Home သတင်း အပစ်ရပ်စာချုပ်မူကြမ်းနှင့် တိုင်းရင်းထိပ်သီး‌ခေါင်း‌ဆောင် ‌ဆွေး‌နွေးပွဲအတွက် KNU အ‌ရေး‌ပေါ် စည်း‌ဝေး

အပစ်ရပ်စာချုပ်မူကြမ်းနှင့် တိုင်းရင်းထိပ်သီး‌ခေါင်း‌ဆောင် ‌ဆွေး‌နွေးပွဲအတွက် KNU အ‌ရေး‌ပေါ် စည်း‌ဝေး

1431

ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး – NCA စာချုပ်မူကြမ်းပါ အချက်များကို သ‌ဘောတူ‌ကြောင်း သ‌ဘောတူလက်မှတ်ထိုးမှုနှင့် တိုင်းရင်းသားထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေး တက်‌ရောက်‌ရေးကိစ္စများကို ‌ဆွေး‌နွေးရန် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ‌ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ် ‌လေးဝါးစခန်း၌ ဧပြီလ ၂ဝရက်‌နေ့မှစ၍ ကျင်းပခဲ့သည်။

KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “NCA Draft နဲ့ Commitment (ကတိကဝတ်) လက်မှတ်ထိုးတဲ့ကိစ္စတို့ တင်ပြပြီး‌တော့ ‌ကော်မတီဝင်‌တွေက အပြန်အလှန် ‌ဆွေး‌နွေးကြမယ်။ ပြီး‌တော့ လာမယ့်‌မေလမှာ ဝ(UWSA)က ဦးစီးကျင်းပမယ့် တိုင်းရင်းသား ထိပ်သီး‌ခေါင်း‌ဆောင် အစည်းအ‌ဝေးနဲ့ပတ်သက်ပြီး ‌ဆွေး‌နွေးမယ်။ အဲဒီက‌နေတဆင့် တက်‌ရောက်မယ့် ကိုယ်စားလှယ်‌တွေ ‌ရွေး ချယ်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည်‌ပေါင်းစည်း‌ရေးနှင့် ယခင် အမြဲတမ်းဗဟို‌ကော်မတီဝင်များ အစည်းအ ‌ဝေးက ချမှတ်ခဲ့‌သော ဆုံးဖြတ်ချက်များကို လိုက်နာကျင့်သုံးနိုင်ခြင်း ရှိမရှိကိုလည်း အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးသွား မည်ဟု ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

အစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို ‌စောကွယ်ထူးဝင်း၊ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး‌စော‌ဂျော်နီ၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲတို့ အပါအဝင် ဗဟို‌ကော်မတီဝင် ၅ဝဦးအနက်မှ ၃၉ဦး တက်‌ရောက်ခဲ့ကြသည်။

အမြဲတမ်း ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌တောင်ငူခရိုင်ဥက္ကဌ ပဒို‌စောအယ်ဝါးက “လက်ရှိ ကျ‌နော်တို့ သွား‌နေတဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်မှုလမ်းစဉ်မှာ ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးရဲ့ ဆန္ဒနဲ့ထပ်တူ ဖြစ်‌စေချင်တယ်။ တဆက်တည်းမှာပဲ ပြည်သူ့အကျိုး ကို ‌မျှော်ကိုးပြီး ဒီက‌နေ ‌ဆွေး‌နွေး‌စေချင်တယ်။ NCA ကိစ္စဆိုလည်း ‌သေ‌သေချာချာလုပ်ဖို့ လိုတယ်။ NCA က ကိုယ့်ကို ပြန်ပြီး ချုပ်‌နှောင်တဲ့ကြိုးတစ်ခု မဖြစ်‌စေချင်ဘူး”ဟု ‌ပြောသည်။

‌ကေအဲန်ယူသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ (UPWC)တို့အကြား မတ် ၃၁ရက်‌နေ့က ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း ချုပ်ဆိုပြီး ‌နောက် ယခုလို အ‌ရေး‌ပေါ် အစည်းအ‌ဝေး ‌ခေါ်ယူခြင်း ဖြစ်သည်။

၎င်းအပြင် ‌ကေအဲန်ယူသည် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)၊ KNU/KNLA-PC နှင့် ရှမ်း(သျှမ်း)ပြည် ပြန် လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)တို့နှင့်အတူ ယခုနှစ် ‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့က ‌နေပြည်‌တော်တွင် အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ ကတိပြုချက်စာချုပ် လက်မှတ်ထိုးခဲ့သည်။

ဧပြီ ၂ဝရက်မှ ၂၂ရက်‌နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည့် ယင်းအစည်းအ‌ဝေးမှာ ‌ကေအဲန်ယူ (၁၅)ကြိမ်‌မြောက် ကွန်ကရက် အပြီး စတုတ္ထအကြိမ်‌မြောက် အမြဲတမ်း ဗဟို‌ကော်မတီဝင်များ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးဖြစ်သည်။ ‌ကေအဲန်ယူသည် လတ်တ ‌လော ဖြစ်ပျက်မှု အ‌ကြောင်းကိစ္စများအ‌ပေါ် အ‌ခြေခံ၍ အ‌ရေး‌ပေါ်အစည်းအ‌ဝေးကို အလျင်းသင့်သလို ‌ခေါ်ယူ‌လေ့ရှိပြီး ယခုပြု လုပ်သည့် အစည်းအ‌ဝေးအပြီးတွင် ကရင်လူထုအ‌ခြေပြုအဖွဲ့များနှင့်လည်း ထပ်မံ ‌တွေ့ဆုံသွားကာ ‌နောက်ဆုံးရက်တွင် ‌ကြေ ညာချက် ထုတ်ပြန်သွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူက ‌ပြောဆိုသည်။