Home သတင်း ‘တိုင်းရင်းသားညီညွတ်မှုဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်အား တိုက်ခိုက်ကြဆိုသည့်’ စာတမ်းကပ်ထားသူနှစ်ဦးကို ဝ တာဝန်ရှိသူများ ဖမ်းဆီးထား

‘တိုင်းရင်းသားညီညွတ်မှုဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်အား တိုက်ခိုက်ကြဆိုသည့်’ စာတမ်းကပ်ထားသူနှစ်ဦးကို ဝ တာဝန်ရှိသူများ ဖမ်းဆီးထား

1970

‌မေ ၂ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

“တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုဖြင့် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်အား တိုက်ခိုက် ကြ” ဆိုသည့်စာတမ်းပါ ပိုစတာအား ပန်ဆန်းတိုင်းရင်းသားအစည်း‌ဝေး ကျင်းပရာ‌နေရာအနီးတွင် ယမန်‌နေ့က လာ‌ရောက်ကပ် ထားမှု ဖြစ်ပွားခဲ့ပြီး ပိုစတာကပ်သူနှစ်ဦးကို ဝ ‌ဒေသ တာဝန်ရှိသူများက ဖမ်းဆီးထား‌ကြောင်း ဝ ပြည်‌သွေးစည်းညီညွတ်‌ရေး ပါတီ UWSA ဒုတိယဥက္ကဋ္ဌဖြစ်သူ ‌ရှောက်မင်လျှံက သတင်းမီဒီယာများကို ‌ပြောသည်။

“ကျ‌နော်တို့ ထိန်းသိမ်းထားတယ်။ ဝ ပြည်သူ‌တွေ မဟုတ်ပါဘူး။ နယ်ခြားတစ်ဘက်က ပုဂ္ဂိုလ်‌တွေရဲ့ လုပ်‌ဆောင်ချက်‌တွေပါ။ အစည်းအ‌ဝေးရဲ့ ဦးတည်ချက်ကို လွဲ‌ချော်‌စေတယ်။ ဖျက်လိုဖျက်ဆီးလုပ်တာ ဖြစ်တယ်”ဟု ဦး‌ရှောက်မင်လျှံက ‌မေလ ၂ရက် ‌နေ့က ပန်ဆန်းသို့‌ရောက်ရှိ‌နေသည့် သတင်းမီဒီယာများကို ‌ပြောဆိုသည်။

‌မေလ ၁ရက်‌နေ့ည‌နေပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပိုစတာ လာ‌ရောက်ကပ်ထားမှုကို ပန်ဆန်းသို့ ‌ရောက်ရှိ‌နေသည့် Eleven မီဒီယာမှ သတင်း‌ထောက်အချို့ကလည်း မျက်မြင်‌တွေ့ရှိခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရယူနိုင်ခဲ့သည်။ “ကျ‌နော်က ‌ဆွေး‌နွေးပွဲခမ်းမ ဘက် လမ်း‌လျှောက်တက်လာ‌နေတုန်း ‌တွေ့လိုက်လို့ ထူးဆန်းတာနဲ့ ရိုက်ထားတာ”ဟု Eleven Media Group မှ ကို‌အောင်‌ဇော် ထွန်းက ‌ပြောသည်။

“The local ethnic armed unite, beat Min Aung Hlaing souces attack.” အဂင်္လိပ်စာနှင့် တရုတ်စာတမ်းနှစ်ခုဖြင့် ‌ရေး သားထားသည့် အဆိုပါ အနီ‌ရောင်ပိုစတာမှာ အရှည် ၁၅‌ပေခန့်ရှိပြီး အစည်း‌ဝေးခမ်းမသို့ သွားရာလမ်းရှိ အ‌ဆောက်အဦး ခြံစည်းရိုး‌ပေါ်တွင် ကပ်ထားခဲ့ခြင်းဖြစ်သည်။

ပန်ဆန်းတွင် ပြုလုပ်‌နေသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ထိပ်သီး‌ခေါင်း‌ဆောင်များ မျက်နှာစုံညီအစည်းအ ‌ဝေးမှာ လက်ရှိကြုံ‌တွေ့‌နေရသည့် တိုင်းရင်းသားအ‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးဆိုင်ရာ ပြဿနာရပ်များကို ‌ဖြေရှင်းရန် အဓိက ရည်ရွယ်ပြီး အင်အားအကြီးမားဆုံး ဝ တပ်ဖွဲ့ပင်လျှင် အစိုးရဘက်မှ ချမှတ်ထားသည့် အပစ်ခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီးမှ သာ နိုင်ငံ‌ရေး‌ဆွေး‌နွေးပြီး နိုင်ငံ‌ရေးအရ သ‌ဘောတူမှ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးစာချုပ်အားချုပ်ဆို စသည့်လမ်းပြ‌မြေပုံကို လက် ခံထား‌ကြောင်း ဝ တပ်ဖွဲ့ တာဝန်ရှိသူများက ‌ပြောဆိုထားသည်။

ဝတပ်ဖွဲ့ ‌ပြောခွင့်ရပုဂ္ဂိုလ် ဦး‌အောင်မြင့်က “စည်းလုံးညီညွတ်မှု ခင်မှုရင်းနှီးမှုကို ဦးတည်ကြိုးစားတဲ့ အစည်း‌ဝေးဖြစ်ပါတယ်။ ဒီပိုစ တာမှာ ‌ရေးထားတာက ကျ‌နော်တို့အစည်းအ‌ဝေးရဲ့ အဓိက‌မျှော်မှန်းချက်ကို လုံးလုံးကြီး ဆန့်ကျင်‌နေပါတယ်”ဟု ‌ပြောသည်။

ယခု အစည်းအ‌ဝေးတွင် အစိုးရဘက်မှ ‌ဆွေး‌နွေးပွဲမတက်‌ရောက်ရန် ‌ပြောကြားထားသည့် ရခိုင်တပ်မ‌တော်(AA)၊ ကိုးကန့် (MN DAA)နှင့် တအာင်းပ‌လောင်အဖွဲ့များ တက်‌ရောက်လျှက်ရှိပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးရာတွင် အားလုံးပါဝင် နိုင်ရန် အဓိကထား ‌ဆွေး‌နွေး‌နေကြဆဲဖြစ်သည်။