Home သတင်း ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ‌ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ ပန်ဆန်းညီလာခံ တက်မည်

ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ‌ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ ပန်ဆန်းညီလာခံ တက်မည်

2116

ဧပြီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒု-ဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာနှင့် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ပါဝင်‌သောအဖွဲ့သည် လာမည့် ‌မေလဆန်းပိုင်း ရှမ်း(သျှမ်း)ပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူး‌ဒေသ ပန်ဆန်း၌ ကျင်းပမည့် တိုင်းရင်းသား ထိပ်သီး‌ခေါင်း ‌ဆောင်များ ညီလာခံသို့ ပါဝင်တက်‌ရောက်သွားမည်ဖြစ်‌ကြောင်း ဧပြီလ ၂၅ရက်‌နေ့က ပြီးဆုံးသွားသည့် ‌ကေအဲန်ယူ ဗဟိုအမြဲ တမ်း‌ကော်မတီဝင်များ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ထိုညီလာခံသို့ တက်‌ရောက်ရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာအပြင် အ‌ထွေ‌ထွေ အတွင်း ‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲတို့ ဦး‌ဆောင်သွားမည်ဖြစ်ပြီး ပဒို‌စော‌ရောဂျာ ခင်၊ ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောတာဒိုမူး၊ ပဒိုမန်းငြိမ်း‌မောင်နှင့် စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်တို့က ‌လေ့လာသူများအ ဖြစ် လိုက်ပါသွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဖားအံခရိုင် ‌လေးဝါးစခန်း၌ ပြုလုပ်သည့် အဆိုပါအစည်းအ‌ဝေးတွင် ‌ရွေးချယ် ဆုံး ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက “ပန်ဆန်းညီလာခံတက်ဖို့ ကိုယ်စား လှယ်‌ရွေးချယ်မှုအ‌ပေါ်မှာ ‌ကျေနပ်တယ်။ ဒါ‌ကြောင့် ပါဝင်သင့်ပါဝင်ထိုက်သူကို ‌ရွေးချယ်တာ တရားတယ်လို့ ဆိုလိုတာပါ။ မတူ တဲ့အမြင်‌တွေ ရှိ‌နေကြလို့ ‌တွေး‌ခေါ်မှု အယူအဆ‌ပေါ် အ‌ခြေခံပြီး အချိန်ယူပြီး ‌ရွေးချယ်ကြတာပါ။ ဒါ ဒီမိုက‌ရေစီလို့ ‌ပြောချင် လည်း ‌ပြောလို့ရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC_0047
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်အတွင်း ‌လေးဝါးစခန်းတွင် ဧပြီ ၂ဝရက်မှ ၂၅ရက်‌နေ့ အထိ ကျင်းပခဲ့သည့် ၎င်းအ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး မူကြမ်း (NCA draft) အချက်များအ ‌ပေါ် ‌ကေအဲန်ယူအ‌နေဖြင့် မ‌ကျေလည်‌သေးသည့်အချက်များကို အဓိကထားပြီး ပန်ဆန်းညီလာခံတွင် အ‌ကျေအလည် ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ညီလာခံတက်‌ရောက်မည့် ‌ကေအဲန်ယူ ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “(NCA )ထဲမှာ ကျမတို့ဘက်က (၇)ချက်‌လောက် မ‌ကျေ လည်‌သေးတာ ရှိတယ်။ ဥပမာ စာချုပ်ထဲက လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်ပူး‌ပေါင်းခြင်းဆိုတဲ့ အချက်‌တွေမှာ အစိုးရဘက်က နား လည်တာတစ်မျိုး၊ ကျမတို့ဘက်က နားလည်တာတစ်မျိုး‌ပေါ့။ ကျမတို့အ‌နေနဲ့က ဒီကိစ္စ‌တွေကို ‌သေ‌သေချာချာ သ‌ဘောတူညီ ချက် မရှိ‌သေးတဲ့အ‌ပေါ်မှာ ပြန်ညှိဖို့ လိုတယ်။ ကျမတို့ဖြစ်‌စေချင်တာက‌တော့ အားလုံးလက်ခံနိုင်မှပဲ လုံခြုံ‌ရေးပိုင်းဆိုင်ရာ‌တွေကို လာမယ့်နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှု‌တွေမှာသာ ထည့်သွင်း‌ဆွေ‌နွေး‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် KNU အ‌နေဖြင့် ပန်ဆန်းညီလာခံတွင် လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ (NCA)မူကြမ်းကိစ္စများကို အဓိကထားကာ တိုင်း ရင်းသားများအ‌နေဖြင့် မည်သို့ိုပူး‌ပေါင်းပါဝင်နိုင်သည့် အ‌ခြေအ‌နေများကို အမြင်ချင်းဖလှယ် ‌ဆွေး‌နွေးသွားမည်ဖြစ်ပြီး မ‌ကျေ လည်‌သေးသည့် အချက်(၇)ချက်ကို ပန်ဆန်းညီလာခံအပြီး တိုင်းရင်းသားအဖွဲ့များ၏ ညီလာခံတွင် အ‌သေးစိတ် ထပ်မံ ‌ဆွေး‌နွေး သွားမည်ဟု ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

တိုင်းရင်းသား ထိပ်သီး‌ခေါင်း‌ဆောင်များ ညီလာခံကို ‌မေလ ၁ရက်မှ ၃ရက်‌နေ့အထိ ဝ နယ်‌မြေ၊ ပန်ဆန်း‌ဒေသ၌ ကျင်းပရန် ရည် ရွယ်ထားပြီး ညီလာခံတက်‌ရောက်ရန် ဝ ပြည်‌သွေးစည်း ညီညွတ်‌ရေးပါတီ (UWSP)က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂)ဖွဲ့ ကို ဖိတ်ကြားထား‌ကြောင်း သိရသည်။