Home တွေ့ဆုံမေးမြန်းခန်း Reggae အဆို‌တော် ‌စောဖိုးခွား

Reggae အဆို‌တော် ‌စောဖိုးခွား

2569

ကမာ္ဘကြီးထဲကို ‌ရောက်လာတဲ့ အခိုက်အတန့် အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေသွား‌စေချင်တဲ့ Reggae အဆို‌တော် ‌စောဖိုးခွား

‌မေး ။ ။ အဆို‌တော်‌စောဖိုးခွားအ‌နေနဲ့ အနုပညာ‌လောကကို စတင် ဝင်‌ရောက်လာတဲ့ အ‌ခြေအ‌နေ‌လေး ရှင်းပြ‌ပေးပါ။
‌ဖြေ ။ ။ ကျ‌နော် ၂၀၀ဝခုနှစ်‌လောက်မှာ ပထမဆုံး အယ်လ်ဘမ်တစ်ခု စလုပ်တယ်‌ပေါ့‌နော်။ ကျ‌နော်တကယ်လိုချင်တဲ့ ‌ခေါင်းစဉ်နဲ့ စလုပ်ခဲ့တယ်။ Reggae သီချင်း‌တွေချည်းပဲ။ အဲဒီထဲမှာ အဓိက‌တော့ ဂျ‌မေကာနိုင်ငံက Bob Marley ဆိုတဲ့လူကို ‌ပေါ့‌နော်။ ငြိမ်းချမ်း‌ရေးအဆို‌တော်တစ်‌ယောက်ရဲ့ သီချင်း‌တွေ ‌တော်‌တော်များများ‌လေး copy ပြန်လုပ်ပြီး‌တော့ ပြန်ဆိုထားတာ ‌ပေါ့‌နော်။ အဲဒီသီချင်းနဲ့‌ပေါ့‌နော်။ အဲဒါ ကျ‌နော်ရဲ့အစ‌ပေါ့။

‌မေး ။ ။ ‌စောဖိုးခွား သီဆို‌နေတဲ့ သီချင်း‌တွေထဲမှာ ဘယ်လိုအ‌ကြောင်းအရာ‌တွေ ပါဝင်ပါသလဲ။ ဒီသီချင်း‌တွေက‌ရော ကိုယ်တိုင်‌ရေးတာလား။ ဒါမှမဟုတ် ပင်တိုင် ‌တေး‌ရေးဆရာက ဘယ်သူ‌တွေဖြစ်ပါသလဲ။
‌ဖြေ ။ ။ကျ‌နော်ရဲ့သီချင်း‌တွေက‌တော့ ကျ‌နော်ပဲ ‌ရေးတာများပါတယ်။ အဓိက‌ပေါ့‌နော် ကျ‌နော်ပဲ ပုံ‌ဖော်တာများတယ်။ ပြီး ‌တော့ သူက ဘာကို Concentrate လုပ်လဲဆို‌တော့ ငြိမ်းချမ်းခြင်းကိုပဲ Concentrate လုပ်တယ်။ ငြိမ်းချမ်း‌ရေးကိုပဲ ဦးတည်ပြီး ‌တော့မှ ပုံ‌ဖော်ထားတယ်။ အဲဒီထဲမှာ မက်‌ဆေ့ချ်‌တွေပါတယ်။ အဓိက ကျ‌နော်က သီချင်းဆိုတာထက်ကို မက်‌ဆေ့‌တွေပါ ပါတယ်။ သီချင်း သီချင်းတိုင်းမှာ ကိုယ်‌ပေးချင်တဲ့ မက်‌ဆေ့ချ်၊ အဲဒီမက်‌ဆေ့ချ်‌တွေကလည်း ငြိမ်းချမ်း‌ရေးကိုပဲ ကိုယ်စားပြုတယ်။

‌မေး ။ ။ ခုချိန်အထိ သီချင်း‌ခွေဘယ်နှစ်‌ခွေ ထုတ်လုပ်ပြီးပြီလဲ။ လူကြိုက်အများဆုံး သီချင်း‌ခွေက ဘာပါလဲ။
