Home ထိပ်တန်းသတင်း သိမ်းဆည်းခံ‌မြေယာများ ပြန်ရရှိ‌ရေး ‌ကျေးရွာ ၂၀‌ကျော်မှ ကရင်‌ဒေသခံများ ‌ကော်မတီတစ်ရပ်ဖွဲ့စည်း

သိမ်းဆည်းခံ‌မြေယာများ ပြန်ရရှိ‌ရေး ‌ကျေးရွာ ၂၀‌ကျော်မှ ကရင်‌ဒေသခံများ ‌ကော်မတီတစ်ရပ်ဖွဲ့စည်း

1815

ဧပြီ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

သိမ်းဆည်းခံရသည့် လယ်‌မြေများ ပြန်လည်ရရှိရန် ရည်ရွယ်၍ ပဲခူးတိုင်း‌ဒေသကြီး ထန်းတပင်မြို့နယ်၊ ‌တောင်ငူမြို့နယ်နှင့် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော်မှ ‌ဒေသခံလယ်သမားများ စု‌ပေါင်းကာ သိမ်းဆည်းခံ ‌မြေယာများ ပြန်လည်ရရှိ‌ရေး ‌ကော်မတီတစ်ရပ်ကို ဧပြီလ ၁၈ရက်‌နေ့က ဖွဲ့စည်းခဲ့သည်။

‌ဒေသခံ‌တောင်သူလယ်သမားများ ဦး‌ဆောင်၍ ပဲခူတိုင်း သံ‌တောင်ကြီးမြို့နယ်၊ ရွာကြီး‌ကျေးရွာအုပ်စု ထ‌ပြေးရွာအနီး၌ ပြုလုပ် သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ဒေသခံအမျိုးသား ၁၃ဦးနှင့် အမျိုးသမီး ၂ဦး ပါဝင်‌သော ၁၅ဦး‌ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ဟု ‌ကော်မတီ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ‌စောဒိုထူးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“‌ကော်မတီဖွဲ့လိုက်ရတဲ့ အ‌ကြောင်းရင်းက‌တော့ အဓမ္မသိမ်းဆည်းခံရတဲ့ လယ်ယာ‌မြေ‌တွေကို ပြန်လည်ရရှိဖို့ပဲ ဖြစ်တယ်။ ‌ကော် မတီအဖွဲ့အ‌နေနဲ့ ‌ရှေ ့ဆက်လုပ်‌ဆောင်သွားမယ်။ အလုပ်က‌တော့ တဆင့်ချင်း၊ တဆင့်ချင်း လယ်သမား‌တွေကို စုစည်းပြီး ညီညီ ညွှတ်ညွှတ်နဲ့ မိမိ‌မြေ‌တွေ ပြန်မရမချင်း ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ‌စောဒိုထူးက ‌ပြောသည်။

အဆိုပါ‌ဒေသရှိ နံ့သာကုန်း၊ ရွာကြီး‌ဟောင်၊ တဲကုန်း၊ ကြက်ကြီး‌ချောက်၊ နဂါး‌မေါက်၊ ထုံးဖို၊ ထန်းတပင်ဆိပ်ကြီး၊ ဖြူကုန်း အပါအ ဝင် ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော်မှ ‌ဒေသခံလယ်သမား စုစု‌ပေါင်း ၂၀၀‌ကျော်၏ လယ်ယာ‌မြေ၊ ဥယျာဉ်ခြံ‌မြေနှင့် နှစ်ရှည်ပင်စိုက်ခြံ‌မြေ ဧက‌ပေါင်း တစ်သိန်းဝန်းကျင်ကို အစိုးရနှင့် ကုမ္ပဏီများက သိမ်းဆည်းထားခြင်းဖြစ်သည်ဟု ‌ကော်မတီက ‌ပြောဆိုသည်။

