Home သတင်း ကရင်ပြည်နယ်တွင် ပညာ‌ရေးအခွင့်အလမ်း သိရှိသူနည်း‌နေ‌သေးဟု ပညာ‌ရေးအဖွဲ့များ‌ပြော

ကရင်ပြည်နယ်တွင် ပညာ‌ရေးအခွင့်အလမ်း သိရှိသူနည်း‌နေ‌သေးဟု ပညာ‌ရေးအဖွဲ့များ‌ပြော

1523
ဧပြီ ၆ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ ပညာသင်ယူလိုသည့် လူငယ်များအတွက် ပညာ‌ရေးအခွင့်လမ်းများ သိရှိသူ နည်း‌နေ‌သေး သည်ဟု အစိုးရမဟုတ်သည့် ပညာ‌ရေး‌ဖောင်‌ဒေးရှင်းအဖွဲ့များမှ ဧပြီ ၄ ရက်‌နေ့က ဖားအံမြို့ ကန်သာဦးခန်းမ၌ ပြုလုပ်သည့် ပညာ‌ရေးအခွင့်အလမ်းဆိုင်ရာ ပွဲ‌တော်တွင် ‌ပြောကြားခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်းရှိ ပညာ‌ရေး‌ဖောင်‌ဒေးရှင်းအဖွဲ့များ၊ ရန်ကုန်အ‌ခြေစိုက် အရပ်ဖက်လူမှု အဖွဲ့အစည်း (CSO) ပညာ‌ရေး‌ဖောင်‌ဒေးရှင်းအဖွဲ့များအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ‌ရွှေ့‌ပြောင်းပညာ‌ရေးအဖွဲ့များမှ ကိုယ်စား လှယ် စုစု‌ပေါင်း ၃၀ဝ ခန့် တက်‌ရောက်‌သော ၎င်းပွဲ‌တော်တွင် ပညာ‌ရေး‌ဖောင်‌ဒေးရှင်းအဖွဲ့များက ထိုသို့ ‌ပြောကြားခဲ့ကြခြင်းဖြစ်သည်။

ပွဲ‌တော် တက်‌ရောက်ခဲ့သည့် သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းမှ အမှု‌ဆောင်ဒါရိုက်တာ ‌စောမျိုးမင်းသူက “နိုင်ငံ တကာ‌တွေက ပြည်တွင်းမှာ ပညာသင်အခွင့်အ‌ရေးရရှိဖို့ ဝင်လာတယ်။ သူတို့ဝင်လာတာ အဓိက ရန်ကုန်မှာ ရှိတဲ့ လူ‌တွေပဲ ရတယ်။ ကရင်ပြည်နယ်အပြင် တိုင်းရင်းသားနယ်ပယ်‌ဒေသဘက်မှာ သိရှိဖို့ နည်း‌သေးတယ်။ ပြီး‌တော့ ကရင်ပြည်နယ်မှာ ပညာ‌ရေးအခွင့်အလမ်း‌တွေ များများရရှိဖို့ ပြည်နယ်အစိုးရက လူမှုအဖွဲ့အစည်း‌တွေကို ဘယ်‌လောက်အထိ တွန်းအား‌ပေးတာကိုလည်း မူတည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ လူငယ်များပညာ‌ရေးအခွင့်အလမ်းသိရှိလာရန် နိုင်ငံတကာသို့ Scholarship များ ချိတ်ဆက်မှု ပြုလုပ်နိုင်သည့် ပညာ‌ရေး‌ဖောင်‌ဒေးရှင်းအဖွဲ့များမှ ပညာ‌ရေးနည်းလမ်းရရှိရန် ကြိုးပမ်းပုံအဆင့်ဆင့်နှင့်အတူ ပညာ‌တော်ရယူရန် အဆင့်ဆင့်တက်ရမည့် အစိုးရမဟုတ်သည့် ပညာ‌ရေး‌ကျောင်းအဖွဲ့အစည်းများမှ လုပ်ငန်း တည်‌ဆောက်ပုံ အဆင့်ဆင့်ကိုလည်း ပွဲ‌တော်တွင် ပညာ‌ရေးအဖွဲ့အများက ရှင်းပြခဲ့ကြသည်။
IMG_0038
အဆိုပါ ပွဲ‌တော်တွင် ရန်ကုန်မှThapayay Education Foundation (KKEC , Scholarship Dept, EPOP, ELP) KentKaw Education Center, ဖားအံမှ Yuri School of Languages,Tounge La Yat Education Gathering Group (EGG) Gateway , Zwekabin Mya ,English Access Micro-scholarship Program (Hpa-an), Millennium Center, ပညာစံအိမ်, KMD, ကင်ပြည်နယ် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များ အသင်းအပြင် ထိုင်း-မြန်မာနယ်စပ်မဲ‌ဆောက်မှာရှိသည့် Minmahaw ‌ကျောင်း, Wide Horizon စသည့်‌ကျောင်းများမှ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ဖားအံမြို့အ‌ခြေစိုက် EGG ‌ကျောင်းမှ နန်းအဲ‌ဖော့ရှူးက “ညီမ‌တွေ့ရသ‌လောက်‌တော့ ‌ရှေးဆက် ပညာသင်ယူလို တဲ့ လူ‌တွေက အများကြီးရှိတယ်။ သူတို့က ဘာ‌ကျောင်းတက်ရမလဲ ဘယ်လို‌ကျောင်းလည်း ရှိတာ‌တောင် မသိဘူး။ ကရင်ပြည်နယ်မှာအပြင် နယ်စပ်မှာရှိတဲ့ တချို့လူ‌တွေက အဲလိုပဲ ဒုက္ခသည်စခန်းက‌နေတဆင့် ဒီမှာ ‌ကျောင်းပြန်လာတက်တာ‌တွေ၊ ပြီး‌တော့ အဲမှာရှိတဲ့ လူ‌တွေကလည်း တခြား‌နေရာမှာ ‌ကျောင်းတက်ဖို့ ‌ခြောက် လှန့်မှု‌တွေ အမြဲတမ်းရှိတယ်။ အခုလို မျိုးပညာ‌ရေးအခွင့်အလမ်း‌တွေ ရှိတာသိရလို့ အခြား သူငယ်ချင်း‌တွေကို ပြန်‌ဝေမျှမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း လူမှုအဖွဲ့အစည်းများမှ ပြုလုပ်ကျင်းပသည့် ပညာ‌ရေးအခွင့်အလမ်းဆိုင်ရာ ပွဲ‌တော်ကို ယခုုလို ပြုလုပ်ကျင်းပသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်‌ကြောင်း သိရသည်။