Home သတင်း သတ်မှတ်နယ်‌မြေ‌ကျော်လွန်မှု‌ကြောင့် ‌ကေအဲန်ယူနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်

သတ်မှတ်နယ်‌မြေ‌ကျော်လွန်မှု‌ကြောင့် ‌ကေအဲန်ယူနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်

1627

ဧပြီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်တွင် သတ်မှတ်နယ်‌မြေ‌ကျော်လွန်မှု‌ကြောင့် ‌ကေအဲန်ယူ လက်‌အောက် ခံ KNLA တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ ဧပြီလ ၂ဝရက်‌နေ့၊ နံနက် ၇နာရီခွဲအချိန်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု KNLA တပ် မဟာ(၂) လုံခြုံ‌ရေးတပ်ဖွဲ့မှ တပ်ခွဲမှူးဗိုလ်ပရားက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ‌ကျောက်ကြီးဗျူဟာ(၃) လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း(ခလရ-၅၈၉) တပ်ဖွဲ့ဝင်များသည် KNLA တပ်မဟာ(၂)နှင့် သံ‌တောင်မြို့နယ်၊ ‌ဘောဂလိမြို့နယ်ခွဲ၊ သ‌ပြေညွန့်‌ကျေးရွာအထွက်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုမရှိ‌ကြောင်း ဗိုလ်ပရားက ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့က အစိုးရစစ်တပ်ဘက်က လွတ်လွတ်လပ်လပ် သွားလာဖို့အတွက် သွားရမယ့်လမ်း‌ကြောင်း‌တွေ ခွင့်ပြုထား တာ ရှိတယ်။ ကျ‌နော်တို့‌ပေးထားတဲ့ လမ်း‌ကြောင်း‌ပေါ်မှာ မသွားဘဲနဲ့ ကျ‌နော်တို့ မသိဘဲနဲ့ သူတို့ ဝင်လာတဲ့အ‌ပေါ်မှာ ပစ်ခတ်မှု က ဖြစ်ပွားတယ်။ အ‌ကြောင်းမကြား၊ အသိလည်းမ‌ပေး၊ ‌ပေးထားတဲ့လမ်း‌ကြောင်းကို မသွားပဲနဲ့ ကျ‌နော်တို့တာဝန်ဂွင်ထဲ ဝင် ‌ရောက်လာတဲ့အ‌ပေါ်မှာ ဖြစ်သွားတာပါ။ ပစ်တာက‌တော့ ကျ‌နော်တို့က အရင် စပစ်တာပါ”ဟု ဆိုသည်။

ယင်းပစ်ခတ်မှုမှာ အချိန် ၃မိနစ်သာကြာမြင့်ပြီး အစိုးရစစ်တပ်အ‌နေဖြင့် ‌ပေးထားသည့် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်း ကမ်းများအတိုင်းသာ သွားလာမည်ဆိုပါက ပြဿနာမရှိနိုင်ဟု ဗိုလ်ပရားက ဆက်လက် ‌ပြောဆိုသည်။

အလားတူ ဧပြီလ ၂၂ရက်‌နေ့က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန် ယူ) တပ်မဟာ (၅)နှင့် ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်ဖွဲ့အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်း သတင်းရရှိသည်။

အစိုးရတပ်များသည် ‌ကေအဲန်ယူ၏ အချို့တပ်မဟာနယ်‌မြေများ၌လည်း တပ်အသစ်များ၏ နယ်‌မြေ‌လေ့လာမှု အ‌ကြောင်းပြကာ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေအတွင်း ဝင်ထွက်‌လေ့ရှိသည်ဟု KNLA နယ်‌မြေခံ တပ်ဖက်အရာရှိကြီးတစ်ဦးက ‌ပြောသည်။