‌ဖြေ ။ ။ ကျ‌နော် ၂၀၀ဝခုနှစ်က “တကယ်ကိုယ်” အ‌ခွေကို ပထမ ထုတ်တယ်။ ၂၀၀၃ခုနှစ်မှာ “‌မေ့ဖို့ သိပ်ခက်‌နေလို့” ဒုတိယ အယ်လ်ဘမ် ထုတ်တယ်။ ၂၀၀၈မှာ “အပြစ်ကင်းသူက ခဲနဲ့‌ပေါက်”ဆိုပြီး‌တော့ တတိယအ‌ခွေထုတ်တယ်။ ပြီး‌တော့မှ ၂၀၁ဝမှာ ကျ‌နော်က‌နေပြီး‌တော့ “ဖြည်းဖြည်း‌ယောက်ဖ” ဆိုတဲ့ စတုတ္ထ‌မြောက်အယ်လ်ဘမ်ကို ထုတ်တယ်။ ဖြည်းဖြည်း ‌ယောက်ဖ ဆိုတဲ့ အယ်လ်ဘမ်က‌နေ စပြီး‌တော့မှ လူ‌တွေက ပိုပြီး‌တော့ အာရုံစိုက်မိလာတာ‌ပေါ့‌နော်။ ကျ‌နော့်ကို Reggae ဆိုတဲ့ ‌စောဖိုးခွား၊ ‌စောဖိုးခွားဆိုတဲ့ Reggae ဆိုပြီး‌တော့ ဖြည်းဖြည်း‌ယောက်ဖဆိုတဲ့ ‌တေးစီးရီးမှာ သူတို့ စပြီး‌တော့ သိလာတယ်။ ပြီးခဲ့ တဲ့ ၂၀၁၄၊ ဒီဇင်ဘာမှာ‌တော့ ကိုင်းကြီးကြီးမှာသွားနားဆိုတဲ့ ကျ‌နော်ရဲ့ အယ်လ်ဘမ်အသစ်‌လေး ထုတ်ထားပါတယ်။ အားလုံး ‌ပေါင်း ၅ခု‌ပေါ့‌နော်။

‌မေး။ ။ ‌စောဖိုးခွားအ‌နေနဲ့ ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်တဲ့သီချင်း‌တွေ ဆို‌နေတာလည်း ‌တွေ့ရတယ်‌ပေါ့‌နော်။ ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်တဲ့ သီချင်း‌တွေ ဆိုဖြစ်သွားတဲ့ အ‌ကြောင်း‌လေး ‌ပြောပြ‌ပေးပါလား။
‌ဖြေ။ ။ကျ‌နော် Reggae Music ကိုပဲ အဓိက လုပ်‌နေတာပါ။ တစ်ခြား Music ‌တွေကို ကျ‌နော်သိပ်ပြီး နားလည်း သိပ်မ လည်ဘူး။ ဆိုလည်းမဆိုဘူး။ ကျ‌နော် Isolate ဖြစ်တဲ့ ဒီ Reggae Music ကို ကျ‌နော်ဆို‌နေတဲ့ဟာက ဘာ‌ကြောင့်လဲဆို‌တော့ Reggae Music က အရမ်းကို လွတ်လပ်တယ်။ လွတ်လပ်ခြင်းကို ပုံ‌ဖော်တာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် သူ့ရဲ့လုပ်ရပ်‌တော့ ရှိတယ်။ အဲဒီလုပ်ရပ်က ဘာလဲဆို‌တော့ သူက ငြိမ်းချမ်း‌ရေးပဲ။ ကျ‌နော် Music အ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့မှ ကျ‌နော်က ဒီငြိမ်းချမ်း‌ရေးကို ပိုပြီး‌တော့ လုပ်ဖြစ်တာ ဖြစ်တယ်။ ပြီး‌တော့ ဒီငြိမ်းချမ်း‌ရေးဆိုတာလည်း တကယ်ပဲ ကမာ္ဘကြီးထဲမှာ လိုအပ်တဲ့အရာတစ်ခုလို့ စိတ်ထဲမှာ မြင်လာတာရယ် ကိုယ်ကိုယ်တိုင်က ဒီလွတ်လပ်တဲ့ Music ကို သ‌ဘောကျတာရယ် ဒီနှစ်ခုကို ‌ပေါင်းစပ်ပြီး‌တော့မှ ဒီငြိမ်းချမ်း‌ရေးဆိုတဲ့အရာကို လုပ်ဖြစ်သွားတာပါ။ အခု‌နောက်ဆုံးထွက်ထားတဲ့ “ကိုင်းကြီးကြီးမှာ သွားနား” ဆိုတဲ့စီးရီးထဲမှာ ဆိုလို့ရှိရင် အကုန်လုံး ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်တဲ့ သီချင်း‌တွေချည်းပါပဲ။

