Home သတင်း မြဝတီမြို့နယ်အတွင်း အ‌ခြေခံစာတတ်‌မြောက်‌ရေး လှုပ်ရှားမှုအစီအစဉ် စတင်

မြဝတီမြို့နယ်အတွင်း အ‌ခြေခံစာတတ်‌မြောက်‌ရေး လှုပ်ရှားမှုအစီအစဉ် စတင်

1871

ဧပြီ ၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ‌နေရာအနှံ့၌ လူတန်းစားအလွှာ‌ပေါင်းစုံ စာတတ်‌မြောက်ရန် ရည်ရွယ်ပြီး အ‌ခြေခံ စာတတ် ‌မြောက်‌ရေး လှုပ်ရှားမှု အစီအစဉ်တစ်ရပ်ကို မြဝတီမြို့၊ မြစန္ဒီပန်းခြံတွင် ယ‌နေ့ နံနက် ၉နာရီမှ ၁ဝနာရီအထိ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြသည်။

၎င်းစာတတ်‌မြောက်‌ရေး လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားသို့ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ လှုမှု‌ရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်၊ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂)မှ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ခရိုင်/ မြို့နယ်အဆင့် အစိုးရဌာနဆိုင်ရာများ၊ ရွာ‌ပေါင်း ၄၃ရွာမှ ‌ကျေးရွာအုပ်ချုပ် ‌ရေးမှူးများနှင့် ‌ဒေသခံ ‌ကျောင်းဆရာ/မများအပါအဝင် ပရိဿတ် ၆၀၀‌ကျော် တက်‌ရောက်ခဲ့သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းက “လူ့စွမ်းအားမြှင့်တင်ဖွံ့ဖြိုးပြီး‌တော့မှ ထာဝရငြိမ်းချမ်း‌ရေးကို သယ်‌ဆောင်လာနိုင်မှာ ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှု‌တွေလည်းပဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအဖြစ်နဲ့ ထိန်း‌ကျောင်းသွားနိုင်မှာဖြစ်ပါတယ်။ ဒါ‌ကြောင့် စာတတ် ‌မြောက်‌ရေး လှုပ်ရှားမှုလုပ်ငန်းဆိုတာ မဖြစ်မ‌နေ လုပ်ရမယ့် လုပ်ငန်း‌တွေဖြစ်သလို နိုင်ငံတကာနဲ့ ရင်‌ဘောင်တန်းနိုင်‌အောင် ‌ဆောင်ရွက်တဲ့‌နေရာမှာလည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ အ‌ခြေခံလုပ်ငန်းစဉ်‌တွေ ဖြစ်တယ်ဆိုတာ ‌ပြောချင်ပါ တယ်”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

၎င်းအပြင် ကရင်ပြည်နယ်၊ မြဝတီ‌ဒေသတွင် အ‌ရှေ့‌တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နိုင်ငံများအပြင် အာရှ‌ဒေသအတွင်း ကူးသန်း‌ရောင်းဝယ် မှုအတွက် အချက်အချာကျရာ ‌ဒေသတစ်ခုဖြစ်၍ ပြည်သူများ၏ စွမ်း‌ဆောင်ရည် မြှင့်မားလာ‌ရေးသည် အလွန်အ‌ရေးကြီး‌ကြောင်း၊ ထို့‌ကြောင့် ပြည်သူများ၏ စွမ်း‌ဆောင်ရည် မြှင့်မားလာ‌ရေးကို ရည်ရွယ်ကာ အ‌ခြေခံကျကျနှင့် အဆင့် မြင့်သည်အထိ ဘက်‌ပေါင်းစုံ ‌ဆောင်ရွက်လျှက်ရှိသည်ဟု ဦး‌ဇော်မင်းက ဆက်‌ပြောသည်။
IMGP0044
စာတတ်‌မြောက်‌ရေးလှုပ်ရှားမှုကို ကရင်ပြည်နယ်၊ ဖားအံတက္ကသိုလ်မှ ကြီးကြပ်သူ ဆရာမ ၁၅ဦးနှင့် တက္ကသိုလ် ‌ကျောင်းသူ/ သား ၁၅ဝဦးတို့က မြဝတီမြို့နယ်ရှိ ‌ကျေးရွာ ၄၃ရွာမှ စာသင်သား ၁,၄၀ဝဦး‌ကျော်ကို ဧပြီ ၁ရက်‌နေ့မှ ‌မေ ၁၅ရက်‌နေ့အထိ သင် ကြားပို့ချသွားမည်ဟု ၎င်းလှုပ်ရှားမှုကို ကြီးကြပ်သူ ပညာ‌ရေးဝန်ထမ်းတစ်ဦးက ‌ပြောသည်။

သူက “သက်ဆိုင်ရာ ရပ်ကွက်၊ ‌ကျေးရွာတိုင်းမှာ စာသင်ဝိုင်းများ ထားထားမယ်။ မြဝတီတစ်ခုလုံး စုစု‌ပေါင်း စာသင်ဝိုင်း ၁၄၃ ဝိုင်း ရှိတယ်။ ကျမတို့အ‌နေနဲ့က မြန်မာစာနဲ့ သချင်္ာ အ‌ခြေခံ အ‌ရေး၊ အဖတ်‌တွေကို အဓိကထား သင်‌ပေးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီမြို့ခံ မ‌ဌေး‌ဌေးဝင်းကလည်း “စာမတတ်တဲ့လူ‌တွေကို ပညာ‌ရေးဟာ သူတို့အတွက် ဘယ်လိုအ‌ရေးကြီးလဲဆိုတာ အသိ ပညာ‌ပေး‌စေချင်တယ်။ သူတို့‌တွေ စာသင်ချင်စိတ် ပါလာ‌အောင် ဆွဲ‌ခေါ်၊ တွဲ‌ခေါ်လာ‌စေချင်တယ်။ စာလုံးဝ မတတ်‌တောင်မှ အ‌ခြေခံ အ‌ရေးအဖတ်‌တော့ အားလုံးတတ်‌စေချင်တယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ပြည်သူလူထု အ‌ခြေခံ စာတတ်‌မြောက်‌ရေး လှုပ်ရှားမှုကို ယခင်က “အသုံးလုံး” အစီအစဉ် လှုပ်ရှားမှု အ‌နေဖြင့် လုပ်‌ဆောင်မှုများရှိခဲ့‌သော်လည်း ယခုလို မြို့နယ်တစ်ခုလုံး အတိုင်းအတာဖြင့် လုပ်‌ဆောင်ခြင်းသည် ပထမဦးဆုံးအ ကြိမ်ဖြစ်သည်ဟု မြဝတီမြို့ရှိ အစိုးရပညာ‌ရေးဝန်ထမ်းများ၏ ‌ပြောဆိုချက်အရ သိရသည်။