Home သတင်း ကရင်‌ဒေသအတွင်း ‌မြေတိုင်းတာမှုများ တိုးမြှင့်လုပ်‌ဆောင်ရန် ‌ကေအဲန်ယူ လယ်/ယာဋ္ဌာန ဆုံးဖြတ်

ကရင်‌ဒေသအတွင်း ‌မြေတိုင်းတာမှုများ တိုးမြှင့်လုပ်‌ဆောင်ရန် ‌ကေအဲန်ယူ လယ်/ယာဋ္ဌာန ဆုံးဖြတ်

1919
ပဒို‌စော‌ဒေါ့‌လေးမူ
ဧပြီ ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်‌ဒေသရှိ လူထုပိုင်ဆိုင်‌မြေ တိုင်းတာမှုလုပ်ငန်းကို တိုးမြှင့်လုပ်‌ဆောင်သွားရန် မတ်လ ၃ဝရက်‌နေ့မှ ဧပြီလ ၁ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ၌ ပြုလုပ်သည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုလယ်ယာစိုက်ပျိုး‌ရေးဌာန၏ ၉ကြိမ်‌မြောက် နှစ်ပတ်လည် အစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်သည်ဟု ဋ္ဌာနတာဝန်ခံ ပဒို‌စော‌ဒေါ့‌လေးမူက ‌ပြောသည်။

“လယ်ယာမှတ်ပုံတင်တဲ့ကိစ္စနဲ့ ‌မြေယာတိုင်းတာမှုကို ခရိုင်‌ဒေသအသီးသီးမှာ တိုးမြှင့်လုပ်‌ဆောင်သွားမယ်။ လူထုပိုင်‌မြေ၊ ‌ကျေး ရွာနယ်နိမိတ်၊ အင်းအိုင်၊ စားကျက်‌မြေ စတာ‌တွေကို တိုင်းတာမှု‌တွေ လုပ်‌ဆောင်သွားမှာဖြစ်သလို စစ်တပ်စခန်းနဲ့ နီးတဲ့‌နေရာ ဆိုလည်း တိုင်းတာနိုင်‌အောင် လုပ်သွားမယ်။ ဒါက ကိုယ်စားလှယ်‌တွေရဲ့ ဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟု ပဒို ‌စော‌ဒေါ့‌လေးမူက ‌ကေအိုင်စီသို့ ‌ပြောသည်။

လူထုပိုင်‌မြေများ တိုင်းတာမှုကို တိုးမြှင့်လုပ်‌ဆောင်သွားရန်အပြင် ‌မြေယာကိစ္စ ပြဿနာ‌ပေါ်‌ပေါက်လာပါက အချက်အလက်များ စု‌ဆောင်း၍ ခရိုင်မှတဆင့် ဗဟို‌မြေယာ‌ကော်မတီထံသို့ တင်ပြရန်၊ ‌မြေတိုင်းတာမှု စနစ်တကျဖြစ်‌ရေး သင်တန်း‌ပေးရန်နှင့် ဓာတု ပစ္စည်းမသုံးသည့် စိုက်ပျိုး‌ရေးသင်တန်းများ ပို့ချသွားရန် အပါအဝင် အချက် ၁၈ချက်ပါရှိသည့် ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ သည်ဟု ၎င်းက ဆက်‌ပြောသည်။

သုံးရက်ကြာ ပြုလုပ်သည့် ၎င်းနှစ်ပတ်လည် အစည်းအ‌ဝေးတွင် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန် (မူ‌တြော်)၊ ဒူးပလာယာ၊ ဖားအံ စသည့် ‌ကေအဲန်ယူခရိုင်(၇)ခုမှ လယ်ယာစိုက်ပျိုး‌ရေးဌာန ကိုယ်စားလှယ်များ၊ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက်(KESAN)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် ‌လေ့လာသူများ အပါအဝင် စုစု ‌ပေါင်း ၄၅ဦး တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူ ဗဟိုလယ်ယာစိုက်ပျိုး‌ရေးဌာန၏ ၉ကြိမ်‌မြောက် နှစ်ပတ်လည်အစည်းအ‌ဝေး
‌ကေအဲန်ယူ ဗဟိုလယ်ယာစိုက်ပျိုး‌ရေးဌာန၏ ၉ကြိမ်‌မြောက် နှစ်ပတ်လည်အစည်းအ‌ဝေး

