Home သတင်း ဆယ်နှစ်အထက် တာဝန်ထမ်း‌ဆောင်သည့် KWO အမျိုးသမီး ၁ဝ ဦးကို ဂုဏ်ပြု

ဆယ်နှစ်အထက် တာဝန်ထမ်း‌ဆောင်သည့် KWO အမျိုးသမီး ၁ဝ ဦးကို ဂုဏ်ပြု

2134
ဧပြီ ၆ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသမီးအစည်းအရုံး(KWO)တွင် ဆယ်နှစ်အထက် တာဝန်ထမ်း‌ဆောင်သည့် ကရင်အမျိုးသမီး ၁ဝဦးကို ဧပြီ ၅ရက်‌နေ့က ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ခွဲ၊ ကျမ်းစာ‌ကျောင်းဝင်း၌ ပြုလုပ်သည့် KWO နှစ် (၃၀)ပြည့်‌မြောက် အခမ်းအနားတွင် အဖွဲ့ဝင်များက ဂုဏ်ပြုခဲ့ကြသည်။

KWO ဗဟိုမှ ဥက္ကဌ နန်းဒါးအဲကလယ်၊ သထုံခရိုင်မှ ‌နော်အဲ့ကမလယ်‌တော၊ ‌နော်အဲ့မူးဒါး၊ ဒူးပလာယာ ခရိုင်မှ ‌နော်စယ်‌လော်အဲ့၊ ‌နော်လယ်လွဲထူး၊ ‌နော်လူးလု၊ ‌နော်ထို့ကိ၊ ‌နော်မယ်ရီ‌ဌေးနှင့် ဖားအံခရိုင် ‌နော်‌ဖောလား၊ ‌နော်အဲ့‌စေးတို့အား အဖွဲ့အတွင်း လုပ်နိုင်ရည် စွမ်းအားသတ္တိများကို အသိအမှတ်ပြုသည့် အ‌နေဖြင့် ယခုလို ဂုဏ်ပြုခြင်းဖြစ်သည်ဟု KWO က ဆိုသည်။

ဂုဏ်ပြုခံရသူ တစ်ဦးဖြစ်သည့် KWO ဥက္ကဌ နန်းဒါးအဲကလယ်က “အထူးသဖြင့် အမျိုးသမီး‌တွေ ကျမတို့ လူထု‌တွေကို ကျမတို့ အမျိုးသား‌ရေးကို ဘယ်‌လောက်ပဲ လူထု‌တွေကို ဦး‌ဆောင်ဦးရွက်ပြု‌နေပါ‌စေ။ ကျမတို့ ရဲ့အမျိုးသမီး‌တွေက ဘယ်သူကမှ ဒီလိုမျိုး သူတို့ လုပ်နိုင်ရည်၊ လုပ်နိုင်တဲ့စွမ်းအားသတ္တိ‌တွေကို အသိအမှတ်ပြုမှုက မရှိသ‌လောက်ဖြစ်တယ်။ ဒါ‌ကြောင့် ဂုဏ်ပြုထိုက်တဲ့ အမျိုးသမီး‌တွေကို ဂုဏ်ပြုတဲ့ သ‌ဘောဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် KWO အ‌နေဖြင့် ဓားသွား‌ပေါ်မှ လမ်း‌လျောက်ခြင်း အမည်ရှိ စာအုပ်ကို အဂင်္လိပ်ဘာသာမှ စ‌ကော ကရင်ဘာသာဖြင့် ပြန်လည်ထုတ်ထားသည့် စာအုပ်နှင့် ၂၀၁၄ခုနှစ်က ကရင်ရိုးရာအထည်များကို ပြိုင်ပွဲဝင် ဆုရထားသည့် ကရင်ဝတ်စုံများ၊ ဆုမရသည့် ဝတ်စုံများကိုလည်း ပြန်လည်စုစည်းထားသည့် စာအုပ် (၂) အုပ်ကို ဧပြီ ၄ရက်‌နေ့၌ သတင်းစားရှင်းလင်းပွဲပြုလုပ်ခဲ့‌သေးသည်ဟု နန်းဒါးအဲကလယ်က ဆက်‌ပြောသည်။

KWO ဗဟိုနှင့် ဒူးပလာယာခရိုင်၊ သထုံခရိုင်နှင့် ဖားအံခရိုင် KWO တို့မှ ဦး‌ဆောင်ကျင်းပသည့် ယင်းအခမ်း အနားတွင် KWO အဖွဲ့ဝင်အမျိုးသမီးများအပါအဝင် ပြည်တွင်းအ‌ခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက် ‌ရေးအဖွဲ့(KWEG)၊ မြန်မာအမျိုးသမီးသမဂ္ဂ(BWU)၊ ဖားအံခရိုင် ကရင်လူငယ်အစည်း အရုံး(KYO)၊ ဖာအံ ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU)တာဝန်ရှိသူများနှင့် ‌ဒေသခံအမျိုးသမီးများ စုစု‌ပေါင်း ၃၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

ဒူးပလာယာခရိုင် KWO ဥက္ကဌ ‌နော်‌မေရီ‌ဌေးက “မ‌မျှော်လင့်ဘဲ ဒီနှစ် ၃ဝပြည့် KWO ‌နေ့မှာ ဂုဏ်ပြုခြင်း ခံရတဲ့အတွက် ဝမ်းသာတယ်။ ကျမတို့ လုပ်တဲ့အလုပ်ထဲမှာ တခါတ‌လေကျ‌တော့ စိတ်ဓါတ်ပိုင်းမှာ ဖိစီးမှု ‌တွေ ရတယ်။ အလုပ်မှာ စိတ်ဓါတ်ကျလို့ အလုပ်ကို ရပ်ဆိုင်း ‌တော့မယ့် အ‌ခြေအ‌နေ‌တွေလည်း ရှိခဲ့တယ်။ ဒါ‌ပေမယ့် ဒီလိုမျိုး‌နေ့မှာ ဂုဏ်ပြုခံရတဲ့အတွက် စိတ်ခွန်အား ဖြစ်တာ‌ပေါ့‌နော်။ ‌ရှေ့ဆက်အလုပ်လုပ်ဖို့ ခွန်အာတစ်ခု ရခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KWO ‌နေ့ကို KNU ထိန်းချုပ်နယ်‌မြေ၊ ဒုက္ခသည်စခန်း နှင့် နိုင်ငံတကာသို့ ‌ရောက်ရှိ‌နေသည့် ကရင်အမျိုး သမီးများက နှစ်စဉ်နှစ်တိုင်း ကျင်းပကြပြီး ယခုနှစ် ပိုင်ကျုံမြို့နယ်ခွဲတွင် KWO ‌နေ့ ပြုလုပ်ကျင်းပသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ကရင်အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် က‌လေးသူငယ် အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ ပ‌ပျောက်‌စေရန်အတွက် လုပ်‌ဆောင်‌ပေး‌နေသည့် KWO ကို ဖားအံခရိုင်အတွင်းရှိ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လော၌ ၁၉၈၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။