Home သတင်း စစ်ပွဲမရပ်သ‌ရွေ့ အပစ်ရပ်‌ရေးစာချုပ်မှာ စက္ကူ‌ပေါ်က စာသားများသာဖြစ်ဟု UWSA ဥက္ကဋ္ဌ ‌ပေါက်ယူချန်း ‌ပြောဆို

စစ်ပွဲမရပ်သ‌ရွေ့ အပစ်ရပ်‌ရေးစာချုပ်မှာ စက္ကူ‌ပေါ်က စာသားများသာဖြစ်ဟု UWSA ဥက္ကဋ္ဌ ‌ပေါက်ယူချန်း ‌ပြောဆို

1740

‌မေ ၁ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်‌ရေးစာချုပ်မူကြမ်းကို လက်မှတ်‌ရေးထိုးထား နိုင်ခဲ့‌သော်လည်း မြန်မာနိုင်ငံတွင် စစ်ပွဲများမရပ်ပါက စာချုပ်သည် စက္ကူ‌ပေါ်က စာသားများသာဖြစ်‌ကြောင်း ဝပြည်‌သွေးစည်းညီ ညွတ်‌ရေးပါတီ(UWSA) ဥက္ကဋ္ဌ ‌ပေါက်ယူချန်းက ယ‌နေ့ ‌ပြောသည်။

UWSA ဌာနချုပ် ပန်ဆန်း(‌ဒေသအ‌ခေါ် ပန်ခမ်း)၌ ‌မေလ (၁)ရက်‌နေ့က စတင်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော် လှန်‌ရေးအဖွဲ့အစည်းထိပ်သီး‌ခေါင်း‌ဆောင်များ မျက်နှာစုံညီ အစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့မှ ထိပ်သီး ‌ခေါင်း‌ဆောင်များ တက်‌ရောက်ခဲ့ကြပြီး အစည်းအ‌ဝေး ပထမ‌နေ့တွင် သဘာပတိအဖြစ် ‌ဆောင်ရွက်သည့် UWSP ဥက္ကဋ္ဌ ‌ပေါက် ယူချန်းက အစည်းအ‌ဝေး အဖွင့်မိန့်ခွန်းတွင် စကားပြန်မှတဆင့် ထည့်သွင်း‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “မတ်လ ၃၁ရက်‌နေ့က လက်မှတ်‌ရေးထိုးထားတာက မူကြမ်းအဆင့်ပဲ ရှိပါ‌သေးတယ်။ အခုချိန်အထိ ငြိမ်းချမ်း‌ရေးက မ‌ရေရာ မ‌သေချာဆဲပဲ။ တိုက်ပွဲ‌တွေကလည်း ဖြစ်‌နေဆဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်မရပ်သမျှ အဲဒီအပစ်ခတ်ရပ်စဲ‌ရေး စာချုပ်က စက္ကူ‌ပေါ်က စာသား‌တွေပဲ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ဥက္ကဋ္ဌ ‌ပေါက်ယူချန်းက ၎င်း၏အဖွင့်မိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌စောလျင်စွာ အ‌ကောင်ထည်‌ဖော်နိုင်‌ရေးအတွက် ယခု လို အစည်းအ‌ဝေးကို ကျင်းပရခြင်းဖြစ်‌ကြောင်း၊ ဘုံသ‌ဘောတူညီချက်များမှတဆင့် ပြည်‌ထောင်စုအစိုးရနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ များ ဆက်လက် ကျင်းပရန် ရည်ရွယ်‌ကြောင်းလည်း ‌ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုများ ‌တောက်‌လျှောက် ပြုလုပ် ‌နေ‌သော်လည်း တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပွားလျှက်ရှိပြီး လုံခြုံ‌ရေးတင်းကြပ်စွာဖြင့် စတင် ကျင်းပခဲ့သည့် အဆိုပါအစည်းအ ‌ဝေးသို့ အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွား‌နေဆဲဖြစ်သည့် ကိုးကန့်အဖွဲ့(MNDAA)မှ စစ်ဦးစီးချုပ် ဦးဖုန်တာရွှင် ဦး‌ဆောင်‌သော ကိုယ် စားလှယ်အဖွဲ့၊ ရခိုင့်တပ်မ‌တော်(AA)နှင့် တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)မှ တာဝန်ရှိသူများ တက် ‌ရောက်ခဲ့ကြသည်။
EAO PanSan (IMG_0584)
တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း‌ပေါင်း ၂၁ဖွဲ့ရှိသည့်အနက် အစိုးရမှ ‌ဆွေး‌နွေးဘက်အဖြစ် နိုင်ငံလုံးဆိုင် ရာ အပစ်ခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးရန် သတ်မှတ်ထားသည့်အဖွဲ့မှာ ၁၆ဖွဲ့ရှိပြီး အများစုမှာ အဖွဲ့တိုင်း၏ ပါဝင်လက်မှတ်‌ရေး ထိုးမှုကို လိုလား‌နေကြသည်။

