Home သတင်း ADB လမ်းစီမံကိန်း‌မြေတိုင်းတာမှု ‌ဒေသခံသ‌ဘောထား အ‌လေးထားရယူခြင်းမရှိဟု KHRG ‌ပြောဆို

ADB လမ်းစီမံကိန်း‌မြေတိုင်းတာမှု ‌ဒေသခံသ‌ဘောထား အ‌လေးထားရယူခြင်းမရှိဟု KHRG ‌ပြောဆို

1293

မတ်လ ၂၄ရက်၊ ၂၀၁၅ခုုနှစ်။ စဖန်း‌ရှောင်း

အာရှဖွံ့ဖြိုး‌ရေးဘဏ် ADB အကူအညီဖြင့် ကရင်ပြည်နယ်အတွင်း ‌ဖောက်လုပ်‌နေသည့် နိုင်ငံတကာဆက်သွယ်‌ရေး လမ်းမ စီမံ ကိန်း အိန္ဒူ – ‌ကော့ကရိတ် လမ်းပိုင်းအတွက် ‌မြေဧရိယာ တိုင်းတာရာတွင် ‌ဒေသခံများသ‌ဘောထားကို အ‌လေးထားရယူခြင်းမရှိ ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG) က ‌ထောက်ပြ ‌ပြောဆိုလိုက်သည်။

အဆိုပါ လမ်းပိုင်းအတွက် လမ်းနယ်နိမိတ် တိုင်းတာရာတွင် ‌ဒေသခံများ လက်ရှိ‌နေထိုင်လုပ်ကိုင် စား‌သောက်‌နေသည့် ‌မြေ‌နေ ရာများ ပါဝင်‌နေပြီး တိုင်တာရန်အတွက် ‌ဒေသခံများအား ကြိုတင်အသိ‌ပေး‌ဆွေး‌နွေးမှုမရှိကာ လျစ်လျူရှုထားသည့် အ‌ခြေအ‌နေ ဖြစ်‌နေ‌ကြောင်း KHRG စည်းရုံး‌ရေးနှင့် လှုံ့‌ဆော်‌ရေးတာဝန်ခံ ‌စော‌ဝေ‌လေးက မတ်လ ၂၃ရက်‌နေ့တွင် ‌ကေအိုင်စီသို့ အခုလို ‌ပြောသည်။

“လမ်းစီမံကိန်းအ‌နေနဲ့ လမ်း‌ဖောက်တာ‌တော့မလုပ်‌သေးဘူး။ ‌ဒေသခံ‌တွေ ဘာမှမသိရဘဲနဲ့ ‌ဒေသခံ‌တွေ‌မြေ‌နေရာ‌ပေါ်မှာ ဘိလပ် ‌မြေတိုင်‌တွေလာစိုက်ပြီး လမ်းနယ်လို့သတ်မှတ်ထားတယ်။ လမ်းဘယ်ချိန်‌ဖောက်မလဲ ဆိုတာလည်း သူတို့မသိရဘူး။ ‌နောက်ပြီး လမ်း‌ဖောက်လို့ ‌ဒေသခံ‌တွေရဲ့နစ်နာမှုအတွက် ဘယ်လိုစီစဉ်‌ပေးမလဲ ဆိုတာလည်း ဘာမှမသိရ‌သေးဘူး”ဟု ‌ပြောသည်။

စီမံကိန်း လမ်းတိုင်းတာ‌ရေးအဖွဲ့မှ လမ်းနယ်နိမိတ် လာ‌ရောက်တိုင်းတာ သတ်မှတ်ရာတွင် ကျုံဒိုးမြို့ အပါအဝင် မြပြည်၊ လွန်းည၊ ခနိမ်းဒိုရွာ၊ သာယာကုန်း၊ ဝဲကရင်၊ ‌ရေဖူး၊ ‌လေးတိုင်၊ တံတားကျိုး၊ လှိုင်ဝ စသည့်ရွာ‌ပေါင်း ၁၇ရွာရှိ ‌ဒေသခံများ၏ လယ်ကွင်း များ၊ ခြံများ၊ ‌ဈေးဆိုင်နှင့် ‌မြေ‌နေရာများ ပါဝင်သည်ဟု KHRG က မတ်လ ၂၂ရက်‌နေ့က ထုတ်ပြန်ထားသည်။

