Home ဆောင်းပါး ငြိမ်းချမ်း‌ရေးကို ‌ဆွေး‌နွေးညှိနှိုင်းခြင်းဖြင့် ယူရမည်‌လော – နာခံမှုဖြင့် ယူရမည်‌လော

ငြိမ်းချမ်း‌ရေးကို ‌ဆွေး‌နွေးညှိနှိုင်းခြင်းဖြင့် ယူရမည်‌လော – နာခံမှုဖြင့် ယူရမည်‌လော

1509

‌မောင်‌ကျော်စွာ

(၂၀၁၅ခုနှစ်၊ ဧပြီလ ၈ရက်)

လူမျိုး‌ပေါင်းစုံ ပြည်သူများသည် “ငြိမ်းချမ်း‌ရေး”ကို ဖြစ်နိုင်သမျှ အလျင်အမြန် ရရှိခံစားလိုကြသည်။ ထို့အပြင် ရရှိလာသည့် “ငြိမ်းချမ်း‌ရေး”ကိုလည်း အစဉ် တည်တံ့ခိုင်မြဲ‌စေလိုကြသည်။

ငြိမ်းချမ်း‌ရေးမှုပျက်ပြားပြီး ပြည်တွင်းစစ်မီး ဘာ‌ကြောင့်‌တောက်‌လောင်ခဲ့ရသနည်း။ ပြည်တွင်းစစ်သည် အဘယ့်‌ကြောင့် ဤမျှ သက်တမ်းရှည်ကြာ‌နေရသနည်း။

ပြည်တွင်းစစ်မီးဘာ‌ကြောင့်‌တောင်‌လောင်ခဲ့ရသနည်း။
နိုင်ငံ‌ရေး၊ လူမျိုး‌ရေး၊ ဘာသာ‌ရေး၊ ယဉ်‌ကျေးမှု အစရှိ‌သော နယ်ပယ်‌ပေါင်းစုံတွင် ဒီမိုက‌ရေစီနှင့် တန်းတူရည်တူမရှိခြင်းသည် ပြ ဿနာ၏ အ‌ခြေခံအကြာင်းရင်းဖြစ်သည်။ ထိုသို့ မညီမျှ‌သော တန်းမတူ‌သော အ‌ခြေအ‌နေအရပ်ရပ်ကို တန်းတူရည်တူ ရရှိ‌စေ ရန် ဒီမိုက‌ရေစီနည်းလမ်းနဲ့အညီ ‌ဖြေရှင်း‌ပေးရန် ဥပ‌ဒေ‌ဘောင်အတွင်းမှ‌နေ၍ အုပ်စိုးသူများထံ တင်ပြ‌တောင်းဆိုခဲ့ကြသည်။

ဤသို့‌တောင်းဆိုခဲ့ကြသည်ကို အုပ်စိုးသူများက နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့်မ‌ဖြေရှင်းဘဲ လက်နက်ဖြင့်အကြမ်းဖက် ဖိနှိပ်ခဲ့ပြန်သဖြင့် မလွှဲမ‌ရှောင်သာ လက်နက်စွဲကိုင်ခုခံ‌တော်လှန်ခဲ့ကြရသည်။ သို့ဖြင့် ပြည်တွင်းစစ်ကြီး စတင် ‌ပေါက်ကွဲ‌တောက် ‌လောင်ခဲ့ကြရခြင်းဖြစ်သည်။

ပြည်တွင်းစစ်သည် အဘယ့်‌ကြောင့် ဤမျှ သက်တမ်းရှည်ကြာ‌နေရသနည်း။
အ‌ခြေခံအားဖြင့်‌ပြောရရင် ပြည်တွင်းစစ်ပြဿနာကို နိုင်ငံ‌ရေးပြဿနာဟု သ‌ဘောမထားသည့်အပြင် ဒီမိုက‌ရေစီနည်းကျ တန်း တူရည်တူထား မ‌ဖြေရှင်းခဲ့သဖြင့် ဤမျှ သက်တမ်းရှည်ကြာ‌နေခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် အဆက်ဆက်‌သော အုပ်စိုးသူများ သည် ပြည်တွင်းစစ်ကို အပြုတ်တိုက်သည့်နည်း၊ လက်နက်ချအညံ့ခံ‌စေသည့် နည်းလမ်းများဖြင့်သာ အဓိကထား ‌ဖြေရှင်းခဲ့ကြ သည်။