ပန်ဆန်းအစည်းအ‌ဝေး တက်‌ရောက်‌နေသူ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ် ထူးဝင်းက “လက်ရှိ တိုင်းပြည်ရဲ့ အ‌ခြေ‌နေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး‌တော့ ‌ဆွေး‌နွေးကြဖို့‌ပေါ့‌လေ။ အဲန်စီ‌အေ နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စာချုပ်အတွက် သီးသန့်ရည်ရွယ်တာ‌တော့ မဟုတ်ဘူး။ ‌ရေရှည် ငြိမ်းချမ်း‌ရေးကိုသွားဖို့ပါ တစိတ်တပိုင်း ဆက် စပ်ပါမယ်”ဟု ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ‌ပြောသည်။

“သူ့ဘက်ကိုယ့်ဘက် ကွဲလွဲ‌နေတာ‌တွေ ကွဲလွဲ‌နေတယ်။ ၁၆ဖွဲ့က ၅ဖွဲ့ကွာ‌နေတယ်။ အစိုးရကို တိုင်းရင်းသားရဲ့ ညီညွတ်မှုနဲ့ ပြဿ နာ‌တွေကို ကျ‌နော်တို့ ‌ဖြေရှင်းမှာပါ”ဟု အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွား‌နေသည့် ရခိုင့်တပ်မ‌တော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်း မြတ်နိုင်က မီဒီယာများကို ‌ပြောသည်။

ဝ ပြည်‌သွေးစည်းညီညွတ်‌ရေးပါတီ ဥက္ကဋ္ဌ ‌ပေါက်ယူချန်းက ဝ ‌ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်‌ပေး ရန် ဝ ဘက်မှ ‌တောင်းဆိုထားမှုအ‌ပေါ် ပန်ဆန်းအစည်းအ‌ဝေးသို့ တက်‌ရောက်‌နေကြ‌သော တိုင်းရင်းသား‌ခေါင်း‌ဆောင်များက ‌ထောက်ခံ‌ပေးရန် ‌မျှော်လင့်ထား‌ကြောင်းလည်း တိုက်တွန်း‌ပြောဆိုခဲ့သည်။

လက်ရှိ‌ဆွေး‌နွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား သ‌ဘောတူညီထားသည့် အပစ်ရပ်စာချုပ်မူ ကြမ်းကိစ္စ၊ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် နိုင်ငံ‌ရေးပြဿနာများ ‌ဖြေရှင်းနိုင်‌ရေးအတွက် အဖွဲ့စည်းအသီးသီးမှ တင်ပြလာ‌သော အကြံပြုချက်စာတမ်း ၁၀‌စောင်အ‌ပေါ် အဓိကထား ‌ဆွေး‌နွေးကြမည်ဖြစ်‌ကြောင်း သိရသည်။