ထိုသို့ လမ်း‌ဖောက်လုပ်ခြင်း စီမံကိန်းကို လမ်းနယ်နိမိတ် တိုင်းတာခြင်းများ ပြုလုပ်မည်ဆိုပါက ‌ဒေသခံများကို ‌ဆွေး‌နွေး‌ပြောဆို အသိ‌ပေးသင့်သလို ‌ဒေသခံများနှစ်နာမှုအ‌ပေါ် မျှတ‌သော ‌လျော်‌ကြေး‌ငွေများ ‌ပေးသင့်သည်ဟုလည်း ‌စော‌ဝေ‌လေးက ဆက် ‌ပြောသည်။

အဆိုပါလမ်း‌ဖောက်လုပ်ရန် မြန်မာအစိုးရက ၂၀၁၃ခုနှစ်မှစတင်၍ လမ်းနယ်နိမိတ် တိုင်းထွာမှုများ ပြုလုပ်‌နေပြီး အာရှဖွံ့ဖြိုး‌ရေး ဘဏ် ADB နှင့် မြန်မာအစိုးရတို့ သ‌ဘောတူညီချက်အရ လမ်း‌ဘေးတစ်ဖက်စီကို ၇မီတာ၊ ‌ပေအားဖြင့် ၂၂‌ပေအကျယ်ခန့်သာ ချဲ့ထွင်ရန် သ‌ဘောတူထား‌သော်လည်း လက်ရှိ တိုင်းတာရာတွင် လမ်းအကျယ် ‌ပေ ၂၃ဝအထိရှိ‌ကြောင်း သိရသည်။

‌ကော့ကရိတ်မြို့နယ်အ‌ခြေစိုက် လူမှုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ယက်မှ ဥက္ကဋ္ဌ မန်းသိန်း‌ဇော်က “ အခုလမ်းနယ်သတ်မှတ်တာက မူလ ADB သတ်မှတ်ထားတာထက် အစိုးရ တကယ်လာတိုင်းတဲ့အခါကျ‌တော့ လမ်းနယ်က ပိုကျယ်သွားတယ်။ တစ်ချို့‌ဒေသခံ ‌တွေရဲ့ လယ်ကွင်း‌တွေ၊ အိမ်‌တွေ၊ ဆိုင်‌တွေ လမ်းနယ်သတ်မှတ်လိုက်တဲ့အထဲ ပါသွားတယ်။ အဲ့ဒီအတွက် ‌လျော်‌ကြေးမရမှာ လည်း သူတို့စိုးရိမ်‌နေကြတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ ‌မေလအတွင်းက ကရင်ပြည်နယ်သို့ ADB မှ သု‌တေသနအရာရှိတစ်ဦး လာ‌ရောက်ကာ လူမှုအဖွဲ့အစည်း အချို့နှင့် ‌တွေ့ဆုံစဉ် ADB အကူအညီဖြင့် လုပ်‌ဆောင်‌နေသည့် စီမံကိန်းများကို ‌ဒေသခံများ မ‌ကျေနပ်မှု၊ လူအခွင့်အ‌ရေး ချိုး ‌ဖောက်ခံရမှုများရှိပါက ADB ထံ အီး‌မေးလ်ဖြင့်ဖြစ်‌စေ၊ စာ‌ရေးသား၍ဖြစ်‌စေ တိုင်းကြာနိုင်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု ဖားအံမြို့ အ‌ခြေစိုက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
ADB အကူအညီဖြင့် ‌ဖောက်လုပ်မည် နိုင်ငံတကာ ဆက်သွယ်‌ရေး လမ်းမကြီး အိန္ဒူ- ‌ကော့ကရိတ် လမ်းအပိုင်းသည် အရှည် ၇ဝ ကီလိုမီတာ၊ ၄၃မိုင်ခန့်ရှိပြီး လမ်းနယ်နိမိတ် တိုင်တာသတ်မှတ်ရာတွင် မူလ သ‌ဘောတူထားသည့် လမ်းအကျယ်ထက် ပိုမို ကာ အကျယ် ၂၃၀‌ပေရှိ‌ကြောင်း သိရသည်။