‌ဒေသခံလယ်သမားများ ဦး‌ဆောင်ကျင်းပသည့် ယင်း‌ဆွေး‌နွေးပွဲတွင် ဖိတ်ကြားမှုအရ တက်‌ရောက်ခဲ့သည့် ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်မှ ‌ခေါင်း‌ဆောင်အချို့နှင့် ၎င်း‌ဒေသခံရွာသားများ အပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။
Taungoo farmers
‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် ‌ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ ‌နော်‌ဖော‌ဂေက “အခု ဖွဲ့လိုက်တဲ့ ‌ကော်မတီက ကျမတို့ လယ် သမားအတွက် တစ်ခုခု လုပ်‌ပေးနိုင်မယ်လို့ ‌မျှော်လင့်တယ်။ ကျမတို့က‌တော့ သိမ်းဆည်းထားတဲ့ ‌မြေ‌တွေကို ပြန်ရချင်တယ်။ ဒါမှမဟုတ် ထိုက်တန်တဲ့ ‌လျော်‌ကြေးကို လိုချင်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျမတို့က ဘာမှလုပ်စားစရာ မရှိ‌တော့ဘူး။ အိမ် ‌လေးတစ်လုံးပဲ ကျန်‌တော့တယ်။ ‌ကော်မတီအ‌နေနဲ့ ‌မြေ မရမချင်း ‌ရှေ့ဆက်ပြီး‌တော့ ဆက်ကြိုးစားသွားရမှာပဲ”ဟု ဆိုသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲ၌ လယ်သမားများက အစိုးရနှင့် ကုမ္ပဏီတို့ သိမ်းဆည်းထား‌သော‌မြေများ ပြန်လည်‌ပေးအပ်ရန်၊ ‌မြေယာ ကိစ္စနှင့်ပတ်သက်၍ မတရားဖမ်းဆီးခံရ‌သော လယ်သမားများကို ပြန်လည်လွှတ်‌ပေးရန်၊ သက်ဆိုင်ရာ ‌တောင်သူလယ်သမား များ၏ မူလ လက်ငုတ်လက်ရင်းများကို ဥပ‌ဒေနှင့်အညီ ၂၀၁၅ခုနှစ် စိုက်ပျိုးချိန်မတိုင်မီ သက်မှတ်တိုင်းတာ‌ပေးရန်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး(NCA) လက်မှတ်‌ရေးထိုးခြင်းမတိုင်မီ ‌ကေအဲန်ယူနယ်‌မြေရှိ ‌မြေယာပြဿနာများကို အပြီးသတ် ‌ဖြေရှင်း ‌ပေးရန်၊ ‌မြေယာကိစ္စနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်နှင့် အစိုးရဌာနဆိုင်ရာ အသီးသီးသို့ တင်ပြထား‌သော တိုင်ကြားစာများကို အမြန်ဆုံး ‌ဖြေရှင်း‌ပေးရန် စသည့်အချက် ၅ချက်ပါ ‌ကြေညာချက်တစ်‌စောင်ကို ထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်း‌ဒေသကြီး ထန်းတပင်မြို့နယ်၊ ‌တောင်ငူမြို့နယ်နှင့် ကရင်ပြည်နယ် သံ‌ေ‌တောင်ကြီးမြို့နယ်အတွင်းရှိ ‌မြေယာများကို ပြီးခဲ့ သည့် ၁၉၈၈ခုနှစ်မှစ၍ အစိုးရစစ်တပ်၊ အစိုးရဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက အဓမ္မသိမ်းဆည်းခဲ့‌ကြောင်း ‌ဒေသခံလယ်သ မားများက ‌ပြောဆိုသည်။ ထို့အပြင် ၂၀၁၂ခုနှစ်၊ ဧပြီလက ရန်ကုန်မြို့၊ ဆီဒိုးနာဟိုတယ်တွင် အစိုးရနှင့် ‌ကေအဲန်ယူတို့၏ ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲ၌ ‌ကေအဲန်ယူမှ ထုတ်‌ပေးသည့် ‌မြေဂရမ်များကို အစိုးရက အသိအမှတ်ပြု ကတိကဝတ်ပြုထားမှုများ ရှိခဲ့‌ကြောင်း သိ ရသည်။