‌မေး။ ။ အနုပညာနဲ့ ပတ်သက်ပြီး ‌ရှေ့ဆက်ပြီး‌တော့ ဘာ‌တွေလုပ်‌ဆောင်သွားဖို့ရှိလဲ။
‌ဖြေ။ ။ကျ‌နော်က အနုပညာဆိုတာထက် ကျ‌နော့်မှာ ပစ်မှတ်ရှိတယ်။ ကျ‌နော်က Reggae Music ကို မြန်မာပြည်မှာ ကျယ် ကျယ်ပြန့်ပြန့် သူများသိပြီး‌တော့ ပြန့်ပွားလာနိုင်ဖို့အတွက်ကို‌ပေါ့‌နော်။ ကျ‌နော်ရည်မှန်းထားပါတယ်။ ပြီး‌တော့ ကျ‌နော်ရဲ့ ဒီ Reggae Music နဲ့ ပတ်သက်ပြီး‌တော့မှ ခွဲမရ‌အောင် ဖြစ်‌နေတဲ့ အဓိက အ‌ကြောင်းရင်းဖြစ်တဲ့ ငြိမ်းချမ်း‌ရေးမက်‌ဆေ့ချ်ကိုလည်း ကျ‌နော်က တစ်ချက်ခုတ် နှစ်ချက်ပြတ်‌ပေါ့‌နော်။ အဲဒီထဲမှာ ပါလာတဲ့အတွက်‌ကြောင့် ဒီအလုပ်ကို ကျ‌နော်အဓိကထားပြီး‌တော့ လုပ်‌ဆောင်ပါတယ်။ သ‌ဘောတစ်ခုက ကျ‌နော်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် လုပ်တာပါ။ ကျ‌နော် ဘာအကျိုးအမြတ်မှ ကြည့်‌နေခြင်း မဟုတ်ဘူး။ ခုန‌ပြောသလို ကျ‌နော် အနုပညာကို ‌ရောင်းစား‌နေတဲ့ လူတစ်‌ယောက်လည်း မဟုတ်ဘူး။ ကျ‌နော့်ထဲမှာပါတဲ့ မက် ‌ဆေ့ချ်‌တွေ လူ‌တွေအတွက် တကယ်အကျိုးအမြတ်ဖြစ်မလား၊ အကျိုးအမြတ်ရှိမလား ‌နောက်ပြီး‌တော့ ဒီ Music က‌လေးဟာ လည်း ဒီငြိမ်းချမ်း‌ရေးဆိုတဲ့ သတင်းစကား‌ပေးတဲ့‌နေရာမှာ အရမ်းကို အသုံးဝင်တဲ့ Music က‌လေးတစ်ခု ဖြစ်တယ်ဆိုတဲ့ဟာကို လူ‌တွေသိပြီး‌တော့ ရသွားမယ်ဆိုရင် ဒီသမိုင်း‌လေးတစ်ခု မြန်မာပြည်မှာ ရှိခဲ့မယ်ဆိုတဲ့ အ‌နေအထားတစ်ခုတည်းပဲ ကျ‌နော်လုပ် ‌နေတာ ဖြစ်တယ်။ ခုနက ‌ပြောသလို အနုပညာအ‌နေနဲ့ ဘာ‌တွေ ဆက်လုပ်သွားမလဲဆိုရင် ကျ‌နော်က ဒီအရာတစ်ခုကို ဖက် တွယ်ပြီး လုပ်တဲ့အခါမှာ ဘာအကျိုးအမြတ်မှ မကြည့်ဘဲနဲ့ ကျ‌နော်လိုချင်တဲ့အရာ‌လေးက ခုနက‌ပြောတဲ့ သမိုင်း‌လေးတစ်ခုထား ခဲ့နိုင်တယ်။ ပြီး‌တော့ လူ‌တွေ အကျိုးပြုအရာ‌လေးကို ချန်ထားခဲ့နိုင်မယ် ဆိုတဲ့အရာ‌လေးကို ကျ‌နော် ပစ်မှတ်ထားပါတယ်။ အဲဒီအတွက်‌ကြောင့်မို့လို ဒီအရာက တစ်‌နေ့‌နေ့ တစ်ချိန်ချိန်မှာ‌ပေါ့‌နော်။ ကျ‌နော်ဆိုလိုတာက ကျ‌နော်မရှိ‌တော့ရင်လည်း