သို့ဖြင့် ငြိမ်းချမ်း‌ရေးသည် (ဖဆပလ)အစိုးရ၊ (ပထစ)အစိုးရ၊ (‌တော်လှန်‌ရေး‌ကောင်စီ)စစ်အစိုးရ၊ (မဆလ)အစိုးရ၊ (နဝတ-နအဖ)စစ်အစိုးရ၊ (သမ္မတဦးသိန်းစိန်ကြံ့ဖွံ့) အစိုးရ စသဖြင့် အုပ်စိုးသူအစိုးရ အဆက်ဆက်တိုင်‌အောင် မရှိနိုင်ဘဲ ဖြစ်‌နေရ သည်။

(NCA) စာချုပ်မူကြမ်း လက်မှတ်‌ရေးထိုးနိုင်ခဲ့ကြပြီဖြစ်သဖြင့် ငြိမ်းချမ်း‌ရေးကို ‌မျှော်လင့်နိုင်ပြီလား။
ငြိမ်းချမ်း‌ရေးဗိမာန်သို့ သွားရာလမ်းပြ‌မြေပုံကို ‌အောက်ပါ‌ခြေလှမ်း ၃ဆင့်ဖြင့် လွယ်လွယ်ရိုးရိုး စဉ်းစားကြည့်ကြပါစို့။

ပထမအဆင့် – ပစ်ခတ်တိုက်ခိုက်‌နေမှုများ တစ်တိုင်းပြည်လုံးတွင် ရပ်ဆိုင်းထား‌ရေး
ဒုတိယအဆင့် – နိုင်ငံ‌ရေးပြဿနာများကို ဒီမိုက‌ရေစီနည်းလမ်းနဲ့အညီ တန်းတူရည်တူ ‌ဖြေရှင်း‌ဆွေး‌နွေး‌ရေး
တတိယအဆင့် – နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှ ရရှိလာသည့် ငြိမ်းချမ်း‌ရေးနှင့် ညီညွှတ်‌ရေးမူများအရ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်ကာ ‌ရေရှည်တည်တံ့‌အောင် ထိန်းသိမ်းကာကွယ်‌စောင့်‌ရှောက်‌ရေး

ထိုလမ်းပြ‌မြေပုံအတိုင်း ယ‌နေ့အ‌ခြေအ‌နေကို ချိန်ထိုးစဉ်းစားမည်ဆိုလျှင် ပထမအဆင့်ဖြစ်သည့် ပစ်ခတ်တိုက်ခိုက်‌နေမှုများကို ရပ်ဆိုင်းထားနိုင်ခြင်း မရှိ‌သေးသည်ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ‌သေနတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများ၊ ‌လေ ယာဉ်ပျံ‌ပေါ်မှ ကြဲချ‌နေသည့် ဗုံးသံများက အထင်အရှား သက်‌သေခံ‌နေပါသည်။

(NCA)စာချုပ်မူကြမ်း ‌ဆွေး‌နွေး‌နေစဉ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားနိုင်ခြင်း မရှိသည့်အပြင် (NCA) စာချုပ် မူကြမ်း လက်မှတ်‌ရေးထိုးပြီး‌နောက် ရက်သတ္တပတ်အတွင်းမှာ ရှမ်းပြည်နယ်၊ ‌ကျောက်မဲမြို့နယ်၊ ပန်ဆိုင်းရွာ၊ ကိုးကွက်ရွာတို့တွင် လည်း‌ကောင်း၊ ကိုးကန့်‌ဒေသ၊ ခုတ်ထန ပတ်ဝန်းကျင်တွင်လည်း‌ကောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်း၊ဖားကန့်၊ ဗန်း‌မော်၊ မန်စီ၊ မိုး ‌ကောင်း‌ချောင်း ပတ်ဝန်းကျင်‌ဒေသများတွင်လည်း‌ကောင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေပါသည်။

သို့ပါ၍ ပစ်ခတ်တိုက်ခိုက်‌နေမှုများ တစ်တိုင်းပြည်လုံးတွင် ရပ်ဆိုင်းထား‌ရေး ဆိုသည့်အဆင့်ကိုပင် ပီပြင်စွာ အ‌ကောင်အထည် ‌ဖော်နိုင်ခြင်း မရှိ‌သေးသဖြင့် ငြိမ်းချမ်း‌ရေးဗိမာန်သို့ ‌ရောက်ရှိရန် မည်မျှလို‌သေးသည်ကို အထင်အရှား ‌တွေ့မြင်နိုင်ပါသည်။

ထို့အပြင် ၃၁ မတ်၊ ၂၀၁၅ရက်‌နေ့က (NCCT) နှင့် (UPWC) တို့အကြား လက်မှတ်‌ရေးထိုးခဲ့ကြသည်မှာ “တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲ‌ရေးစာချုပ်”ကို သ‌ဘောတူ လက်မှတ်‌ရေးထိုးကြခြင်းမဟုတ် “စာချုပ်မူကြမ်း”ကိုသာ အတည်ပြု လက်မှတ်‌ရေးထိုးကြ ခြင်း ဖြစ်ပါသည်။

သို့ပါ၍ ငြိမ်းချမ်း‌ရေးလိုလားသည့် လူမျိုးစုံပြည်သူများထံ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌နေသည့် ကိစ္စနှင့်စပ်လျဉ်း၍ သတင်းစကားပါးရာ တွင် အဖြစ်မှန်အတိုင်း ရိုးသားပွင့်လင်းစွာ အစီရင်ခံသင့်ပါသည်။ မိမိမလိုလားသည့်အချက်ကို ‌မှေးမှိန်၍လည်း‌ကောင်း၊ မိမိလို လားသည့်အချက်ကို လိုရာဆွဲ ပုံကြီးချဲ့ ‌ပြောဆို‌ရေးသားခြင်းများကိုမူ မပြုလုပ်သင့်ပါ။

တကယ့်အဖြစ်မှန်မှာမူ တနှစ်နှင့်ငါးလအတွင်း တရားဝင် (၇)ကြိမ်၊ ပြည်တွင်းပြည်ပ၌ အလွတ်သ‌ဘော (၂၂)ကြိမ် ‌ဆွေး‌နွေးခဲ့ ကြပြီး “စာချုပ်မူကြမ်းကို နှစ်ဖက်သ‌ဘောတူ ညှိနှိုင်းပြုစု‌ရေးဆွဲပြီးစီး”ခဲ့‌သော်လည်း ယ‌နေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်‌နေမှု များကို ရပ်ဆိုင်းနိုင်ခြင်းမရှိ‌သေးသည်မှာ ပကတိဖြစ်ရပ်မှန်ပင် ဖြစ်ပါသည်။

သို့ပါ၍ ပထမအဆင့်ဖြစ်‌သော အပစ်အခတ်ရပ်စဲ‌ရေးကိုပင် တိကျပီပြင်စွာ ‌ဆောင်ရွက်နိုင်ဖို့လိုအပ်ပါသည်။ သို့မှသာ နိုင်ငံ‌ရေး ပြဿနာများကို တန်းတူရည်တူ ဒီမိုက‌ရေစီနည်းလမ်းတကျ ‌ဆွေး‌နွေး‌ဖြေရှင်းနိုင်‌ရေးဟူ‌သော ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ပါ လိမ့်မည်။ ထိုဒုတိယအဆင့်တွင် လူမျိုး‌ပေါင်းစုံပြည်သူများအတွက် လက်တ‌လောနှင့် ‌ရေရှည်အာမခံချက်ရှိ‌သော ငြိမ်းချမ်း‌ရေးမူ ကို နှစ်ဖက် သ‌ဘောတူ၊ ညှိနှိုင်း၊ ‌ဆွေး‌နွေး၊ သ‌ဘောတူ ချမှတ်နိုင်မှသာလျှင် တကယ့် “ငြိမ်းချမ်း‌ရေးအလင်းတန်း‌တွေ” ‌ပေါ်ထွက် လာနိုင်မည်ဖြစ်ပါသည်။

