Home သတင်း ‌မော်မထူး‌ချောင်းဝ၌ ‌ရွှေတူး‌ဖော်မှု ကန့်ကွက်သည့် ‌ဒေသခံများအား အစိုးရစစ်တပ် ‌ခေါ်ယူသတိ‌ပေး

‌မော်မထူး‌ချောင်းဝ၌ ‌ရွှေတူး‌ဖော်မှု ကန့်ကွက်သည့် ‌ဒေသခံများအား အစိုးရစစ်တပ် ‌ခေါ်ယူသတိ‌ပေး

2120

၂၀၁၂ခုနှစ်က ‌တွေ့ရသည့် ဖာပွန်‌ဒေသအတွင်း ‌ရွှေလုပ်ကွက် တစ်‌နေရာ

ဧပြီ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပြားသား‌ချောင်း‌ကျေးရွာအုပ်စု၊ က‌ထောင်လိ‌ကျေးရွာရှိ ‌မော်မထူး‌ချောင်းဝ၌ လုပ် ငန်းရှင်အချို့၏ ‌ရွှေတူး‌ဖော်‌နေမှုကို ကန့်ကွက်ကြသည့် ‌ဒေသခံများအား အစိုးရစစ်တပ်က ဧပြီလ ၁၈ရက်‌နေ့တွင် ‌ခေါ်ယူသတိ ‌ပေးခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

၎င်း‌ရွှေတူး‌ဖော်‌နေမှုကို ခွင့်‌ပေးထားသည့် ထီးထာအ‌ခြေစိုက် အစိုးရစစ်တပ် စစ်ဆင်‌ရေးကွပ်ကဲမှု ဋ္ဌာနချုပ်(စကခ-၁၉) လက် ‌အောက်ခံ နည်းဗျူဟာ(၁)မှ ‌ခြေလျင်တပ်ရင်း(ခလရ -၆၂) တပ်ရင်းမှူး ဒုုဗိုလ်မှူးကြီးသန်းထိုက်က ‌ရွှေတူး‌ဖော်မှုကို ကန့်ကွက် ကြ‌သော ‌ဒေသခံများကို ‌ကျောက်တူး‌ကျေးရွာရှိ ‌ကျောက်တူးစခန်း၌ ‌ခေါ်ယူသတိ‌ပေး ‌ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံတစ်ဦး ဖြစ်သူ ‌စောတင်ဦးက ‌ကေအိုင်စီသို ့‌ပြောသည်။

“ရွာက ခရစ်ယာန်လက်တင်ဆရာ၊ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး၊ ‌ကျောင်းဆရာ‌တွေ အပါအဝင် လူ ၃၀‌လောက် တက်သွားတယ်။ ‌ကျောက်တူးစခန်းကို‌ရောက်‌တော့ မင်းတို့က ဘာ‌ကောင်‌တွေလဲ။ ဘာလို ့ ‌နှောက်ယှက်တာလဲဆိုပြီး မနက် ၁၁နာရီက‌နေ ‌နေ့ လည် ၁နာရီ‌ကျော်‌လောက်ထိ မတ်တပ်ရပ်ခိုင်းထားတယ်။ ဇွန်လထိ တူးခွင့်‌ပေးလိုက်ပါလို ့‌ပြောတယ်။ ကျ‌နော်တို့ အဖွဲ့အစည်း ‌တွေက မဟုတ်ဘူး။ ‌ဒေသခံ‌တွေပါလို ့ပြန်‌ပြောခဲ့တယ်”ဟု ၎င်း‌ဒေသခံက ‌ပြောသည်။

အဆိုပါ ‌မော်မထူး‌ချောင်းဝ၌ ‌ဒေသခံလုပ်ငန်းရှင်သုံးဦးသည် ယခုနှစ် မတ်လအတွင်းက ‌ရွှေတူး‌ဖော်မှုကို စတင်လုပ်‌ဆောင်ခဲ့ခြင်း ‌ကြောင့် ‌ရေ‌ကြောင်း‌ပြောင်းလဲခြင်း၊ ‌ရွှေတူးရာတွင် အသုံးပြုသည့် ပြဒါး‌ကြောင့် ‌ရေညစ်ညမ်းခြင်းတို့‌ကြောင့် ယင်း‌ချောင်း‌ရေကို ‌နေ့တဓူဝ အသုံးပြု‌နေရသည့် ရွာသားများအတွက် အခက်ကြုံ‌တွေ့‌စေသည့်အ‌ပေါ် ကန့်ကွက်ရခြင်းဖြစ်သည်ဟုု ‌ဒေသခံများက ‌ပြောဆိုသည်။

