Home သတင်း ကရင်နီ အမှတ်(၁)စခန်း မီး‌ဘေးသင့်‌နေအိမ်များကို ‌မေလဆန်းပိုင်းတွင် ပြန်‌ဆောက်မည်

ကရင်နီ အမှတ်(၁)စခန်း မီး‌ဘေးသင့်‌နေအိမ်များကို ‌မေလဆန်းပိုင်းတွင် ပြန်‌ဆောက်မည်

1939

ဧပြီ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းမှ မီး‌ဘေးသင့် ဒုက္ခသည်‌နေအိမ်များကို ပြန် လည်‌ဆောက်လုပ်ရန် လာမည့် ‌မေလဆန်းပိုင်းမှသာ စတင် အ‌ကောင်အထည်‌ဖော်နိုင်မည်ဖြစ်‌ကြောင်း ကရင်နီ အမှတ်(၁) ဒုက္ခ သည်စခန်း ဒုဥက္ကဌ ‌နော်ခူ‌ဖောက ယ‌နေ့ ‌ပြောသည်။

“ဒုက္ခသည်‌နေအိမ်အတွက် အကူအညီ‌ပေးတဲ့ TBC က သစ်၊ ဝါး‌တွေ မ‌ရောက်လာ‌သေးဘူး။ မှာယူ‌နေတုန်း ဖြစ်ပါတယ်။ ‌နောက် ပြီး မီး‌လောင်ထားတဲ့‌နေရာကို အခု ရှင်းလင်း‌ရေး‌တွေ စလုပ်‌နေပြီ။ ခန့်မှန်းတာ တစ်လအတွင်း အမြန်ဆုံး အ‌ကောင်အထည် ‌ဖော်နိုင်မှာ ဖြစ်ပါတယ်”ဟု ‌နော်ခူ‌ဖောက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြန်လည်ထူ‌ထောင်‌ရေး ပြန်လည်စတင်နိုင်ရန် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်လျှက်ရှိသည့် ကရင်နီ အမှတ်(၁)ဒုက္ခသည် စခန်းတွင် ဧပြီလ ၇ရက်‌နေ့က လူ‌နေအိမ် ၁၈၈အိမ် မီး‌လောင်ပျက်စီးခဲ့ပြီး ဒုက္ခသည် ၈၆၇ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

မီး‌ဘေးသင့်သူများကို မီး‌လောင်ကျွမ်းခဲ့သည့် မူလ‌နေရာများတွင် ပြန်လည်‌နေရာချထား‌ပေးရန် စခန်းတာဝန်ရှိသူများက စီစဉ် ‌နေ‌သော်လည်း ပြန်လည်မ‌နေထိုင်လိုသူများရှိသည့်အတွက် လတ်တ‌လော အသိမိတ်‌ဆွေအိမ်များ၊ အမျိုးသမီးရုံးနှင့် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရုံးတို့တွင်သာ ယာယီအ‌ခြေချ‌နေထိုင်‌နေ‌ကြောင်း သိရသည်။

ပြန်လည်‌နေရာချထားမည့်ကိစ္စအ‌ပေါ် ‌နော်ခူ‌ဖောက “တချို့မီး‌ဘေးသင့်ခံရသူ‌တွေက သူတို့မီး‌လောင်တဲ့‌နေရာမှာ ပြန်မ‌နေချင်ကြ ‌တော့ဘူး။ အယူသည်းမှု‌တွေ၊ အစွဲ‌လေး‌တွေ ရှိတာ‌ပေါ့။ ပြန်မ‌နေချင်တဲ့သူ‌တွေက များသလိုရှိတယ်။ ‌နေရာသစ်တစ်‌နေရာမှာ ချထား‌ပေးဖို့ကလည်း ‌နေရာမရှိတဲ့ အခက်အခဲလည်း ရှိ‌နေတယ်”ဟု ဆက်လက် ‌ပြောဆိုသည်။

လက်ရှိတွင် UNHCR အပါအဝင် အစိုးရမဟုတ်‌သောအဖွဲ့အစည်း(NGO)များ၊ ထိုင်းအာဏာပိုင်များက မီး‌ဘေးသင့်သူများအ တွက် လိုအပ်သည့် အကူအညီများ‌ပေး‌နေ‌သော်လည်း မီးဖို‌ချောင်သုံးအိုးခွက်များ၊ အဝတ်အစားများ၊ ‌ဆေးဝါးများ၊ ‌သောက်သုံး ‌ရေများ လိုအပ်‌နေ‌သေး‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၂ရက်‌နေ့က ကရင်နီ အမှတ်(၁)ဒုက္ခသည်စခန်းအနီးရှိ ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်း၌ လည်း အိမ်‌ခြေ ၄၀၀‌ကျော် မီး‌လောင်ပျက်စီးပြီး ဒုက္ခသည် ၃၀‌ကျော် ‌သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။