Home သတင်း ငြိမ်းချမ်းသာယာစံပြ‌ကျေးရွာအတွက် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ ‌မြေ‌နေရာအကွက်ချ‌ရောင်းမည်

ငြိမ်းချမ်းသာယာစံပြ‌ကျေးရွာအတွက် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ ‌မြေ‌နေရာအကွက်ချ‌ရောင်းမည်

1457

မတ်လ ၁ဝရက်၊၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့‌မြောက်ပိုင်း ၉တိုင်တွင် ဗိုလ်ချုပ်ကြီး‌စောထင်‌မောင်(‌ဌေး‌မောင်)၏ ငြိမ်းချမ်းသာယာစံပြ‌ကျေးရွာ ကို တည်‌ဆောက်သွားရန်အတွက် ယခုနှစ် မတ်လအတွင်း KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ(PC) မှ ဦး‌ဆောင်ကာ ‌မြေ‌နေရာ များ အကွက်ချ ‌ရောင်းချ‌တော့မည်ဖြစ်‌ကြောင်း ‌ကေအိုင်စီက ဆက်သွယ်သိရှိရသည်။

အဆိုပါ စံပြ‌ကျေးရွာတည်‌ဆောက်မည့်‌နေရာမှာ ယခင်‌မြေလွတ်‌မြေရိုင်းဖြစ်သည့်အတွက် လူမျိုးခြားခရိုနီများ လက်ထဲသို့ မ‌ရောက်ရှိ‌စေရန်၊ KNU/KNLA-PC ၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး‌စောထင်‌မောင်နှင့် အစိုးရတို့အကြား ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌နေချိန်တွင် သမိုင်းတစ်ခုချန်ထားချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုလို စံပြ‌ကျေးရွာတည်‌ထောင်သွားရန် စီစဉ်ခဲ့ခြင်းဖြစ် သည်ဟု KNU/KNLA PC ‌ကော့ကရိတ်ဆက်ဆံ‌ရေး ရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌ကျော်ဝင်းက ‌ပြောသည်။

“ဒီရွာက ‌ဒေသခံပြည်သူ‌တွေအတွက် ဒါ‌ပေမဲ့ တချို့က ‌ဝေဖန်တဲ့လူရှိတယ်။ ဘာဖြစ်လဲဆို‌တော့ ‌မြေ‌နေရာ‌တွေ လူထုဆီကို ‌ရောင်းတဲ့အကန့်ရှိလို့။ ကျ‌နော်တို့‌ရောင်းတာက ရွာတည်တဲ့‌နေရာမှာ ငှားရမ်းတာ‌တွေ အကုန်ကျ အများကြီးရှိတယ်။ ကျ‌နော်တို့ လည်း ပိုက်ဆံမရှိပါဘူး။ အဲဒါ‌ကြောင့် ‌ရောင်းတာက‌နေရာအလိုက် ‌ဈေးနှုန်းကွာပါတယ်။ လမ်းမကြီးနားက‌မြေ‌နေရာ‌တွေက အထဲက ‌မြေ‌နေရာထက် ‌ဈေးပိုကြီးတာ‌ပေါ့။ လူတန်းစားအားလုံး ဝယ်နိုင်‌အောင် လုပ်‌ပေးမှာပါ”ဟု ဗိုလ်မှူး‌စော‌ကျော်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မြေဧက‌ပေါင်း ၁၄၆ဧက ရှိသည့် ၎င်းစံပြ‌ကျေးရွာတွင် ‌ပေ ၅ဝပတ်လည်ရှိ ‌မြေ‌နေရာတစ်ကွက်လျှင် ကျပ်သိန်း ၃ဝမှ သိန်း ၄ဝအ ထိ ‌ရောင်းချ‌ပေးသွားမည်ဖြစ်ပြီး လမ်းမတန်းနံ‌ဘေး မျက်နှာစာ‌နေရာတွင်မူ ‌ပေ ၅၀၊ ၆ဝပတ်လည် ‌မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၀ဝ ဝန်းကျင်အထိ ‌ရောင်းချသွားမည်ဖြစ်‌ကြောင်း KNU/KNLA-PC က ဆိုသည်။

၎င်း‌ဒေသရှိ ကြာအင်းရွာသားတစ်ဦးဖြစ်သူ ဦးသိန်းတန်က “အဲဒီ‌နေရာက ငြိမ်းချမ်း‌ရေးက‌နေ ရွာလာတည်မယ်‌တော့ ကြား တယ်။ ပြီး‌တော့ ဆိုင်းဘုတ်ကြီး‌တွေ ‌တောရှင်းထားတာ‌တွေ‌တော့ ‌တွေ့တယ်။ ‌မြေကွက်‌တွေကို ဘယ်‌တော့ စ‌ရောင်းမလဲ။ ဘယ် လိုပုံစံနဲ့ လုပ်‌ပေးမလဲ‌တော့ မသိပါဘူး။ ရွာဖြစ်ရင် ‌ကောင်းမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ‌တောရှင်းပြီး ‌မြေ‌နေရာအကွက်ချခြင်း၊ ရွာအတွင်း လမ်းကွက်‌ဖော်ခြင်း၊ ‌ရေနှုတ်‌မြောင်း၊ စာသင်‌ကျောင်း‌နေ ရာ၊ ကျန်းမာ‌ရေးနှင့် ဘာသာ‌ရေးအ‌ဆောက်အဦ‌နေရာများကို အကွက်ချ လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။