တစ်‌နေ့ တစ်ချိန်မှာ ဒီသမိုင်း‌လေးတစ်ခု ကျန်ခဲ့မယ်။ ဒီလုပ်ရပ်ဟာ လူ‌တွေအ‌နေနဲ့ ‌နောင်လာ‌နောင်သားအ‌နေနဲ့လည်း ‌ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ဆက်လက်ယူသွားနိုင်မယ်ဆိုတဲ့ အရာ‌လေး ဖြစ်လာဖို့အတွက် ကျ‌နော်ရည်မှန်းတယ်။ အဲဒီ‌တော့ ကျ‌နော် ဟာ လွတ်လပ်စွာ လုပ်‌နေတဲ့အတွက် ဘာအလုပ်‌တွေလဲ ‌ပြောရမယ်ဆိုရင် ခုနက‌ပြောတဲ့ ဒီအ‌ရေးအရာထဲမှာပဲ ကျ‌နော် ရှိ‌နေ ပါတယ်။ အလုပ်လို့လည်း ‌ပြောလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ့်ဟာကိုယ် လွတ်လပ်စွာ လုပ်ချင်လို့လုပ်‌နေတဲ့ အရာတစ် ခုလို့လည်း ‌ပြောလို့ရပါတယ်။

‌မေး ။ ။ အခုလက်ရှိ အနုပညာလှုပ်ရှားမှုအပြင် အခြားဘယ်လိုလှုပ်ရှားမှု‌တွေ ‌ဆောင်ရွက်‌နေတာ ရှိပါ‌သေးသလဲ။
‌ဖြေ ။ ။ ဒီ‌မေးခွန်းက‌တော့ ကျ‌နော် ခဏခဏ‌မေးခံရတဲ့ ‌မေးခွန်းပါ။ ကျ‌နော်က ခုနက‌ပြောသလို‌ပေါ့။ ကျ‌နော်လုပ်‌နေတဲ့ဟာ က ငြိမ်းချမ်း‌ရေးနဲ့ သီချင်းဆိုုတာ ‌တော်‌တော်များက သီချင်းပဲဆို‌နေတာလား။ ငြိမ်းချမ်း‌ရေးပဲ လုပ်‌နေတာလား တစ်ခြားစီးပွား ‌ရေး‌တွေလုပ်လား။ အမြဲတမ်း အ‌မေးခံရပါတယ်။ ကျ‌နော့်မှာ ဘာတစ်ခြားစီးပွား‌ရေးမှ လုပ်တာတစ်ခုမှ မရှိပါဘူး။ ကျ‌နော် ဘယ် လိုရပ်တည်‌နေလဲလို့ တချို့က ထဲထဲဝင်ဝင် ‌မေးတတ်တာ‌တွေလည်း ရှိပါတယ်။ အဲဒီအခါကျရင်လည်း ကျ‌နော် ပွင့်ပွင့်လင်းလင်း ပဲ ‌ဖြေပါတယ်။ ကျ‌နော်က ‌ပြောရမယ်ဆိုရင် ခရစ်ယာန်ဘာသာဝင်တစ်‌ယောက်ဖြစ်တယ်။ ကျ‌နော် ယုံကြည်တဲ့၊ ကိုးကွယ်တဲ့ ဘုရားရှိတယ်။ ကျ‌နော့်ကို သူ‌ကျွေးထားတယ်လို့ပဲ ပြန်‌ဖြေတတ်ပါတယ်။ ကျန်တာက ကျ‌နော်ခုနက‌ပြောတဲ့ ‌ကောင်းတယ်ထင် လို့ လူသား‌တွေအတွက် လိုအပ်တဲ့ ဒီငြိမ်းချမ်း‌ရေးအလုပ်တစ်ခုကို ကျ‌နော် လွတ်လပ်စွာပဲ လုပ်‌နေပါတယ်။ တစ်ခြားဘာတစ်ခုမှ မလုပ်ပါဘူး။
Singer Saw Poe Kwar
‌မေး ။ ။ လက်ပံတန်း‌ကျောင်းသားသပိတ်မှာ သွား‌ရောက်ပြီး‌တော့ သီချင်းခဲ့တဲ့ အ‌ခြေအ‌နေ‌လေး ‌ပြောပြ‌ပေးပါလား။
