမျိုး တစ်နှစ်တစ်ကြိမ် ‌တွေ့ဆုံနိုင်ရန်၊ KMA နှစ်ပတ် လည်တွင် အနုပညာအသင်းမှ ပူး‌ပေါင်းပါဝင်‌ပေးဖို့နှင့် နည်းလမ်း‌ကောင်းများ ဆက်လက် ရှာ‌ဖွေနိုင်ရန် စသည့် အချက် ၆ချက်ကိုလည်း သ‌ဘောတူဆုံးဖြတ်ခဲ့ကြသည်။

၎င်းအပြင် ကရင်လူမျိုးအတွက် ကရင်စာ‌ပေကျယ်ပြန့်လာရန် ကရင်ရဟန်း‌တော်အဖွဲ့မှ ထုတ်‌ပေးသည့် ကရင် စာ‌ပေသမိုင်းစာအုပ်နှင့် ကရင်မဂ္ဂဇင်းများကို ပရိဿတ်ထံသို့ ‌ပေးပို့နိုင်ရန်အတွက် ကရင်အနုပညာရှင်အဖွဲ့ ဘက်ကလည်း လိုအပ်ချက်များကိုလည်း ပြန်လည်အကြံ‌ပေးကာ ပူး‌ပေါင်းနိုင်ရန် နှီး‌နှောဖလှယ်ပွဲ ပြုလုပ်ရခြင်း ဖြစ်‌ကြောင်း ပွဲဖြစ်‌မြောက်‌ရေး စီစဉ်‌ပေးသည့် KMA ဥက္ကဋ္ဌ ဆရာ‌တော်အရှင်စန္ဒာဝရက မိန့်ကြားသည်။

“ဒီအသင်းနှစ်သင်းက ‌တွေ့ဆုံတာ ပထမအကြိမ်ပဲ။ ‌နောက်ပြီး ဒီအသင်းနှစ်သင်း ‌ပေါင်းစည်းခြင်းအားဖြင့် မလုပ် နိုင်‌သေးတဲ့ ကိစ္စ‌တွေကို ပိုလုပ်နိုင်‌အောင် မ‌ဆောင်ရွက်နိုင်တဲ့ အကျိုးတရား‌တွေ ‌ဆောင်ရွက်နိုင်‌အောင် အခုလို နှီး‌နှောဖလှယ်ပွဲလုပ်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးတာ ဖြစ်ပါတယ်”ဟု အရှင်စန္ဒာဝရက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ကရင်ပြည်နယ်ရဟန်းပျိုအဖွဲ့နှင့် ကရင်ပြည်နယ်အနုပညာအဖွဲ့တို့သည် ပထမအကြိမ် နှီး‌နှောဖလှယ်ပွဲ ကျင်းပ လာနိုင်သည်နှင့်အမျှ ‌နောက်ထပ် ဒုတိယအကြိမ်အပြင် တစ်နှစ်တစ်ကြိမ် ပုံမှန်လုပ်‌ဆောင်သွားရန်လည်း အစီ အစဉ်ရှိသည်ဟု သိရသည်။

၂၀၀၈ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည့် KCO သည် ၂၀၁ဝခုနှစ်တွင် လှုပ်ရှားမှု အနည်းငယ် ‌လျော့နည်းလာ‌သော် လည်း ၂၀၁၂ခုနှစ်မှစတင်ကာ ပြန်လည်အ‌ကောင်ထည်‌ဖော်လာနိုင်ခဲ့ပြီး‌နောက် အဖွဲ့တွင် ကရင်‌တေးဂီတအဖွဲ့၊ ဗွီဒီယိုသရုပ်‌ဆောင်အဖွဲ့၊ ဇာတ်သဘင်အဖွဲ့၊ ရိုးရာယဉ်‌ကျေးမှုအဖွဲ့နှင့် မီဒီယာအဖွဲ့များ ပါဝင်သည်ဟု သိရသည်။