Home သတင်း ကရင်အမျိုးသားညီလာခံအတွက် တတ်သိပညာရှင်အဖွဲ့တစ်ဖွဲ့ကို KUPC ဖွဲ့စည်း

ကရင်အမျိုးသားညီလာခံအတွက် တတ်သိပညာရှင်အဖွဲ့တစ်ဖွဲ့ကို KUPC ဖွဲ့စည်း

1387

‌မေ ၅ ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားညီလာခံတွင် ‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများနှင့် ပတ်သက်၍ စိစစ်ရန် ပြည်တွင်းပြည်ပမှ ကရင်တက်သိ ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ကရင်အမျိုးသားစည်းလုံး‌ရေးနှင့်ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC) က ဖွဲ့စည်း ထားပြီးဖြစ်သည်ဟု ယင်း‌ကော်မတီဝင်များက ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌မေ ၁ မှ ၂ ရက်‌နေ ့ထိ ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးမြို့၊ ‌ရွှေပြည် ရီ‌ဆော့ ဟိုတယ် အစည်းအ‌ဝေးခမ်းမ၌ ပြုလုပ်သည့် KUPC ‌ကော်မတီဝင်များ အစည်းအ‌ဝေးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု KUPC ‌ကော်မတီဝင် ‌နော်စူစန်နာလှလှ စိုးက ‌ကေအိုင်စီသို ့ အခုလို‌ပြောသည်။

“ကရင်အမျိုးသားညီလာခံအတွက် တိုင်းနဲ ့ပြည်နယ် အသီးသီးက စာတမ်း‌တွေပြုစုတင်ပြထားတာရှိတယ်၊ စာတမ်း‌တွေ ပြန်စု စည်းပြီး‌တော့ ပညာရှင်‌တွေနဲ့ ပူး‌ပေါင်းပြီး ‌ဆွေး‌နွေးမဲ့အ‌ကြောင်းအရာ‌တွေ ‌ရေးဆွဲသွားမယ်။ ‌ရေးဆွဲပြီး‌တော့ ကရင်အမျိုးသား ညီလာခံမှာ တင်ပြမယ်။ အဲဒီပညာရှင်ထဲမှာ ပြည်တွင်း ပြည်ပက ပညာရှင်‌တွေနဲ့ ထည့်ပြီး‌တော့ ဖွဲ့စည်းသွားမယ်”ဟု ‌နော်စူစန် နာလှလှစိုးက ‌ပြောဆိုသည်။

KUPC ကဖွဲ့စည်းလိုက်သည့် တတ်သိပညာရှင်များ အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ကိုယ်စားလှယ် ၂ ဦး၊ ‌စောကပီ၊ ‌စောမိုးမြင့်(သတ္တုတွင်းပညာရှင်)၊ ‌စောမင်း‌အောင်လင်း (ပြည်နယ်လွှတ်‌တော်အမတ်)၊ ကရင်‌ရေးရာဝန်ကြီးများဖြစ် သည့် မန်းသိန်း‌ရွှေ၊ ‌စောဂျူးပလီစံလှ၊ ပြည်ပပညာရှင် ‌နော်‌မေဦး စသဖြင့် ပြည်တွင်းပြည်ပ တတ်သိပညာရှင် ၁၂ဦးဖြင့် ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်ဟု KUPC ‌ကော်မတီဝင်တစ်ဦးဖြစ်လာသူ ကရင်အမျိုးသားပါတီ အတွင်း‌ရေးမှူး မန်းမင်းရဲ‌ထွေးက ‌ပြော သည်။

ကရင်အမျိုးသားညီလာခံသို့ စာတမ်းပြုစုရန်အတွက် ပညာရှင်အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် လျာထားခြင်းခံရသည့် ‌စောကပီက “ ဒီကိစ္စနဲ့ ပတ်သက်ပြီး‌တော့ ကျ‌နော်ကို တရားဝင်‌တော့ အ‌ကြောင်းမကြား‌သေးဘူး။ သူများ‌ပြော‌တော့ ကြား‌နေရတယ်။ ကျ‌နော့်အ‌နေနဲ့ ဘာမှ မသိ‌သေးရ‌သေးဘူး” ဟု ‌ကေအိုင်စီသို့ ‌မေ ၄ ရက်‌နေ ့က ‌ပြောသည်။

အဆိုပါ KUPC အစည်းအ‌ဝေးတွင် ‌မေ ၆ မှ ၈ရက် အထိ ကျင်းပပြုလုပ်မည့် ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲသို့ တက်‌ရောက်ရန်အတွက် KUPC ကိုယ်စားလှယ်‌ရွေးချယ်ခြင်း၊ ကရင်အမျိုး သားပါတီ (KNP) မှကိုယ်စားလှယ် ၂ ဦးကို ကို KUPC ‌ကော်မတီဝင်အဖြစ် လက်ခံခြင်းနှင့် ကရင်အမျိုးသား ညီလာခံအတွက် ပြည်နယ်၊ တိုင်းအလိုက် ပြုစုထားသည့် စာတမ်းများကို ‌ဆွေး‌နွေးခဲ့ကြသည်။

နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ယင်းအစည်းအ‌ဝေးသို့ KUPC ‌ကော်မတီဝင်များနှင့် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ ပဲခူးတိုင်း ‌ဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို ့တက်‌ရောက်အမှာစကား‌ပြောကြားခဲ့ကာ စုစု‌ပေါင်း ၅ဝ ဦးခန် ့ အစည်းအ‌ဝေးတက် ‌ရောက်ခဲ့ပြီး လာမည့် ဇွန် ၁၈ မှ ၂ဝ ရက်‌နေ ့ထိ ရန်ကုန်မြို့တွင် ‌ကော်မတီ အစည်းအ‌ဝေး ထပ်မံပြုလုပ်သွားရန်ရှိ‌ကြောင်း အစည်းအ‌ဝေးမှတ်တမ်းများအရ သိရသည်။

KUPC ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၃ဝရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကျင်းပခဲ့သည့် ကရင်‌ရေးရာအစည်းအ‌ဝေးတွင် စတင်ဖွဲ့စည်း‌ပေးခဲ့ပြီး လက်ရှိ ကရင်‌တော်လှန်‌ရေးလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား‌ရေးရာ ဝန်ကြီးများ၊ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ် ၅၇ ဦး ဖြင့်ဖွဲ့စည်းထားသည်။