‌ဖြေ ။ ။ ကျ‌နော်တို့ သွားဆိုဖြစ်ပုံက‌တော့ ‌ကျောင်းသားအဖွဲ့‌တွေနဲ့ ကျ‌နော်တို့ သူငယ်ချင်း‌တွေ‌ပေါ့‌နော်။ သူတို့ ဆက်သွယ်ပြီး ‌တော့မှ ‌ကျောင်းသား‌တွေဟာ နည်းနည်း‌လေးလည်း ပန်း‌နေပြီး သူတို့ရဲ့ စိတ်အင်အား‌ဖျော်‌ဖြေ‌ရေးပါ။ တကယ်‌တော့ ကျ‌နော့် ဘက်က‌တော့ ‌ဖျော်‌ဖြေ‌ရေးသက်သက်လည်း ပါတယ်။ ‌နောက်တစ်ခုက အားဖြည့်‌ပေးတဲ့ မက်‌ဆေ့ချ်‌လေး‌တွေလည်း ‌ပေးချင် တယ်။ ‌ကောင်းတယ်ဆိုပြီး‌တော့ ကျ‌နော်တို့ လက်ခံပြီး‌တော့ ကျ‌နော်တို့အဖွဲ့ ဝမ်းလပ်‌ပေါ့‌နော်။ ကျ‌နော်တို့ အဖွဲ့သွားတယ်။ အနု ပညာသမား‌တွေ တချို့ကိုလည်း ကျ‌နော်‌ခေါ်သွားတယ်။ ပြီး‌တော့မှ ခရစ်ယာန်မျက်မမြင်‌ကျောင်းက အနုပညာတစ်ဖွဲ့လည်း ပါ တယ်။ လူရွှင်‌တော် ပန်းသီးတို့လည်း ပါတယ်။ ကျ‌နော်တို့ သွား‌ဖျော်‌ဖြေကြတယ်။ ကျ‌နော်တို့ သွား‌ဖျော်‌ဖြေတဲ့ရက်က မတ်လ ၉ရက်‌နေ့‌ပေါ့။ အဲဒီ‌နေ့မှာ သူတို့‌ကျောင်းသား‌တွေဘက်‌နေပြီး‌တော့ ၉ရက်‌နေ့ ၃နာရီမှာ သမ္မတဆီက‌နေပြီး‌တော့ ပြန်ကြားတဲ့ ပြန်လာမယ့် ညှိနှိုင်း‌ဆွေး‌နွေးမှုက‌နေပြီး‌တော့ တစ်ခုခုပြန်လာမယ်လို့ ကတိရထားတယ်။ ဒါ‌ပေမယ့် ၃နာရီထိုးတဲ့အချိန်ထိ ဘာမှ ပြန်မလာတဲ့အတွက်‌ကြောင့်မို့ ‌ကျောင်းသား‌တွေဘက်က‌နေပြီး‌တော့ ‌ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်တယ်။ ၁ဝရက်‌နေ့ ၁ဝနာရီ‌ပေါ့‌နော်။ အဲဒီမှာ ဘာမှ မထူးခြားလာဘူး။ ‌ပြောင်းလဲမှုလည်း မရှိလာဘူး။ ‌ပြောထားတဲ့ကတိအတိုင်းလည်း ဘာအ‌ဖြေမှ မ‌ပေးလာဘူးဆိုရင်‌တော့ သူတို့‌တော့ ‌ဖောက်ထွင်းမယ်။ ရန်ကုန်အထိ ဆက်ချီတက်မယ် ငြိမ်းချမ်းစွာ‌ပေါ့‌နော်။ အဲလိုမျိုး‌တော့ ‌ကြေငြာချက်ထုတ်ပြန်လိုက်တယ်။ ‌ကြေငြာချက် ထုတ်ပြန်အပြီးမှာပဲ ကျ‌နော်တို့က ‌ဖျော်‌ဖြေပွဲ‌လေး စလိုက်တယ်။

‌မေး ။ ။ ဒီလက်ပံတန်း‌ကျောင်းသားသပိတ်မှာ သွား‌ရောက်ပြီး‌ဖျော်‌ဖြေတာ ခံစားချက်‌တွေ ‌ကျေနပ်မှုရှိရဲ့လား။
‌ဖြေ ။ ။ ကျ‌နော်တို့က နည်းနည်း စတင် တင်းမာလာမယ့်အချိန်‌လေးမှာ ‌ဖျော်‌ဖြေလိုက်တဲ့အခါကျ‌တော့ ကျ‌နော် ‌ကျေနပ်တာ ပါ။ အဓိက ကျ‌နော်တို့ဟာ စနစ်တစ်ခုကို စနစ်အ‌ဟောင်းကို မကြိုက်လို့ ‌ကောင်းမွန်တဲ့စနစ်တစ်ခုကို အတူတူ သွားကြရမှာဖြစ် တဲ့အတွက် ကျ‌နော်တို့ဟာ အကြမ်းဖက်တဲ့နည်း လုံးဝ မပါ‌စေဘူး။ တစ်ဖက်နဲ့တစ်ဖက်ကို ညှိနှိုင်းတိုင်ပင်‌ဆွေး‌နွေး‌ရေး ဒါဟာ ပညာ‌ရေးစနစ် ဖြစ်တဲ့အတွက် ပညာရှိနည်းနဲ့ပဲ ကျ‌နော်တို့ ‌ဖြေရှင်းနိုင်ဖို့အတွက်ကို အဓိက ဦးစား‌ပေးပြီး ကျ‌နော် ‌ပြောဆိုခဲ့ တယ်။ မက်‌ဆေ့ချ် ‌ပေးခဲ့တယ်။ အဓိက ကျ‌နော်တို့ နှလုံးရည်ဖြစ်တဲ့ ချစ်ခြင်း‌မေတ္တာနဲ့‌ပေါ့‌နော်။ သီးခံခြင်း ခွင့်လွှတ်ခြင်း‌တွေနဲ့ ကျ‌နော်တို့ အတူတူ ပုံ‌ဖော်ကြမယ်ဆိုပြီး‌တော့ နှစ်ဖက်စလုံးအတွက် ကျ‌နော် ‌ပြောပါတယ်။
‌ကျောင်းသားအဖွဲ့ကိုလည်း ကျ‌နော် ‌မြှောက်‌ပေး‌နေခြင်းမဟုတ်ဘူး။ ကျ‌နော်တို့သည် မှန်ကန်တဲ့အရာတစ်ခုကို သွားတဲ့အတွက် ‌ကြောင့်မို့ ‌ရေရှည်တိုက်ပွဲတစ်ခုလည်း ဖြစ်မယ်။ ပြီး‌တော့ ကျ‌နော်တို့ နှလုံးသားလည်း ခိုင်မာဖို့လိုတယ်။ သည်းခံစိတ်‌တွေ အများ ကြီး‌မွေးဖို့ လိုတယ်။ အဓိက‌တော့ ချစ်တတ်ဖို့လိုတယ်ဆိုပြီး‌တော့ ကျ‌နော်‌တောင်မှ သူတို့ကို ဒီက ညီအစ်ကို‌တွေလည်း လုံခြုံ ‌ရေး တာဝန်ခံ‌တွေကို ချစ်ပါတယ်ဗျာဆိုတာကို ‌ပြော‌ပေးပါဆိုပြီး‌တော့ အသံညီညာ‌အော်‌ပေးပါဆိုပြီး တိုင်‌ပေး၊ ‌အော်ခဲ့‌ပေး‌သေး တယ်။ သူတို့လည်း သ‌ဘော‌ပေါက်မှာပါ။
ဒါ‌ပေမယ့် အ‌ခြေအ‌နေက နည်းနည်းတင်းမာလာမယ်ဆိုတာကို ကျ‌နော်သိတဲ့အတွက် ကျ‌နော်နဲ့ပတ်သက်ပြီး‌တော့ ငြိမ်းချမ်း‌ရေး မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်း၊ အာဏာပိုင်အဖွဲ့အစည်း‌တွေဆီက‌နေ ခွင့်ပြုချက်ယူပြီး‌တော့ တကယ်လို့များ တစ်ခုခု ဖြစ်လာ ခဲ့ရင်၊ တင်းမာမှု‌တွေ ပိုဆိုးလာရင် ကျ‌နော်တို့ဟာ ကြားဝင်ပြီး‌တော့ ငြိမ်းချမ်း‌ရေးအဖွဲ့အသွင်နဲ့ ဝင်‌ပေးမယ်‌ပေါ့‌နော်။ ပြီး‌တော့ ‌ကျောင်းသား‌တွေကို ‌ဖျောင်းဖျမယ် အဲဒါမျိုး လုပ်ချင်တယ်။ အဲလိုလုပ်ဖို့ ကျ‌နော်တို့ဟာ တရားဝင် ခွင့်ပြုချက်လို‌တော့ Organize လုပ်ပြီး ကျ‌နော်ပြန်လာတယ်။ နိုင်ငံ‌တော်ရဲ့ ငြိမ်းချမ်း‌ရေးမှာ ပါဝင်လုပ်‌ဆောင်ပူး‌ပေါင်းတဲ့အခါမှာ သူတို့‌တွေက “‌စောဖိုးခွား မင်း ‌ပြောပါ။ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်လာရင် ဘယ်အချိန် ဘယ်‌နေရာ ဘယ်‌ဒေသဖြစ်ဖြစ်‌ပေါ့‌နော်။ လိုအပ်တဲ့ဟာကို လုပ်‌ဆောင်ရ ‌စေရမယ်။ နှုတ်ကတိ‌တွေရှိခဲ့တဲ့ လူကြီး‌တွေကို ကျ‌နော်ဆက်သွယ်တယ်။ သူတို့ ဖုန်း‌တွေမကိုင်ပါဘူး။ အဲဒီ‌တော့ ကျ‌နော်တို့ လက်ပံတန်းပြန်သွားပြီး‌တော့ ကျ‌နော်တို့ ငြိမ်းချမ်း‌ရေးအဖွဲ့‌တွေဟာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကျ‌နော်တို့ တန်းစီပြီး‌တော့ ကြား ဝင်ခံမလား‌ပေါ့။ ကျ‌နော်အနုပညာ သူငယ်ချင်းအချို့နဲ့ တိုင်ပင်ပြီး‌တော့ ပွင့်ပွင့်လင်းလင်း‌ပြောရရင် ကျ‌နော်တို့သွားဖို့အတွက် အင်အားမရှိခဲ့လိုက်ဘူး။ ဟိုဘက်အ‌နေအထားကို ကြည့်ပြီး‌တော့ တစ်ခုခုကို ကျ‌နော်ရပ်တားနိုင်တယ်။ ငြိမ်းချမ်း‌ရေးမက်‌ဆေ့ချ် ကို ကျ‌နော် ‌ပေးနိုင်တယ်လို့ ထင်ခဲ့မိတယ်။ ‌နောက်တ‌နေ့မှာ စိုးရိမ်မှုအတိုင်းပဲ ဖြစ်လာခဲ့တယ်။

‌မေး ။ ။ အခုလိုမျိုး ကိုဖိုးခွား စိုးရိမ်မှုအတိုင်းပဲ အစိုးရက ‌ကျောင်းသား‌တွေကို ဖြိုခွဲမှုလုပ်တဲ့အ‌ပေါ်မှာ ဘာ‌ပြောချင်လဲ‌ပေါ့။
‌ဖြေ ။ ။ မှားယွင်းတဲ့လုပ်ရပ်က သမိုင်းနဲ့ ချီပြီး‌တော့ ရှိခဲ့တယ်။ ‌ကျောင်းသားနဲ့ အစိုးရဆိုတဲ့ဟာက ဟိုးအဂင်္လိပ်အစိုးရလက် ထက်မှာကတည်းက ရှိခဲ့တာပါ။ ဒါ‌ပေမယ့် အဂင်္လိပ်အစိုးရလက်ထက်မှာ ဘယ်လိုကိုင်တွယ်‌ဖြေရှင်းလဲ။ ဒီကျ‌နော်တို့ ‌တော်လှန် ‌ရေး‌ကောင်စီမှာ ဘယ်လို‌ဖြေရှင်းလဲ။ ဟိုး‌ကျောင်းသားသမဂ္ဂ‌တွေကို ဗုံးခွဲတာအစ‌ပေါ့‌နော်။ ဒီလိုပဲ သံသရာလည်‌နေတာပဲ။ တကယ်‌တော့ ကျ‌နော်တို့က ဒီဟာကို သင်ခန်းစာအဖြစ် နှစ်ဖက်စလုံးက ယူမယ်ဆိုရင် ဒီ‌နေ့ဒီအချိန်မှာ ထပ်ဖြစ်လာစရာ အ‌ကြောင်းမရှိ‌တော့ဘူးလို့ ကျ‌နော်ထင်တယ်။ ဒါ‌ပေမယ့် အဓိက တာဝန်အရှိဆုံးလူက‌တော့ ကျ‌နော်တို့နိုင်ငံကို လက်ရှိအချိန်မှာ တာဝန်ယူထားတဲ့လူ‌တွေလို့ ထင်ပါတယ်။ ဒီအကြမ်းဖက်နည်းကို ဘယ်သူမှ မကြိုက်ဘူး။ ဘယ်သူမှလည်း မလိုလားပါဘူး။ ဘယ်သူမှန်တယ်မှားတယ် ဘယ်လိုဖြစ်လို့ လုပ်ရတာပါ။ တာဝန်အရဆိုတဲ့ဟာ‌တွေက ‌ခေတ်ကုန်သွားပါပြီ။ ကျ‌နော့်တစ် ‌ယောက်အ‌နေနဲ့ လုံးဝ နာကျည်းစွာပဲ‌ပြော‌ပြော၊ ပြင်းထန်စွာပဲ‌ပြော‌ပြော၊ မှန်ကန်စွာပဲ‌ပြော‌ပြော အဲဒီအကြမ်းဖက်နည်းကို ကျ‌နော် ရှုတ်ချတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့က ငြိမ်းချမ်း‌ရေးကို ငြိမ်းချမ်းစွာနဲ့ သွားချင်တဲ့သူ‌တွေ ဖြစ်တဲ့အတွက်ပါ။