ယခုလ ဧပြီ ၁၅ရက်‌နေ့က ‌ရွှေတူး‌ဖော်‌နေသည့် ‌ဒေသခံလုပ်ငန်းရှင် ၃ဦး၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ‌ဒေသခံတို့ ကလိ‌ထောင်း‌ကျေးရွာ မူကြို‌ကျောင်း၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာတွင် ‌ရွှေဆက်မတူးရန် အားလုံး သ‌ဘောတူ လက်မှတ်ထိုးခဲ့‌သော် လည်း တူး‌ဖော်‌နေသူများက တူး‌ဖော်ခွင့်‌ပေးထားသည့် (ခလရ -၆၂) တပ်ရင်းမှူးအား အ‌ကြောင်းကြားခဲ့ခြင်း‌ကြောင့် ယခုကဲ့ သို ‌ဒေသခံများက ့‌ခေါ်ယူသတိ‌ပေးခံရခြင်းဖြစ်သည်။

ယခုကိစ္စနှင့် ပတ်သက်၍ တနသာင်္ရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးတင်သိန်းက “ကျ‌နော်တို ့အစိုးရအဖွဲ့က ဘယ် သူ့ကိုမှ ‌ရွှေတူး‌ဖော်ခွင့် ခွင့်ပြုထားတာမရှိဘူး။ ‌ဒေသခံ‌တွေ အခုလိုဖြစ်‌နေရင် လာတိုင်ပါ။ ဆင်းကြည့်‌ဖြေရှင်း‌ပေးမယ်။ ဆက် သွယ်လို့ရ‌အောင်‌တော့ မှတ်ပုံတင်တို့၊ ‌နေရပ်လိပ်စာတို ့အပြည့်အစုံထည့်‌ရေးတိုင်ပါ။ ဒါမှလမ်းပြဖို့အတွက် အဆင်‌ပြေမယ်။ စစ် တပ်‌တွေက ‌ရွှေတူးဖို့ ခွင့်ပြုလို့မှ မရတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထားဝယ်‌ဒေသခံတစ်ဦးဖြစ်သူ ‌နော်ပိသ‌လောကလည်း “စစ်တပ်က ‌ရွှေတူးခွင့်‌ပေးလို ့မရဘူးဆိုတာဟုတ်တယ်။ ဒါ‌ပေမဲ့ နား လည်မှုနဲ ့စစ်တပ်ခွင့်ပြုချက်ယူလုပ်‌နေတာ၊ ‌ဒေသခံ‌တွေ စိုးရိမ်တာက လုပ်ငန်းရှင်ကြီး‌တွေ ထပ်‌ရောက်လာပြီး အကြီးအကျယ် လုပ်လာမှာကို‌လေ။ အခု‌တောင် ‌တော်‌တော်ပျက်စီး‌နေပြီးဆို‌တော့။ အခု‌ခေတ်ကြီးမှာ အခုလို ရွာသား‌တွေကို စစ်တပ်က ၂နာရီ ‌လောက် မတ်တပ်ရပ်ခိုင်းပြီး ဆက်ဆံတယ်ဆိုတာ မဖြစ်သင့်ဘူး”ဟု ‌ပြောသည်။

ထားဝယ်မြို့ရှိ ‌မော်မထူး‌ချောင်းသည် ဘန်း‌ချောင်းအတွင်းသို ့စီးဝင်သည့် ‌ချောင်းလက်တက်တစ်ခုဖြစ်ကာ ယခု‌ချောင်းဝ၌ ‌ရွှေ တူး‌ဖော်ခြင်းကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် အစိုးရစစ်တပ်တို့၏ ခွင့်ပြုချက်ဖြင့် ယခုနှစ် မတ်လအတွင်းက စတင် လုပ်‌ဆောင်‌နေပြီး ရွာသားများကန့်ကွက်မှု‌ကြောင့် လုပ်ငန်းယာယီရပ်ဆိုင်းထားရာမှ လက်ရှိ ပြန်လည်လုပ်ကိုင်‌နေခြင်း ဖြစ်သည်။