Home သတင်း မြန်မာအစိုးရစစ်တပ်နှင့် ‌ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့ဝင်အကြား တင်းမာမှုဖြစ်ပွား

မြန်မာအစိုးရစစ်တပ်နှင့် ‌ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့ဝင်အကြား တင်းမာမှုဖြစ်ပွား

1759

မတ်လ ၅ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ‌မေတ္တာမြို့နယ်ခွဲရှိ ထီးမိုပွာ‌ဒေသတွင် မြန်မာအစိုးရစစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (‌ကေအဲန်ယူ)တပ်ဖွဲ့ဝင်အကြား မတ်လ ၃ရက်‌နေ့၊ မွန်းလွဲပိုင်းက အ‌ချေအတင် စကားများကြရာမှ တင်းမာမှု အနည်းငယ် ဖြစ်ပွားခဲ့ သည်ဟု သိရှိရသည်။

စစ်ဆင်‌ရေးကွပ်ကဲမှုဋ္ဌာနချုပ်(စကခ-၁၉) လက်‌အောက်ခံ ဗျူဟာမှူး ဗိုလ်မှူးကြီး‌ကျော်ဆန်း ဦးစီးသည့် နည်းဗျူဟာ(၁)မှ တတိ ယတန်း စစ်ဦးစီးမှူးတစ်ဦးနှင့် အဖွဲ့ဝင် ၅ဦးသည် တနသင်္ာရီ‌ချောင်း၊ ‌လောထရဲကွီး‌ရွှေတူး‌ဖော်သည့်‌နေရာတွင် ‌ကေအဲန်ယူ တပ်မ ဟာ(၄) ‌ထောက်လှမ်း‌ရေးတပ်စုမှ တပ်ကြပ် ‌စောဒါးဘူ‌အေးအဖွဲ့အကြား တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ထီးမို ပွာအထူး‌ဒေသ ဥက္ကဋ္ဌ ဒု-ဗိုလ်မှူးကြီး‌စောကြီးနိုက ‌ပြောသည်။

၎င်းက “ဗျူဟာမှူး‌ကျော်ဆန်းရဲ့ ညွှန်ကြားမှုအရ G-3 က ‌သေနတ် ၂လက်နဲ့အတူ သူ့လူ ၅‌ယောက်နဲ့ ‌ရောက်လာပြီး‌တော့ ‌ရွှေ ကျင်တဲ့ ရွာသားရဲ့စက်ပစ္စည်း‌တွေကို ‌သေနတ်နဲ့ အကုန်ပစ် နစ်မြှုပ်လိုက်လို့ အမိန့်‌ပေးတယ်။ စက်ကိုပဲ ပစ်ပါ။ လူကို‌တော့ မပစ် နဲ့ပါလို့ ကျ‌နော်တို့လူဘက်က ပြန်‌ပြော‌တော့ အနည်းငယ် စကားများကြပြီး ‌သေနတ်‌တွေ ‌မောင်းတင်တဲ့အထိ ဖြစ်သွားခဲ့တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစိုးရစစ်တပ်အဖွဲ့က လတ်တ‌လော ‌ရွှေတူး‌ဖော်မှုသည် တရားမဝင်‌ကြောင်း၊ ‌ရွှေတူး‌ဖော်သူများကို ‌ထောင်ချပစ်မည်ဟု ‌ပြောဆိုကာ အခင်းဖြစ်ပွားရာ‌နေရာမှ ထွက်ခွာသွားပြီး ယခုကိစ္စကို ဘိတ်-ထားဝယ်ခရိုင်ရုံးသို့ အသိ‌ပေးအ‌ကြောင်းကြားထား သည်ဟု ဒု-ဗိုလ်မှူးကြီး‌စောကြီးနိုက ဆက်‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “ဒီကိစ္စ‌တွေက အမြဲတမ်းဖြစ်‌နေတာပဲ။ ‌ကေအဲန်ယူက ပိတ်ရင် အစိုးရစစ်တပ်ဘက်က ဖွင့်တယ်။ အစိုးရစစ်တပ်က ပိတ်ရင် ‌ကေအဲန်ယူက ဖွင့်တယ်။ ဖြစ်စဉ်က ‌ကေအဲန်ယူကို ‌ပေးတဲ့နှုန်းအ တိုင်း အစိုးရစစ်တပ်ကိုလည်း ‌ပေးရမယ်လို့ လာ‌ပြောတဲ့သ‌ဘောပဲ။ ကျ‌နော်သိရသ‌လောက် ဒီလိုဖြစ်တာ သုံးခါရှိပြီ။ အဲဒီမှာ‌နေ တဲ့ ရွာသား‌တွေပဲ ထိခိုက်တယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၄) ထိန်းချုပ်ရာနယ်‌မြေရှိ တနသင်္ာရီ‌ချောင်း၊ ‌လောထရဲကွီး‌ရွှေတူး‌ဖော်ရာ‌နေရာတွင် ထီးမိုပွာ‌ဒေသရှိ အနယ်နယ် အရပ်ရပ်မှ ‌ရွှေလာ‌ရောက်တူး‌ဖော်သူ ၁၀၀‌ကျော်ရှိပြီး ၂၀၁၄ခုနှစ်ကုန်ပိုင်း၌ ‌ရွှေတူး‌ဖော်မှုကို ပိတ်ပင်ထားရာမှ ၂၀၁၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းတွင် ပြန်လည် စတင် တူး‌ဖော်ခွင့်ပြု ‌ပေးခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ (၄)ဘက် က ‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ‌မေတ္တာမြို့နယ်ခွဲရှိ တနသင်္ာရီ၊ ကမုန်း‌သွေးနှင့် ‌ဖောင်း‌တော စသည့်မြစ်‌ချောင်းများထဲတွင် လွန်ခဲ့သည့် ၃နှစ်ခန့်မှစ၍ ယခုအချိန်ထိ ‌ရွှေတူး‌ဖော်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်‌ဆောင်လျှက်ရှိသည်။