‌မေး ။ ။ ဒီကိစ္စ‌တွေနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြီး‌တော့ ‌ပြောချင်‌သေးလဲ။
‌ဖြေ ။ ။ ဒီဟာ‌တွေက ကျ‌နော်တို့လွတ်‌မြောက်ဖို့ ပြည်သူပြည်သား‌တွေအားလုံးမှာ တာဝန်ရှိတယ်လို့ ကျ‌နော်ထင်ပါတယ်။ ဒီအချိန်ကလည်း အကုန်လုံးပါဝင်သင့်ပြီးလို့ ထင်ပါတယ်။ ကျ‌နော်တို့က အ‌ကြောက်တရား‌ကြောင့် အမှန်‌တွေကို မ‌ပြောရဲဘူး။ အမှန်‌တွေကို မလုပ်‌ပေးရဲဘူး ဆိုတဲ့အ‌ခြေအ‌နေဟာ ထားခဲ့ရပါ‌တော့မယ်။ ဒီအချိန်မှာ ကျ‌နော်တို့ရဲ့ မျိုးဆက်သစ်အတွက် ‌ကြောင့်ပဲဖြစ်ဖြစ် ကျ‌နော်တို့ရဲ့ နိုင်ငံရဲ့ ‌ရှေ့ဆက်အနာဂတ်အတွက်ပဲဖြစ်ဖြစ် ကျ‌နော်တို့ဟာ သတ္တိရှိတဲ့ အချိန်‌ရောက်ပြီးဆိုတာ ကျ‌နော် ‌ပြောချင်ပါတယ်။

‌မေး ။ ။ ‌ကေအိုင်စီက‌နေတစ်ဆင့် ‌စောဖိုးခွားရဲ့ ပရိဿတ်‌တွေကို စကားလက်‌ဆောင်‌လေး ပါး‌ပေးပါအုံး။
‌ဖြေ ။ ။ ကျ‌နော်အမြဲတမ်း‌ပြောတဲ့ စကားပါပဲ။ ခနခနလည်း ‌ပြောပါတယ်။ သိပ်လည်း မရှည်ပါဘူး။ စကား‌လေးက‌တော့ “အားလုံး ချစ်ကြပါ ”

‌မေး ။ ။ ‌နောက်ဆုံးအ‌နေနဲ့ ဘာ‌တွေများ ဖြည့်စွက်‌ပြောချင်တာများ ရှိပါ‌သေးလဲ။
‌ဖြေ ။ ။ ‌ထွေ‌ထွေထူးထူးမရှိပါဘူး။ အဓိက‌တော့ ကျ‌နော်တို့ ကမာ္ဘကြီးထဲကို ‌ရောက်လာတဲ့ အခိုက်အတန့် ‌တွေ့ဆုံကြတယ်။ ကိုယ့်အယူအဆနဲ့ ကိုယ့်ဟာနဲ့ကိုယ် ရှိကြတယ်။ ဒါ‌ပေမယ့်လည်း တကယ်တမ်းကျ‌တော့ လူ့‌ဘောင်ဆိုတာက ပြန်‌တွေးလိုက်ရင် ‌တော့ ကျဉ်းကျဉ်း‌လေးပဲ။ ‌ရောက်တုန်း‌တွေ့တုန်း ခန‌လေးမှာ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေသွား‌စေချင်တယ်။ အဲဒီအတွက် နည်းလမ်းရှာစရာလည်း မလိုပါဘူး။ ကိုယ့်ရဲ့နှလုံးသားကိုပဲ ချစ်ခြင်း‌မေတ္တာ အပြည့်အဝ ဖန်တီးထားမယ်၊ ပြင်ဆင်ထားမယ်ဆို ရင် လူတိုင်းနဲ့ ဆက်ဆံရတာ အဆင်‌ပြေပြီး‌တော့ ငြိမ်းချမ်းတဲ့ကမာ္ဘတစ်ခုကို အတူတကွ တည်‌ဆောက်နိုင်ကြမယ်လို့ ကျ‌နော် ဆန္ဒပြုပါတယ်။