‌ကေအဲန်ယူ ခရိုင်(၇)ခုမှ လယ်ယာစိုက်ပျိုး‌ရေးဌာန ကိုယ်စားလှယ်များက ၂၀၁၅ခုနှစ်အတွင်း လုပ်‌ဆောင်မှုများကို တင်ပြ‌ဆွေး ‌နွေးခြင်း၊ ‌မြေယာတိုင်းတာမှု အ‌ခြေအ‌နေနှင့် ‌မြေယာပိုင်ဆိုင်မှု အ‌ထောက်အထား စာရင်း‌ပေးအပ်ခြင်း၊ တပ်သိမ်း‌မြေနှင့် ကုမ္ပဏီ သိမ်း‌မြေ၊ လယ်ယာ‌မြေအ‌ကောက်အခွန်နှင့် ‌ရေ‌မြောင်းတူး‌ဖော်‌ရေးကိစ္စများကို အဓိကထား ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

ဖားအံမြို့နယ်မှ ‌ဒေသခံ မန်းမြင့်ထွန်းက “ကျ‌နော်တို့‌ဒေသဆို ဘိုးဘွားပိုင်‌မြေ အသိမ်းခံရတဲ့ကိစ္စက ပြည်သူ‌တွေ ဆုံးရှုံးနစ်နာ တာ‌ပေါ့။ အဲဒီကိစ္စက ‌ကေအဲန်ယူအ‌နေနဲ့ မြို့နယ်အဆင့်‌တောင်မှ ‌ဖြေရှင်းလို့မရတဲ့ အပိုင်းရှိတယ်။ အကြံပြုချင်တာ လက်ရှိ ကြုံ ‌တွေ့ခံစား‌နေရတဲ့ ပြည်သူလူထုကို အ‌ကောင်းဆုံးနည်းလမ်းတစ်ခုကို ရှာကြံပြီး‌တော့ အ‌ဖြေရှာဖို့ ‌ကောင်းတယ်။ ‌ကေအဲန်ယူအ ‌နေနဲ့က ‌ပေါ်လစီအရ ‌ဆောင်ရွက်သင့်တယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ လယ်ယာစိုက်ပျိုး‌ရေးဌာနသည် ‌မြေယာတိုင်းတာမှုကို ယခင်က လက်လှမ်းမီသမျှ ‌ဆောင်ရွက်မှုများရှိခဲ့ပြီး ၂၀၁၂ခု နှစ်၌ အစိုးရနှင့် ‌ကေအဲန်ယူတို့ကြား ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်ခဲ့ပြီး‌နောက် အစိုးရ ‌မြေတိုင်းတာ‌ရေးဌာနနှင့် နား လည်မှုရယူကာ ခရိုင်(၇)ခုတွင် ‌မြေယာဧက‌ပေါင်း (၈၀,၀၀၀)‌ကျော် တိုင်းတာမှု လုပ်‌ဆောင်‌ပေးနိုင်ခဲ့သည်ဟု ‌ကေအဲန်ယူ လယ် ယာစိုက်ပျိုး‌ရေးဌာနက ‌ပြောသည်။

‌ကေအဲန်ယူ လက်‌အောက်ခံဋ္ဌာနတစ်ခုဖြစ်သည့် လယ်ယာစိုက်ပျိုး‌ရေးဌာနကို ၁၉၄၉ခုနှစ်၊ ကရင့်‌တော်လှန်‌ရေး စတင်ခဲ့ပြီး ‌နောက် ဇွန်လ ၄ရက်‌နေ့၊ ‌တောင်ငူခရိုင်၌ ပြုလုပ်‌သော ‌ကော်သူး‌လေအစိုးရ ဖွဲ့စည်း၍ ဌာနဆိုင်ရာ ၁၄ခု ဖွဲ့စည်းခဲ့ရာတွင် လယ် ယာစိုက်ပျိုး‌ရေးဌာနလည်း တစ်ခုအပါအဝင် ဖြစ်သည်။