Home သတင်း ‌ကေအဲန်ယူ ဖားအံခရိုင် ပညာ‌ရေးမှူး ပဒို‌စော‌အောသယ် ကွယ်လွန်

‌ကေအဲန်ယူ ဖားအံခရိုင် ပညာ‌ရေးမှူး ပဒို‌စော‌အောသယ် ကွယ်လွန်

1687
ဧပြီ ၅ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဖားအံခရိုင် ပညာ‌ရေးမှူးဖြစ်သူ ပဒို‌စော‌အောသယ်(Auther) ၆၉နှစ်သည် ယမန်‌နေ့ ဧပြီ ၄ရက် မနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာ၌ လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏ တပည့်တစ်ဦး ဖြစ်သူ ‌စောလယ့်နယ်က ‌ပြောသည်။

၎င်းက “မနက် ၈နာရီ ၁ဝမိနစ်‌လောက်မှာ ဆုံးသွားပါတယ်။ အရင်က ‌လေဖြတ်ခံရပြီး‌တော့ နည်းနည်း ပြန်သက်သာရာက‌နေ အခုလို ရုတ်တရက် ဆုံးသွားတာဖြစ်တယ်။ အသက်အရွယ်အရ ဆုံးသွားတယ်လို့ပဲ ယူဆရပါတယ်။ ဒီလို တန်ဘိုးရှိတဲ့ ‌ခေါင်း ‌ဆောင်တစ်ဦး ဆုံးရှုံးသွားတဲ့အ‌ပေါ် အရမ်းဝမ်းနည်း‌ကြေကွဲရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စော‌အောသယ်သည် ၁၉၄၆ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၁၉ရက်‌နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့၌ ‌မွေးဖွားခဲ့ပြီး အထက်တန်းပညာကို အင်းစိန်အထက်တန်း‌ကျောင်း၌ ‌အောင်မြင်ပြီး‌နောက် ရန်ကုန်တက္ကသိုလ်တွင် Philosophy ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၇၇ခုနှစ်တွင် ကရင်အမျိုးသား‌တော်လှန်‌ရေးသို့ ဝင်‌ရောက်ခဲ့ပြီး ‌ကျောင်းဆရာ၊ ‌ကေအဲန်ယူ အစိုးရ အထက်တန်း‌ကျောင်း အုပ်တာဝန်တို့ကို ထမ်း‌ဆောင်ခဲ့သည့်အပြင် ဖားအံခရိုင်ပညာ‌ရေးမှူးနှင့် မယ်လဒုက္ခသည်စခန်းရှိ Leadership & Manage-ment Training College-LMTC ‌ကျောင်းအုပ်တာဝန်တို့ကို ကွယ်လွန်သည်အထိ ထမ်း‌ဆောင်ခဲ့သည်။

၎င်းကွယ်လွန်သွားသည့်အ‌ပေါ် ‌ကေအဲန်ယူ အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်တစ်ဦးလည်း ဖြစ်တယ်။ ပညာ‌ရေးအခန်းကဏ္ဍမှာ တာဝန်‌ကျေပွန်စွာနဲ့ ထမ်း‌ဆောင်ခဲ့တယ်။ အနာဂတ် ကရင့်လူငယ်‌တွေ ပညာတတ်‌အောင် စိတ်ရင်း ‌စေတနာရင်းနဲ့ သွန်သင်ခဲ့တယ်။ ရင့်ကျက်တဲ့ ‌ခေါင်း‌ဆောင်တစ်ဦး ဆုံးသွားတာက‌တော့ ကျ‌နော်တို့အတွက် ဆုံးရှုံးမှု တစ်ခုပါ”ဟု ‌ပြောသည်။

ပဒို‌စော‌အောသယ် ကွယ်လွန်ချိန်တွင် ဇနီးသည် ဆရာမ‌နော်အဲလှနှင့် သားသုံးဦးတို့ ကျန်ရစ်ခဲ့ပြီး ၎င်း၏ရုပ်အ‌လောင်းကို ‌ကေ အဲန်ယူ တပ်မဟာ(၇)နယ်‌မြေ ‌သေ့‌ဘေ့ထာ့စခန်းသို့ ယ‌နေ့ မွန်းလွဲပိုင်းတွင် သယ်‌ဆောင်သွားကာ ဈာပန အခမ်းအနားကို ဧပြီ လ ၆ရက်‌နေ့ နံနက် ၁ဝနာရီအချိန်တွင် ‌မြေမြှုပ်သၤဂြိုဟ်မည်ဟု သိရသည်။