Home သတင်း ငှက်ဖျား‌ရောဂါ ‌ဆေးတိုက်‌ကျွေးမှုဆိုင်ရာ အသိပညာ‌ပေးမှု ကျန်းမာ‌ရေးအဖွဲ့များ ‌ဒေါနအ‌ရှေ့ခြမ်း၌ ပြုလုပ်

ငှက်ဖျား‌ရောဂါ ‌ဆေးတိုက်‌ကျွေးမှုဆိုင်ရာ အသိပညာ‌ပေးမှု ကျန်းမာ‌ရေးအဖွဲ့များ ‌ဒေါနအ‌ရှေ့ခြမ်း၌ ပြုလုပ်

1564

‌မေ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေးလုပ်ငန်းတွင် လူထုပါဝင်မှု အား‌ကောင်းလာရန် ရည်ရွယ်၍ နယ်စပ်‌ဒေသ အ‌ခြေ စိုက် ကျန်းမာ‌ရေးအဖွဲ့များစု‌ပေါင်းကာ ငှက်ဖျား‌ရောဂါ ‌ဆေးတိုက်‌ကျွေးမှုဆိုင်ရာ အသိပညာ‌ပေးမှုတစ်ရပ်ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ဒေါနအ‌ရှေ့ခြမ်းတစ်‌နေရာတွင် ‌မေလ ၂ဝရက်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် လူမှုကယ်ဆယ်‌ရေးဋ္ဌာန(KDHW)၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ် သားအဖွဲ့(BPHWT)၊ Shoklo Malaria Research Unit (SMRU)နှင့် ‌ဒေါနအ‌ရှေ့ခြမ်းရှိ နယ်‌မြေခံ ကျန်းမာ‌ရေး လုပ်သားအပါအဝင် အဖွဲ့ ၈ဖွဲ့တို့စု‌ပေါင်း၍ တာအုထာ့၊ တာအုခီး၊ ကွီးလဲစု စသည့်‌ကျေးရွာများမှ ‌ဒေသခံရွာသား ၁၀ဝခန့်ကို ‌ဝေါ်‌လေ‌ဒေသ၊ တာအုထာ့‌ကျေးရွာဘုန်းကြီး‌ကျောင်း၌ အစည်းအ‌ဝေး‌ခေါ်ကာ အသိပညာ‌ပေးခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ KDHW၏ ဒုတာဝန်ခံဖြစ်သူ ‌စောကြီးကြီက“ကျ‌နော်တို့ ကျန်းမာ‌ရေးလုပ်သား‌တွေ အခုလို စု‌ပေါင်းလုပ်တာ‌တော့ ပထမဆုံးအကြိမ်‌ပေါ့‌နော်။ အခု ကျ‌နော်တို့ ‌ဆေးတိုက်‌ကျွေးမှု မလုပ်ခင်မှာ အရင်ဆုံး လူထု‌တွေနားလည်သ‌ဘော‌ပေါက်‌အောင် ရှင်းပြပြီးမှ ‌ဆေးတိုက်‌ကျွေးရမှာဖြစ်ပါတယ်။ ‌ဆေးတိုက် ‌ကျွေးရာမှာ ပြည်သူ‌တွေ အားလုံးပါဝင်မှ ‌ဆေး‌သောက်သုံးမှု ရာခိုင်နှုန်းပြည့်မယ်။ ရာခိုင်နှုန်းပြည့်မှ ငှက်ဖျားပိုး ပ‌ပျောက်နိုင်မှာဖြစ်တဲ့အတွက် ပြုလုပ်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ငှက်ဖျား‌ရောဂါပိုးတိုက်ဖျက်‌ရေးဆိုင်ရာဖြစ်‌သော ‌ဆေးတိုက်‌ကျွေးမှု၊ ‌သွေးစစ်‌ဆေးမှုနှင့် ‌ရှေ့ဆက် လုပ်‌ဆောင်မည့် အစီအစဉ်များကို လူထုများ နားလည်သ‌ဘော‌ပေါက်ပြီး ပူး‌ပေါင်းပါဝင်မှု အား‌ကောင်းလာ‌ရေး တို့ကို ၎င်းအသိပညာ‌ပေးမှု အစည်းအ‌ဝေးတွင် ချပြ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

ငှက်ဖျား‌ရောဂါပိုး ‌ဆေးတိုက်‌ကျွေးမှုလုပ်ငန်းကို ‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျေးရွာများတွင် ယခင်နှစ် ၂၀၁၄ခုနှစ်က ပထမအကြိမ် ပြုလုပ်ခဲ့စဉ်က ကျန်းမာ‌ရေးလုပ်သားများ အင်အားနည်းမှု၊ လူထုပါဝင်မှု အားနည်းမှုနှင့် လူဝင် ထွက်သွားလာမှု များပြားခြင်းတို့‌ကြောင့် ထိ‌ရောက်မှုမရှိသဖြင့် တစ်ဖန်ပြန်လည်တိုက်‌ကျွေးရန် ယခုလို အသိပညာ‌ပေးမှုလုပ်ငန်းကို တိုးမြှင့်လုပ်‌ဆောင်ခြင်းလည်းဖြစ်သည်။

အစည်းအ‌ဝေး တက်‌ရောက်ခဲ့သည့် နယ်‌မြေခံတစ်ဦးဖြစ်သူ ‌နော်စန္ဒာဝိုင်းက “အရင်က ထိ‌ရောက်မှု မရှိတာက ‌ဆေးတိုက်‌ကျွေးတဲ့ ‌ဆေးလုပ်သား လူအင်အားနည်းတာရယ်၊ ‌နောက်ပြီး အသိပညာ‌ပေးမှုအားနည်းတဲ့အတွက် လူထုပါဝင်မှု အားနည်းတာ‌ကြောင့်ဖြစ်တယ်။ အခုလို အဖွဲ့‌ပေါင်းစုံ လုပ်‌ဆောင်တဲ့အတွက် ပိုပြီး ထိ‌ရောက်မယ် လို့ မြင်တယ်”ဟု ‌ပြောသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ တပ်မဟာ(၇)ခုအတွင်း ငှက်ဖျား‌ရောဂါပိုး တိုက်ဖျက်မှု လုပ်ငန်းကို KDHW မှ ၁၉၉၈ခုနှစ်ကတည်းက စတင်လုပ်‌ဆောင်ခဲ့‌သော်လည်း ထိ‌ရောက်မှုအားနည်းပြီး ၂၀၁၄ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကျန်းမာ‌ရေးအဖွဲ့အစည်းများ၏ အကူအညီကို ရယူကာ သက်ဆိုင်ရာ ‌ဒေသအ လိုက် အုပ်စုခွဲကာ အရှိန်မြှင့် လုပ်‌ဆောင်လာလျှက်ရှိသည်။

ငှက်ဖျား‌ရောဂါပိုးသည် ခြင်ကိုက်ခြင်းမှတဆင့် ကူးစက်နိုင်‌သော ‌ရောဂါပိုးတစ်မျိုးဖြစ်ပြီး ‌တော‌တောင်ထူထပ် ‌သော‌နေရာနှင့် စိုစွတ်‌သော အပူပိုင်းအရပ်‌ဒေသတွင် ပိုမို‌ပေါက်ဖွား‌ကြောင်း ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေး ‌ဆောင်ရွက်‌နေသည့် ကျန်းမာ‌ရေးအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။