ယင်းသို့မဟုတ်လျှင်မူ ပါးစပ်က‌နေ ‌ပြော‌ကောင်းသဖြင့် ‌ပြော‌နေသည့် ငြိမ်းချမ်း‌ရေးတံလျပ်‌တွေသာ ဖြစ်‌နေပါလိမ့်မည်။
သဘာဝကျစွာပင် ပထမအဆင့်၌ မပီပြင်ဘဲ ဒုတိယအဆင့်သို့ မတက်လှမ်းနိုင်ပါ၊ ထို့အတူ တတိယအဆင့်ဖြစ်‌သော ငြိမ်းချမ်း ‌ရေးဗိမာန်သို့ ‌ရောက်ရှိ‌ရေးသည် မည်မျှခက်ခဲကြန့်ကြာ‌နေဦးမည်ကို အလွယ်တကူပင် သိနိုင်ကြမည်ဖြစ်ပါသည်။

ထို့အပြင် မတ်လ ၃၁ရက်‌နေ့ (NCA) မူကြမ်း လက်မှတ်‌ရေးထိုးပြီး‌နောက် သတင်းစာရှင်းလင်းပွဲ၌ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ထပ်မံ အတည်ပြု ထုတ်‌ဖော်‌ပြောခဲ့သည့် “တပ်မ‌တော်ရဲ့ သ‌ဘောထားရပ်တည်ချက် ၆ချက်ကို လိုက်နာနိုင်တယ်ဆိုရင် ထာဝရ ငြိမ်းချမ်း‌ရေးရမယ်။ ဒါက‌တော့ ကျ‌နော်တို့ အမြဲတမ်း ဆွဲကိုင်ထားမယ့် မူဝါဒ ၆ချက်ဖြစ်ပါတယ်” ဆိုသည့်စကားကိုမူ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ငြိမ်းချမ်း‌ရေးကို ‌စောင့်ကြည့်အကဲခတ်‌နေကြသူများအတွက် အထူးသတိပြုရမည် ဖြစ်ပါ သည်။

သူ့‌ပြောစကားကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင်
၁။ “ထာဝရငြိမ်းချမ်း‌ရေး”သည် ‌ဆွေး‌နွေးညှိနှိုင်းစရာမလို၊ တပ်မ‌တော်ရဲ့ သ‌ဘောထားမူ ၆ချက်ကို လိုက်နာနိုင်လျှင်ရမည်။
၂။ တပ်မ‌တော်ရဲ့ သ‌ဘောထားမူ ၆ချက်ကို အမြဲဆွဲကိုင်ထားမည်၊ အ‌လျော့‌ပေးမည်မဟုတ် ဟူ၍ဖြစ်သည်။

သို့ပါ၍ ထိုအချက် ၂ ချက်အ‌ပေါ်မှ ‌အောက်ပါအတိုင်း ‌ကောက်ချက်ဆွဲယူနိုင်ပါသည်။
“ထာဝရငြိမ်းချမ်း‌ရေးကို အစိုးရနှင့် ‌ဆွေး‌နွေးညှိနှိုင်းခြင်းဖြင့် မရရှိနိုင်။ တပ်မ‌တော်ရဲ့ သ‌ဘောထားမူ ၆ချက်ကို လိုက်နာနိုင်လျှင် ရမည်”ဟူ၍ ဖြစ်သည်။

ကိုးကား
၁။ ဧရာဝတီဝက်ဘ်ဆိုဒ်သတင်း (၃၁-၃-၂၀၁၅) “NCA မူကြမ်း လက်မှတ်ထိုး‌သော်လည်း တပ်မ‌တော်မူ ၆ချက်ကို လက်မခံနိုင် ဟု NCCT ဆို”
၂။ မြန်မာ့အလင်းသတင်းစာ (၁-၄-၂၀၁၅)
၃။ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC) သ‌ဘောထားထုတ်ပြန်ချက် (၇-၄-၂၀၁၅)
၄။ “NCA မူကြမ်း သ‌ဘောတူ‌ပေမဲ့ တိုက်ပွဲများဆက်ရှိ‌နေ” (VOA)သတင်း (၇-၄-၂၀၁၅)